ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲျဖစ္ပြားမႈ လက္နက္ကိုင္တပ္ဖြဲ႔မ်ား ပူးေပါင္းတိုက္ခိုက္ေၾကာင္း သတင္းထုတ္ျပန္

ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲျဖစ္ပြားမႈ လက္နက္ကိုင္တပ္ဖြဲ႔မ်ား ပူးေပါင္းတိုက္ခိုက္ေၾကာင္း သတင္းထုတ္ျပန္
နိုဝင်ဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္(၁၀၅)မိုင္တြင္ တိုက္ပြဲျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အတုိင္ပင္ခံရံုး သတင္းထုတ္ျပန္ေရးေကာ္မတီမွ ႏို၀င္ဘာလ(၂၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ သတင္းထုတ္ျပန္လိုက္သည္ကို ျပန္လည္၍ မူရင္းအတိုင္း ေဖာ္ျပလိုက္ပါသည္။

KIA ကခ်င္အဖဲြ႔၊ TNLA တေအာင္းပေလာင္ အဖဲြ႔နွင့္ MNDAA ပူးေပါင္းအဖဲြ႔မ်ားမွ မူဆယ္ၿမိဳ႕နယ္နွင့္ကြတ္ခိုင္္ၿမိဳ႕နယ္အတြင္းရွိ တပ္စခန္းမ်ား၊ ရဲတပ္ဖြဲ႔စခန္းမ်ားနွင့္ ၁၀၅ မိုင္ ကုန္သြယ္ေရးစခန္းတို႔အား တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္သျဖင့္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ေသဆံုးဒဏ္ရာရ

=================================================
ေနျပည္ေတာ္ ႏိုဝင္ဘာ ၂၀

KIA (ကခ်င္)အဖဲြ႔၊ TNLA (တေအာင္းပေလာင္) အဖဲြ႔ နွင့္ MNDAA ပူးေပါင္းအဖဲြ႔မ်ားသည္ ႏိုဝင္ဘာ ၂၀ ရက္ ၊ နံနက္ ၂ နာရီ အခ်ိန္ခန္႔မွစ၍ မူဆယ္ၿမိဳ႕ နွင့္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ တပ္စခန္းနွင့္ ရဲတပ္ဖြဲ႔စခန္းမ်ား၊ ၁၀၅ မိုင္ ကုန္သြယ္ေရးစခန္းတို႔အား အလစ္အငိုက္ ရယူၿပီး တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း ဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ လံုၿခံဳေရး တပ္ဖြဲ႔ဝင္မ်ား အပါအဝင္ အျပစ္မဲ့ျပည္သူမ်ား ထိခိုက္ေသဆံုး ဒဏ္ရာရရွိမႈမ်ား ျဖစ္ပြားခဲ့သည္။

ႏိုဝင္ဘာ ၂၀ ရက္ ၊ နံနက္ ၂ နာရီ အခ်ိန္ခန္႔တြင္ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ဝင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနရံုးရွိ ၿမိဳ႕လံုၿခံဳေရးရဲကင္းအား အေရွ႕ေတာင္ဘက္ တစ္ဖာလံုခန္႔ အကြာ ယာခင္းဘက္မွ အဖဲြ႔အစည္း ေခါင္းေဆာင္ အင္အား စိစစ္ဆဲအဖဲြ႔မွ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ရာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔နွင့္ နယ္ေျမခံ ျပည္သူ႔စစ္တို႔မွ ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ျပီး အဆိုပါ အဖဲြ႔သည္ အေရွ႕ေတာင္ဘက္သို႔ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

ဆက္လက္၍ နံနက္ ၂ နာရီခြဲခန္႔တြင္ မူဆယ္ၿမိဳ႕နယ္၊ မံုးကိုးၿမိဳ႕ ၊ ရပ္ကြက္ (၆)၊ မံုးကိုးနယ္ေျမရဲစခန္းအေရွ႕ဘက္ရွိ တပ္မေတာ္တပ္စခန္းကုန္းအား KIA (ကခ်င္) အဖဲြ႔နွင့္ MNDAA ပူးေပါင္းအင္အား ၈၀ ခန္႔မွ လည္းေကာင္း၊ ေဖာင္းဆိုင္ စခန္းအား အင္အား ၁၀ဝ ဦး ခန္႔မွလည္းေကာင္း ၊ မန္ကန္ စခန္း အား အင္အား ၈၀ ဦးခန္႔လည္းေကာင္း လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့သည္။

အလားတူ နံနက္ ၆ နာရီခန္႔တြင္ KIA (ကခ်င္)အဖဲြ႔နွင့္ MNDAA ပူးေပါင္း အဖဲြ႔ အင္အား ၅၀ ခန္႔သည္ ပန္ဆိုင္းနယ္ေျမရဲစခန္းအား ရပ္ကြက္(၄)၊ အေျခခံ ပညာအထက္တန္း ေက်ာင္းခြဲေနရာမွလက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျပီး တစ္ခ်ိန္တည္းတြင္ ရပ္ကြက္(၁) ရွိ တပ္မေတာ္ တပ္စခန္းကုန္းအား အေနာက္ဘက္ ေတာင္ေၾကာမွေန၍ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ထို႔ျပင္ နံနက္ ၆ နာရီခြဲအခ်ိန္ခန္႔တြင္ မူဆယ္ၿမိဳ႕မ ရဲစခန္း၏ ေတာင္ဘက္ ၁၈ မိုင္ခန္႔အကြာ ျပည္ေထာင္စုလမ္းေပၚရွိ နန္႔ေပၚတံတားလံုၿခံဳေရး ရဲကင္းအား အေရွ႕ေျမာက္ဘက္ တစ္ဖာလံုခန္႔အကြာရွိ ေတာင္ကုန္းမွ TNLA (တေအာင္းပေလာင္) အဖဲြ႔ အင္အား ၁၀ဝ ဦးခန္႔မွ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္ခဲ့ျပီး အဆိုပါစခန္းသို႔ တပ္မေတာ္ စစ္ေၾကာင္းမွ သြားေရာက္ပူးေပါင္းစဥ္ TNLA (တေအာင္းပေလာင္)အဖဲြ႔ အင္အား ၄၀ ဦး ခန္႔ျဖင့္ ထပ္မံထိေတြ႔မႈျဖစ္ပြားခဲ့ျပီး အဆိုပါ အဖဲြ႔မ်ားသည္ အေရွ႕နွင့္အေနာက္သို႔ အဖဲြ႔နွစ္ဖြဲ႔ခြဲ၍ ျပန္လည္ ဆုတ္ခြာသြားသည္။

အလားတူ မူဆယ္ၿမိဳ႕မ ရဲစခန္း၏ အေရွ႕ေတာင္ဘက္ ၁၀၅ မိုင္ ကုန္သြယ္ေရး စခန္းဇုန္အနီးရွိ တပ္စခန္းကုန္းသို႔ KIA (ကခ်င္)အဖဲြ႔နွင့္ TNLA (တေအာင္းပေလာင္)အဖဲြ႔ ပူးေပါင္း အင္အား ၁၅၀ ခန္႔မွ လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္ခဲ့ျပီး ၆ နာရီ ၄၅ မိနစ္ အခ်ိန္ခန္႔တြင္ ပန္ဆန္းေမာင္းတံဂိတ္သို႔ TNLA (တေအာင္းပေလာင္)အဖဲြ႔ (၃၀) ဦးခန္႔က လာေရာက္ပစ္ခတ္ခဲ့သည္။ ထိုသို႔ ကုန္သြယ္ေရး ဇုန္အတြင္း ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ လဲခ်ားၿမိဳ႕နယ္ေန ေမာင္ေဇာ္သက္ (၂၀)နွစ္ (ဘ) ဦးေမာင္ေမာင္ေထြး ေသဆံုးခဲ့ျပီး လံုၿခံဳေရးတပ္ဖြဲ႔ဝင္အခ်ိဳ႕နွင့္ အျပစ္မဲ့ ျပည္သူ (၆) ဦး ဒဏ္ရာရရွိခဲ့သည္။

ဆက္လက္၍ နံနက္ ၈ နာရီအခ်ိန္ခန္႔တြင္ မူဆယ္ၿမိဳ႕ အေရွ႕ေျမာက္ ၁၂ မိုင္ ခန္႔အကြာ က်င္စမ္းေက်ာ့(ဟိုေနာင္) ရဲကင္းအား TNLA (တေအာင္းပေလာင္)အဖဲြ႔ အင္အား ၅၀ ဦးခန္႔သည္ လက္နက္ႀကီး လက္နက္ငယ္မ်ား ျဖင့္လာေရာက္ ပစ္ခတ္ခဲ့သည္။

ထို႔ျပင္ နံနက္ ၃ နာရီခြဲခန္႔က နမ့္ဖတ္ကာ ရဲကင္းစခန္း၏ ၁၁ မိုင္ခန္႔ အကြာ ဆြမ္လံုေက်းရြာအနီး မနၱေလး- မူဆယ္္ ျပည္ေထာင္စု ကားလမ္းမႀကီး မိုင္တိုင္အမွတ္ ၂၉၁/၁ အနီးရွိ ေပ ၂၀ ခန္႔ရွည္ ဆြမ္လံုတံတားေပၚတြင္ မိုင္းေပါက္ကြဲမႈ ျဖစ္စဉ္ ျဖစ္ပြားခဲ့ျပီး တံတားထိခိုက္ပ်က္စီးခဲ့သည္။ အလားတူ လက္နက္ကိုင္အဖဲြ႔မ်ားက နန္႔ေပၚတံတားအား မိုင္းေဖါက္ခြဲျခင္း၊ တံတားအနီးရွိ ေစ်းဆိုင္ (၃) ဆိုင္အား မီးရိႈ႕ျခင္း၊ သိႏၷီၿမိဳ႕ နမၼတူ တံတားအား ပါဂ်ဲရိုး ယာဥ္ျဖင့္ ဗံုးေဖါက္ခြဲျခင္းမ်ားလည္း ေဆာင္ရြက္ခဲ့သည္။

ရွမ္းျပည္နယ္၊ အေရွ႕ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္နွင့္ ကြတ္ခိုင္ၿမိဳ႕နယ္မ်ား အပါအဝင္ နယ္ေျမအခ်ိဳ႕သို႔ ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ KIA (ကခ်င္အဖဲြ႔)၊ TNLA (တေအာင္းပေလာင္အဖဲြ႔) နွင့္ MNDAA ပူးေပါင္းအဖဲြ႔မ်ားအား တပ္မေတာ္စစ္ေၾကာင္းမ်ားနွင့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားက ျပန္လည္တိုက္ခိုက္ လ်က္ရွိျပီး အျပစ္မဲ့ျပည္သူမ်ားအား အကာအကြယ္ေပးေရး ျကိုးပမ္းေဆာင္ရြက္ လ်က္ရွိေၾကာင္းနွင့္ ျဖစ္ပြားလ်က္ရွိေသာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္စဉ္မ်ားနွင့္ ထိခိုက္ဒဏ္ရာရ ေသဆံုးမႈမ်ားအား ဆက္လက္ ထုတ္ျပန္သြားမည္ ျဖစ္သည္။

(ႏိုင္ငံေတာ္အတုိင္ပင္ခံရံုး သတင္းထုတ္ျပန္ေရးေကာ္မတီ)

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ နိုဝင်ဘာလ(၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်ကို ပြန်လည်၍ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

KIA ကချင်အဖွဲ့၊ TNLA တအောင်းပလောင် အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရ
=================================================
နပြေည်တော် နိုဝင်ဘာ ၂၀

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား အလစ်အငိုက် ရယူပြီး တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၂ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိ မြို့လုံခြုံရေးရဲကင်းအား အရှေ့တောင်ဘက် တစ်ဖာလုံခန့် အကွာ ယာခင်းဘက်မှ အဖွဲ့အစည်း ခေါင်းဆောင် အင်အား စိစစ်ဆဲအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ပြည်သူ့စစ်တို့မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အဆိုပါ အဖွဲ့သည် အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၂ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ မုံးကိုးမြို့၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်မတော်တပ်စခန်းကုန်းအား KIA (ကချင်) အဖွဲ့နှင့် MNDAA ပူးပေါင်းအင်အား ၈၀ ခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် စခန်းအား အင်အား ၁၀ဝ ဦး ခန့်မှလည်းကောင်း၊ မန်ကန် စခန်း အား အင်အား ၈၀ ဦးခန့်လည်းကောင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အလားတူ နံနက် ၆ နာရီခန့်တွင် KIA (ကချင်)အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့ အင်အား ၅၀ ခန့်သည် ပန်ဆိုင်းနယ်မြေရဲစခန်းအား ရပ်ကွက်(၄)၊ အခြေခံ ပညာအထက်တန်း ကျောင်းခွဲနေရာမှလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ချိန်တည်းတွင် ရပ်ကွက်(၁) ရှိ တပ်မတော် တပ်စခန်းကုန်းအား အနောက်ဘက် တောင်ကြောမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့မ ရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအား အရှေ့မြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ တောင်ကုန်းမှ TNLA (တအောင်းပလောင်) အဖွဲ့ အင်အား ၁၀ဝ ဦးခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါစခန်းသို့ တပ်မတော် စစ်ကြောင်းမှ သွားရောက်ပူးပေါင်းစဉ် TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၄၀ ဦး ခန့်ဖြင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါ အဖွဲ့များသည် အရှေ့နှင့်အနောက်သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပြန်လည် ဆုတ်ခွာသွားသည်။

အလားတူ မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်း အင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပန်ဆန်းမောင်းတံဂိတ်သို့ TNLA (တအောင်းပလောင်)အဖွဲ့ (၃၀) ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သည်။ ထိုသို့ ကုန်သွယ်ရေး ဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် (ဘ) ဦးမောင်မောင်ထွေး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ နံနက် ၈ နာရီအချိန်ခန့်တွင် မူဆယ်မြို့ အရှေ့မြောက် ၁၂ မိုင် ခန့်အကွာ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းအား TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၅၀ ဦးခန့်သည် လက်နက်ကြီး လက်နက်ငယ်များ ဖြင့်လာရောက် ပစ်ခတ်ခဲ့သည်။

ထို့ပြင် နံနက် ၃ နာရီခွဲခန့်က နမ့်ဖတ်ကာ ရဲကင်းစခန်း၏ ၁၁ မိုင်ခန့် အကွာ ဆွမ်လုံကျေးရွာအနီး မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးရှိ ပေ ၂၀ ခန့်ရှည် ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တံတားထိခိုက်ပျက်စီးခဲ့သည်။ အလားတူ လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖောက်ခွဲခြင်း၊ တံတားအနီးရှိ ဈေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖောက်ခွဲခြင်းများလည်း ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များ အပါအဝင် နယ်မြေအချို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA (ကချင်အဖွဲ့)၊ TNLA (တအောင်းပလောင်အဖွဲ့) နှင့် MNDAA ပူးပေါင်းအဖွဲ့များအား တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက် လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား အကာအကွယ်ပေးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်ပွားလျက်ရှိသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~