တရုတ္ႏိုင္ငံသားႏွစ္ဦးထံမွ ဖမ္းဆီးရမိသည့္ လိပ္မ်ားကို လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ႔( WCS /TSA )သို႔ လႊဲေျပာင္း

တရုတ္ႏိုင္ငံသားႏွစ္ဦးထံမွ ဖမ္းဆီးရမိသည့္ လိပ္မ်ားကို လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ႔( WCS /TSA )သို႔ လႊဲေျပာင္း
နိုဝင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ တရုတ္ႏိုင္ငံသားႏွစ္ဦးထံမွ ဖမ္းဆီးရမိထားသည့္ လိပ္ၾကက္တူေရြး (၈၅၃)ေကာင္ကို ေနာင္ခ်ိဳၿမိဳ႕နယ္ရိွ ဘန္႔ေဘြးလိပ္ေမြးျမဴေရးစခန္းသို ့ ပို ့ေဆာင္ေပးႏိုင္ရန္ အတြက္ လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ႕သို ့ ႏို၀င္ဘာလ(၅)ရက္ နံနက္က လႊဲေျပာင္းေပးအပ္လိုက္သည္။

၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၂)ရက္ေန႔က ဖမ္းဆီးရရိွထားေသာ လိပ္(၈၅၃)ေကာင္တြင္ (၇၁)ေကာင္ေသဆုံးသြားခဲ့ၿပီး၊ အသက္ရွင္က်န္ရိွသည့္ လိပ္(၇၈၂)ေကာင္ကို ခရီးပန္းမႈဒဏ္ကို ခံႏိုင္ေစရန္ အတြက္ အားေဆးမ်ား ထိုးေပးကာ တာခ်ီလိတ္ၿမိဳ ႔မွ လားရိႈးၿမိဳ႕သို ့ ေလေၾကာင္းျဖင့္ သယ္ေဆာင္ကာ ေနာင္ခ်ိဳၿမိဳ႕နယ္ရိွ ဘန္႔ေဘြးလိပ္ထိန္းသိမ္းေရးစခန္းသို ့ ပို ့ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လိပ္မ်ားအား လႊဲေျပာင္းေပးရာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ လာေရာက္ၾကည့္ရႈၿပီး၊ တာခ်ီလိတ္ခရိုင္သစ္ေတာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမ်ဳိးလြင္ ႏွင့္ ၿမိဳ႕နယ္သစ္ေတာ ဦးစီးဌာန မွ ဦးစီးအရာရွိ ဦးသန္႔စင္ေက်ာ္ အပါအ၀င္ ၀မ္းေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္း ႏွင့္ တာ၀န္ရွိသူမ်ားမွ  လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ ့( WCS /TSA )သို႔ စနစ္တက် လႊဲေျပာင္းေပးခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားနှစ်ဦးထံမှ ဖမ်းဆီးရမိထားသည့် လိပ်ကြက်တူရွေး (၈၅၃)ကောင်ကို နောင်ချိုမြို့နယ်ရှိ ဘန့်ဘွေးလိပ်မွေးမြူရေးစခန်းသို့ ပို့ဆောင်ပေးနိုင်ရန် အတွက် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့သို့ နိုဝင်ဘာလ(၅)ရက် နံနက်က လွှဲပြောင်းပေးအပ်လိုက်သည်။

၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့က ဖမ်းဆီးရရှိထားသော လိပ်(၈၅၃)ကောင်တွင် (၇၁)ကောင်သေဆုံးသွားခဲ့ပြီး၊ အသက်ရှင်ကျန်ရှိသည့် လိပ်(၇၈၂)ကောင်ကို ခရီးပန်းမှုဒဏ်ကို ခံနိုင်စေရန် အတွက် အားဆေးများ ထိုးပေးကာ တာချီလိတ်မြို့မှ လားရှိုးမြို့သို့ လေကြောင်းဖြင့် သယ်ဆောင်ကာ နောင်ချိုမြို့နယ်ရှိ ဘန့်ဘွေးလိပ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လိပ်များအား လွှဲပြောင်းပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များမှ လာရောက်ကြည့်ရှုပြီး၊ တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင် နှင့် မြို့နယ်သစ်တော ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးသန့်စင်ကျော် အပါအဝင် ဝမ်းကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများမှ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့( WCS /TSA )သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~