မိုင္းလားေဒသအနီး UWSA မ်ား လႈပ္ရွားေနသည့္ အေျခအေနေၾကာင့္ က်ိဳင္းတံုဆုိင္ကယ္ေစ်းကြက္က်ေန

မိုင္းလားေဒသအနီး UWSA မ်ား လႈပ္ရွားေနသည့္ အေျခအေနေၾကာင့္ က်ိဳင္းတံုဆုိင္ကယ္ေစ်းကြက္က်ေန
နိုဝင်ဘာ 9, 2016
By Tachileik News Agency

စပါးေပၚခ်ိန္ျဖစ္၍ ေမာ္ေတာ္ဆိုင္ကယ္မ်ား အေရာင္းသြက္ကာလျဖစ္ေသာ္လည္း ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) မိုင္းလားေဒသ အနီးတစ္၀ိုက္တြင္ UWSA (  ဝ တပ္ဖြဲ႕)မ်ား လႈပ္ရွားေနသည့္ အေျခအေနမ်ားေၾကာင့္ က်ိဳင္းတုံဆိုင္ကယ္ေစ်းကြက္တြင္ အေရာင္းအ၀ယ္မရိွ ျဖစ္ေနေၾကာင္း သိရသည္။

"ခါတိုင္းႏွစ္ ဒီအခ်ိန္က ေတာင္ေပၚမွာ စပါးေပၚျပီျဖစ္တဲ့အတြက္ ၀ယ္လက္ေပါတဲ့ အခ်ိန္ျဖစ္တယ္။ လက္ရိွကေတာ့ ၀ယ္သူလုံး၀မရိွပါဘူး။ ဒီႏွစ္အစကတည္းက ကၽြန္ေတာ္တို႔ဆီမွာ အေရာင္းအ၀ယ္ပါးေနလို ့ ဒီလိုအခ်ိန္မွာ ျပန္ျပီးေတာ့ အေရာင္းအ၀ယ္ျဖစ္မယ္ထင္ထားတာ။ မိုင္းလားမွာ စစ္ေရးတင္းမာမႈေတြ ျဖစ္ေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ဒီကလူေတြက နည္းနည္း စိုးရိမ္ေနတဲ့အတြက္ ၀ယ္မယ့္သူ မရိွဘူးျဖစ္ေနတယ္။"ဟု က်ိဳင္းတံုဆိုင္ကယ္ပြဲစားတစ္ဦးျဖစ္သူ ကိုညီက ေျပာသည္။

ျပီးခဲ့သည့္ႏွစ္မ်ားက က်ိဳင္းတုံဆိုင္ကယ္ေစ်းကြက္တြင္ လယ္သမားမ်ား စပါးေပၚသည့္ ေအာက္တိုဘာလကုန္ႏွင့္ ႏို၀င္ဘာလမ်ားတြင္ အေရာင္းအ၀ယ္မ်ားေလ့ရိွေၾကာင္း သိရသည္။

"လက္ရိွ ဆိုင္ကယ္ေစ်းကြက္ထဲမွာ အ၀ယ္ကလုံး၀မရိွပါဘူး။ ဒီႏွစ္အဆိုးဆုံးေပါ့။ ၿပီးခဲ့တဲ့ႏွစ္တုန္းကဆို တစ္ပတ္တစ္ခါေလာက္ တာခ်ီလိတ္ဆင္းၿပီးေတာ့ ဆိုင္ကယ္သြားယူရတယ္။ ဒီႏွစ္အတြင္းမွာေတာ့ အ၀ယ္ပါးလုိ ့ သိပ္မသြားရဘူး။ လာေမးရင္လည္း အေဟာင္းပဲလာရွာတယ္ဆိုေတာ့ ဒီမွာရိွတာေလးပဲ ေရာင္းရတာေပါ့။ မိုင္းလားက သတင္းေတြေၾကာင့္လည္း ၀ယ္ခ်င္တဲ့သူေတြကလည္း အေျခအေနကို ေစာင့္ၾကည့္ေနတယ္ထင္ပါတယ္။"ဟု ဆိုင္ကယ္ပြဲစားတစ္ဦးျဖစ္သူ ဦးစိုင္းရွဲန္က ေျပာသည္။


က်ိဳင္းတံုဆိုင္ကယ္ေစ်းကြက္တြင္ လက္ရိွ အေရာင္းအဝယ္ျဖစ္ေနေသာ ဆိုင္ကယ္ေစ်းႏႈန္းမ်ားမွာ HONDA WAVE (100) ဆိုင္ကယ္ လိုင္စင္အျပီးအစီး (၁,၀၉၀,၀၀၀)က်ပ္၊  (၂၀၁၆)ခုႏွစ္ထုတ္ HONDA CLICK ဆိုင္ကယ္မွာ လို္င္စင္အျပီးအစီး (၂,၀၂၀,၀၀၀) ေပါက္ေစ်းရိွေၾကာင္းသိရသည္။


သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
စပါးပေါ်ချိန်ဖြစ်၍ မော်တော်ဆိုင်ကယ်များ အရောင်းသွက်ကာလဖြစ်သော်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားဒေသ အနီးတစ်ဝိုက်တွင် UWSA ( ဝ တပ်ဖွဲ့)များ လှုပ်ရှားနေသည့် အခြေအနေများကြောင့် ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် အရောင်းအဝယ်မရှိ ဖြစ်နေကြောင်း သိရသည်။

"ခါတိုင်းနှစ် ဒီအချိန်က တောင်ပေါ်မှာ စပါးပေါ်ပြီဖြစ်တဲ့အတွက် ဝယ်လက်ပေါတဲ့ အချိန်ဖြစ်တယ်။ လက်ရှိကတော့ ဝယ်သူလုံးဝမရှိပါဘူး။ ဒီနှစ်အစကတည်းက ကျွန်တော်တို့ဆီမှာ အရောင်းအဝယ်ပါးနေလို့ ဒီလိုအချိန်မှာ ပြန်ပြီးတော့ အရောင်းအဝယ်ဖြစ်မယ်ထင်ထားတာ။ မိုင်းလားမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီကလူတွေက နည်းနည်း စိုးရိမ်နေတဲ့အတွက် ဝယ်မယ့်သူ မရှိဘူးဖြစ်နေတယ်။"ဟု ကျိုင်းတုံဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သူ ကိုညီက ပြောသည်။

ပြီးခဲ့သည့်နှစ်များက ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် လယ်သမားများ စပါးပေါ်သည့် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလများတွင် အရောင်းအဝယ်များလေ့ရှိကြောင်း သိရသည်။

"လက်ရှိ ဆိုင်ကယ်ဈေးကွက်ထဲမှာ အဝယ်ကလုံးဝမရှိပါဘူး။ ဒီနှစ်အဆိုးဆုံးပေါ့။ ပြီးခဲ့တဲ့နှစ်တုန်းကဆို တစ်ပတ်တစ်ခါလောက် တာချီလိတ်ဆင်းပြီးတော့ ဆိုင်ကယ်သွားယူရတယ်။ ဒီနှစ်အတွင်းမှာတော့ အဝယ်ပါးလို့ သိပ်မသွားရဘူး။ လာမေးရင်လည်း အဟောင်းပဲလာရှာတယ်ဆိုတော့ ဒီမှာရှိတာလေးပဲ ရောင်းရတာပေါ့။ မိုင်းလားက သတင်းတွေကြောင့်လည်း ဝယ်ချင်တဲ့သူတွေကလည်း အခြေအနေကို စောင့်ကြည့်နေတယ်ထင်ပါတယ်။"ဟု ဆိုင်ကယ်ပွဲစားတစ်ဦးဖြစ်သူ ဦးစိုင်းရှဲန်က ပြောသည်။

ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် လက်ရှိ အရောင်းအဝယ်ဖြစ်နေသော ဆိုင်ကယ်ဈေးနှုန်းများမှာ HONDA WAVE (100) ဆိုင်ကယ် လိုင်စင်အပြီးအစီး (၁,ဝ၉၀,ဝဝဝ)ကျပ်၊ (၂၀၁၆)ခုနှစ်ထုတ် HONDA CLICK ဆိုင်ကယ်မှာ လို်င်စင်အပြီးအစီး (၂,ဝ၂၀,ဝဝဝ) ပေါက်ဈေးရှိကြောင်းသိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~