ျမန္မာ - ထိုင္း ပါ၀င္သည့္ အလြတ္တန္း ႏွင့္ လူသစ္တန္း ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲ တာခ်ီလိတ္၌ ျပဳလုပ္

ျမန္မာ - ထိုင္း ပါ၀င္သည့္ အလြတ္တန္း ႏွင့္ လူသစ္တန္း ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲ တာခ်ီလိတ္၌ ျပဳလုပ္
နိုဝင်ဘာ 16, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ(ဖလား) ကလပ္ေပါင္းစုံဖိတ္ေခၚ(အလြတ္တန္း)ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ႏွင့္ လူသစ္တန္းပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ထိုင္းအသင္း အပါအ၀င္ ၿပိဳင္၀င္အသင္း (၂၈)သင္းျဖင့္ တာခ်ီလိတ္ခရိုင္အားကစားရုံတြင္ ႏို၀င္ဘာလ (၁၆)ရက္ေန႔မွ (၁၉)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံ က်ိဳင္းတုံၿမိဳ႕ ႏွင့္ တာခ်ီလိတ္ၿမိဳ႕ မွ ပိုက္ေက်ာ္ျခင္း အားကစားသမားမ်ားႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ႏွင့္ ခ်င္းရိုင္းၿမိဳ႕မွ ပိုက္ေက်ာ္ျခင္း အားကစားသမားမ်ား အပါအ၀င္ အသင္း(၂၈)သင္းယွဥ္ၿပိဳင္မွာျဖစ္ၿပီး အသင္း၀င္ (၁၄၀)ဦး ပါ၀င္ေၾကာင္း ႏွင့္ ဖြင့္ပြဲကို ႏို၀င္ဘာလ (၁၆)ရက္ေန႔က ျပဳလုပ္ခဲ့ကာ ေနာက္ဆံုးဗိုလ္လုပြဲႏွင့္ ဆုေပးပြဲကို ႏို၀င္ဘာလ (၁၉)ရက္ေန႔တြင္ က်င္းပ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲ၏ ဖြင့္ပြဲအခမ္းအနားတြင္ ခရုိင္စီမံခန္႔ခြဲမႈေကာ္မတီ အတြင္းေရးမွဴး ခရိုင္လ၀ကဦးစီမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းမွ အဖြင့္မိန္႔ခြန္းေျပာၾကားၿပီး စတင္ ဖြင့္လွစ္ခဲ့ရာ ဖြင့္ပြဲအခမ္းအနားသို႔ သက္ဆိုင္ရာတာ၀န္ရွိသူ ပုဂၢိဳလ္မ်ား ႏွင့္ အားကစားသမားမ်ား၊ ပရိသတ္မ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း - ေဇာင္းညီ
ဓာတ္ပံု - ေဇာင္းညီ ၊ ပညာေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ(ဖလား) ကလပ်ပေါင်းစုံဖိတ်ခေါ်(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့် လူသစ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်းအသင်း အပါအဝင် ပြိုင်ဝင်အသင်း (၂၈)သင်းဖြင့် တာချီလိတ်ခရိုင်အားကစားရုံတွင် နိုဝင်ဘာလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကျိုင်းတုံမြို့ နှင့် တာချီလိတ်မြို့ မှ ပိုက်ကျော်ခြင်း အားကစားသမားများနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် ချင်းရိုင်းမြို့မှ ပိုက်ကျော်ခြင်း အားကစားသမားများ အပါအဝင် အသင်း(၂၈)သင်းယှဉ်ပြိုင်မှာဖြစ်ပြီး အသင်းဝင် (၁၄၀)ဦး ပါဝင်ကြောင်း နှင့် ဖွင့်ပွဲကို နိုဝင်ဘာလ (၁၆)ရက်နေ့က ပြုလုပ်ခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုက်ကျော်ခြင်း ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ခရိုင်လဝကဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းမှ အဖွင့်မိန့်ခွန်းပြောကြားပြီး စတင် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူ ပုဂ္ဂိုလ်များ နှင့် အားကစားသမားများ၊ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

သတင်း - ဇောင်းညီ
ဓာတ်ပုံ - ဇောင်းညီ၊ ပညာအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~