ေတာင္ႀကီးတန္ေဆာင္တိုင္ ပြဲေတာ္ကာလအတြင္း အမ်ိဳးသမီး ခါးပုိက္ႏိႈက္သံုးဦး ဖမ္းဆီးရမိ

ေတာင္ႀကီးတန္ေဆာင္တိုင္ ပြဲေတာ္ကာလအတြင္း အမ်ိဳးသမီး ခါးပုိက္ႏိႈက္သံုးဦး ဖမ္းဆီးရမိ
နိုဝင်ဘာ 16, 2016
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တုိင္ပြဲေတာ္ကာလအတြင္း  ပြဲအတြင္းမွ မသကၤာဖြယ္ အမ်ိဳးသမီးသံုးဦးကို စစ္ေဆးရွာေဖြရာမွ ၎တို႔ ခါးပိုက္ႏိႈက္လာသည့္ ပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိလိုက္ေၾကာင္း ပြဲေတာ္လုံျခဳံေရးေကာ္မတီ ရဲတပ္ဖြဲ႔မွ သိရသည္။

အထူးမႈခင္းႏွိမ္ႏွင္းေရးအဖြဲ႔သည္ ႏုိ၀င္ဘာလ(၁၃)ေန႔ရက္က ပြဲအတြင္း လွည့္ကင္း တာ၀န္ ေဆာင္ရြက္ေနစဥ္ မီးပုံးပ်ံကြင္းေျမာက္ဘက္ စားေသာက္ဆုိင္တန္းမ်ားအနီးမွ မသကၤာဖြယ္ အမ်ဳိးသမီးသုံးဦးအား ေတြ႔ရွိသျဖင့္ စစ္ေဆးရွာေဖြရာ အိတ္အတြင္းမွ က်ပ္ေငြစုစုေပါင္း (၃၀၅,၀၀၀)၊ လက္ကုိင္ဖုန္း ႏွစ္လုံးႏွင့္ ထက္ပုိင္းက်ဳိးေနသည့္ ဘလိတ္ဓားတစ္ေခ်ာင္းတုိ႔အား ရွာေဖြ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ရွာေဖြေတြ႕ရွိတဲ့ပစၥည္းေတြနဲ႔ ဆက္စပ္ၿပီးေမးၾကည့္ေတာ့ ပုိင္ဆုိင္ေၾကာင္း ခုိင္လုံတဲ့ အေထာက္အထား မျပႏုိင္ဘူး။ ဒါေၾကာင့္ ေတာင္ႀကီးၿမဳိ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္” ဟု ပြဲေကာ္မတီလုံၿခဳံေရးတပ္ဖြဲ႔မွ ရဲအုပ္ခင္ေမာင္စုိးက ေျပာသည္။

ပြဲေတာ္ကာလအတြင္း ႏုိ၀င္ဘာလ(၁၂) ရက္ နံနက္တြင္လည္း ဆုိင္တစ္ဆုိင္မွ ေငြက်ပ္(၁၀)သိန္းႏွင့္ ဖုန္း(၂)လုံး ခုိးခံခဲ့ရၿပီး လက္ရွိတြင္ အဆုိပါ တရားခံ ကုိလည္း မိထားၿပီျဖစ္ေၾကာင္း သိရသည္။

“အခုေခတ္လူငယ္ေတြက ပြဲထဲမွာဆို မူးရူးေနတာမ်ားတယ္။ လူၾကားထဲလည္း တိုးေ၀ွ႕ေနၾကတာ။ ဒါကို ဒုစရိုက္သမားေတြက အခြင့္ေကာင္းယူေနၾကတာ”ဟု ပြဲအတြင္း ဖြင့္လွစ္ထားေသာ စားေသာက္ဆိုင္ရွင္တစ္ဦးက ေျပာသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္အတြင္း လုံျခဳံေရးေဆာင္ရြက္ရန္အတြက္ ျပည္နယ္ရဲတပ္ဖြဲ႔မွ အင္အား(၁,၀၀၀)၀န္းက်င္ႏွင့္ ပြဲေတာ္အတြင္း CCTV အလုံးေရ(၆၀) တပ္ဆင္ထားကာ လွည့္ကင္းမ်ားျဖင့္ လုံျခဳံေရး ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ အဆိုပါအမ်ဳိးသမီးသံုးဦးအား ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၅၅၄/၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄အရ အေရးယူေဆာင္ရြက္ထားေၾကာင္းသိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ပွဲအတွင်းမှ မသင်္ကာဖွယ် အမျိုးသမီးသုံးဦးကို စစ်ဆေးရှာဖွေရာမှ၎င်းတို့ ခါးပိုက်နှိုက်လာသည့် ပစ္စည်းများနှင့် ဖမ်းဆီးရမိလိုက်ကြောင်း ပွဲတော်လုံခြုံရေးကော်မတီ ရဲတပ်ဖွဲ့မှ သိရသည်။

အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့သည် နိုဝင်ဘာလ(၁၃)နေ့ရက်က ပွဲအတွင်း လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် မီးပုံးပျံကွင်းမြောက်ဘက် စားသောက်ဆိုင်တန်းများအနီးမှ မသင်္ကာဖွယ် အမျိုးသမီးသုံးဦးအား တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ အိတ်အတွင်းမှ ကျပ်ငွေစုစုပေါင်း (၃၀၅,ဝဝဝ)၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ထက်ပိုင်းကျိုးနေသည့် ဘလိတ်ဓားတစ်ချောင်းတို့အား ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရှာဖွေတွေ့ရှိတဲ့ပစ္စည်းတွေနဲ့ ဆက်စပ်ပြီးမေးကြည့်တော့ ပိုင်ဆိုင်ကြောင်း ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ဘူး။ ဒါကြောင့် တောင်ကြီးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပွဲကော်မတီလုံခြုံရေးတပ်ဖွဲ့မှ ရဲအုပ်ခင်မောင်စိုးက ပြောသည်။

ပွဲတော်ကာလအတွင်း နိုဝင်ဘာလ(၁၂) ရက် နံနက်တွင်လည်း ဆိုင်တစ်ဆိုင်မှ ငွေကျပ်(၁၀)သိန်းနှင့် ဖုန်း(၂)လုံး ခိုးခံခဲ့ရပြီး လက်ရှိတွင် အဆိုပါ တရားခံ ကိုလည်း မိထားပြီဖြစ်ကြောင်း သိရသည်။

“အခုခေတ်လူငယ်တွေက ပွဲထဲမှာဆို မူးရူးနေတာများတယ်။ လူကြားထဲလည်း တိုးဝှေ့နကြေတာ။ ဒါကို ဒုစရိုက်သမားတွေက အခွင့်ကောင်းယူနကြေတာ”ဟု ပွဲအတွင်း ဖွင့်လှစ်ထားသော စားသောက်ဆိုင်ရှင်တစ်ဦးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း လုံခြုံရေးဆောင်ရွက်ရန်အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှ အင်အား(၁,ဝဝဝ)ဝန်းကျင်နှင့် ပွဲတော်အတွင်း CCTV အလုံးရေ(၆၀) တပ်ဆင်ထားကာ လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးသုံးဦးအား တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၅၅၄/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄အရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~