Update News

ျပည္တြင္းစစ္ရပ္စဲေရးႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ အမ်ိဳးသားေန႔တြင္ မံုရြာၿမိဳ႕ျပည္သူမ်ား ဆႏၵထုတ္ေဖၚ

ႏုိင္ငံတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ရပ္တန္႔ၾကရန္ႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ၾကရန္ နိုဝင္ဘာလ ၂၄ ရက္ေန႔ အမ်ိဳးသားေန႔တြင္ စစ္ကိုင္းတုိင္းေဒသႀကီး မံုရြာၿမိဳ႕၌ ေဒသခံအင္အား (၂၀၀)ခန္႔က ဆႏၵထုတ္ေဖၚၾကေၾကာင္း သိရသည္။

" အခုလတ္တေလာဆိုရင္ ရွမ္းျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြက စိတ္မခ်ရေသးဘူး။ တိုက္ပြဲၾကားက ျပည္သူေတြအေနနဲ႔ မလြဲသာမေရွာင္သာ မိမိဝမ္းေရးအတြက္ ရွာေဖြလုပ္ကိုင္စားေသာက္ေနရေပမဲ့လည္း က်ီးလန္႔စာစားေနရတဲ႔ ဘဝေရာက္ေနတယ္။ မလံုၿခံဳေတာ့ဘူးေပါ့။ ကၽြန္ေတာ္တို႔ ေျမျပန္႔ေဒသအေနနဲ႔ တိုက္ပြဲမရိွေပမဲ့လည္း အခုလို ဒုကၡသည္ျပည္သူေတြအတြက္ စိတ္ပူေနရပါတယ္ " ဟု မံုရြာၿမိဳ႕ေဒသခံ ကိုေစာစံက ေျပာသည္။

အဆိုပါ ဆႏၵထုတ္ေဖၚမႈတြင္ မံုရြာၿမိဳ႕ရိွ နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ခ်ဳပ္၊ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊ လက္ပံေတာင္းေတာင္ ကယ္တင္ေရးေကာ္မတီ၊ ၈၈ ပြင့္လင္းလူ႔အဖြဲ႕စည္း၊ သခင္ကိုယ္ေတာ္မိႈင္းၿငိမ္းခ်မ္းေရးကြန္ယက္တို႔မွ အဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕ခံမ်ား စုစုေပါင္း အင္အား ၂၀၀ ေက်ာ္ ပူးေပါင္းပါဝင္ၾကေၾကာင္း သိရသည္။

 ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခရိုင္အတြင္း ႏိုဝင္ဘာလ (၂၀) ရက္က တိုင္းရင္းသားလက္နက္ကိုင္ပူးေပါင္းအဖြဲ႔က ဝင္ေရာက္တုိက္ခိုက္မႈေၾကာင့္ ေဒသတြင္း ကုန္သြယ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ား ေခတၱရပ္ဆိုင္းေနျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး





~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ကြရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ကြရန် နိုဝင်ဘာလ ၂၄ ရက်နေ့ အမျိုးသားနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဒေသခံအင်အား (၂၀၀)ခန့်က ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

" အခုလတ်တလောဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေက စိတ်မချရသေးဘူး။ တိုက်ပွဲကြားက ပြည်သူတွေအနေနဲ့ မလွဲသာမရှောင်သာ မိမိဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်စားသောက်နေရပေမဲ့လည်း ကျီးလန့်စာစားနေရတဲ့ ဘဝရောက်နေတယ်။ မလုံခြုံတော့ဘူးပေါ့။ ကျွန်တော်တို့ မြပြေန့်ဒေသအနေနဲ့ တိုက်ပွဲမရှိပေမဲ့လည်း အခုလို ဒုက္ခသည်ပြည်သူတွေအတွက် စိတ်ပူနေရပါတယ် " ဟု မုံရွာမြို့ဒေသခံ ကိုစောစံက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မုံရွာမြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့စည်း၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်တို့မှ အဖွဲ့ဝင်များနှင့် မြို့ခံများ စုစုပေါင်း အင်အား ၂၀၀ ကျော် ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။

 ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နိုဝင်ဘာလ (၂၀) ရက်က တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ခေတ္တရပ်ဆိုင်းနခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::