ေစ်းကြက္ျပန္ေကာင္းလာရန္ ေက်ာက္စိမ္းတူးေဖာ္ျခင္းအား ယာယီရပ္တန္႔ေပးေရး မႏၱေလး၌ ေတာင္းဆို

ေစ်းကြက္ျပန္ေကာင္းလာရန္ ေက်ာက္စိမ္းတူးေဖာ္ျခင္းအား ယာယီရပ္တန္႔ေပးေရး မႏၱေလး၌ ေတာင္းဆို
နိုဝင်ဘာ 1, 2016
By Tachileik News Agency

ေက်ာက္စိမ္းေစ်းကြက္ အလြန္က်ဆင္းေနသည့္ ကာလမွာ ၾကာျမင့္ေနသျဖင့္္ ေစ်းကြက္ျပန္ေကာင္းလာရန္ ေက်ာက္စိမ္းတူးေဖာ္ျခင္းအား ယာယီရပ္တန္႔ေပးရန္ မႏၱေလးမွ ေက်ာက္စိမ္းအေရာင္းအ၀ယ္ လုပ္ငန္း လုပ္ကိုင္သူ တစ္ေထာင္ခန္႔က ဆႏၵထုတ္ေဖာ္ၾကသည္။

“ဒီလိုလုပ္ရတာဟာ ကၽြန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံေတာ္ကို အၾကပ္အတည္းျဖစ္ေစခ်င္လို႔ မဟုတ္ပါဘူး။ တစ္ႏိုင္ငံလံုးမွာရွိတဲ့ အေျခခံေက်ာက္ အေရာင္းအ၀ယ္သမားေတြဟာ အရမ္းကို အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။”ဟု ေက်ာက္သမား တစ္ဦးျဖစ္သူ ကို၀ိုင္းက ဆိုသည္။

ေက်ာက္စိမ္းတူးေဖာ္ခြင့္ ယာယီရပ္ဆိုင္းေရး၊ ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ေက်ာက္မ်က္ဥပေဒ အျမန္ဖ်က္သိမ္းေရး၊ ေက်ာက္စိမ္းအရိုင္းတံုးမ်ားအား တရားမ၀င္ျပည္ပပို႔ေဆာင္ေနမႈ ပိတ္ပင္ေရးတို႔အတြက္ ဆႏၵထုတ္ေဖာ္လိုက္ၾကျခင္း ျဖစ္သည္။

မႏၱေလးမွ ေက်ာက္စိမ္းလုပ္ငန္းလုပ္ကိုင္သူမ်ားက ေအာက္တိုဘာလ (၂၉) ရက္တြင္ ဆႏၵ ထုတ္ေဖာ္ျခင္းျဖစ္ၿပီး ေက်ာက္စိမ္းတူးေဖာ္ျခင္း ယာယီရပ္တန္႔ေပးရန္ႏွင့္ ေက်ာက္စိမ္းတံုးမ်ား ျပည္ပသို႔ တရားမ၀င္ တင္ပို႔ျခင္းအား တာဆီးေပးရန္ ခႏၱီးႏွင့္ ဖားကန္႔မွ ေက်ာက္စိမ္းသမားမ်ားကလည္း စက္တင္ဘာလအတြင္းက ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

“ခႏၱီးနဲ႔ ဖားကန္႔မွာရွိတဲ့ ေက်ာက္စိမ္းေရာင္း၀ယ္ျခင္းလုပ္ငန္းနဲ႔ လုပ္ကိုင္သူေတြကလည္း ဆႏၵေဖာ္ထုတ္ခဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ တစ္ႏိုင္ငံလံုးက ေက်ာက္သမားေတြအားလံုးရဲ႕ ဆႏၵကေတာ့ အကုန္လံုး အတူတူပါပဲ။ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြပဲ အခ်င္းခ်င္း လက္၀ါးရိုက္ အလုပ္ျဖစ္ေနၾကတာ။ အေျခခံ ေန႔စားေက်ာက္သမားေလး ေတြဟာ ထမင္းစားဖို႔ကို မနည္းရွာေနရပါတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳးေတြ ေတာင္းဆိုေနရျခင္း ျဖစ္ပါတယ္။”ဟု ဦးသန္း၀င္းက ဆိုသည္။

မႏၱေလးၿမိဳ႕၊ စစ္ကိုင္းႏွင့္ ဖားကန္႔ေဒသမွ ေက်ာက္စိမ္း လုပ္ငန္းလုပ္ကိုင္သူ ႏွစ္ေသာင္းခန္႔ကလည္း လက္မွတ္ထိုးကာ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ သက္ဆိုင္ရာ၀န္ႀကီးဌာနသို႔ တင္ျပေတာင္းဆိုခဲ့ေသာ္လည္း ကြင္းဆင္းစစ္ေဆးျခင္းမ်ားမရွိသျဖင့္ ယေန႔ဆႏၵျပပြဲသို႔ မႏၱေလးႏွင့္ စစ္ကိုင္းမွ ေက်ာက္စိမ္း လုပ္ငန္း လုပ္ကိုင္သူ တစ္ေထာင္ခန္႔ ပူးေပါင္းပါဝင္ၾကၿပီး ဆႏၵျပေတာင္းဆိုရျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း - ေရႊေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်စိမ်းဈေးကွက် အလွန်ကျဆင်းနေသည့် ကာလမှာ ကြာမြင့်နေသဖြင့် ဈေးကွက်ပြန်ကောင်းလာရန် ကျောက်စိမ်းတူးဖော်ခြင်းအား ယာယီရပ်တန့်ပေးရန် မန္တလေးမှ ကျောက်စိမ်းအရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ တစ်ထောင်ခန့်က ဆန္ဒထုတ်ဖော်ကြသည်။

“ဒီလိုလုပ်ရတာဟာ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို အကြပ်အတည်းဖြစ်စေချင်လို့ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံကျောက် အရောင်းအဝယ်သမားတွေဟာ အရမ်းကို အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။”ဟု ကျောက်သမား တစ်ဦးဖြစ်သူ ကိုဝိုင်းက ဆိုသည်။

ကျောက်စိမ်းတူးဖော်ခွင့် ယာယီရပ်ဆိုင်းရေး၊ ဒုတိယအကြိမ် ပြင်ဆင်သည့် ကျောက်မျက်ဥပဒေ အမြန်ဖျက်သိမ်းရေး၊ ကျောက်စိမ်းအရိုင်းတုံးများအား တရားမဝင်ပြည်ပပို့ဆောင်နေမှု ပိတ်ပင်ရေးတို့အတွက် ဆန္ဒထုတ်ဖော်လိုက်ကြခြင်း ဖြစ်သည်။

မန္တလေးမှ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူများက အောက်တိုဘာလ (၂၉) ရက်တွင် ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ပြီး ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်တန့်ပေးရန်နှင့် ကျောက်စိမ်းတုံးများ ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းအား တာဆီးပေးရန် ခန္တီးနှင့် ဖားကန့်မှ ကျောက်စိမ်းသမားများကလည်း စက်တင်ဘာလအတွင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ခန္တီးနဲ့ ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းရောင်းဝယ်ခြင်းလုပ်ငန်းနဲ့ လုပ်ကိုင်သူတွေကလည်း ဆန္ဒဖော်ထုတ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက ကျောက်သမားတွေအားလုံးရဲ့ ဆန္ဒကတော့ အကုန်လုံး အတူတူပါပဲ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ အချင်းချင်း လက်ဝါးရိုက် အလုပ်ဖြစ်နကြေတာ။ အခြေခံ နေ့စားကျောက်သမားလေး တွေဟာ ထမင်းစားဖို့ကို မနည်းရှာနေရပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေ တောင်းဆိုနေရခြင်း ဖြစ်ပါတယ်။”ဟု ဦးသန်းဝင်းက ဆိုသည်။

မန္တလေးမြို့၊ စစ်ကိုင်းနှင့် ဖားကန့်ဒေသမှ ကျောက်စိမ်း လုပ်ငန်းလုပ်ကိုင်သူ နှစ်သောင်းခန့်ကလည်း လက်မှတ်ထိုးကာ သြဂုတ်လ (၁၆)ရက်နေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ကွင်းဆင်းစစ်ဆေးခြင်းများမရှိသဖြင့် ယနေ့ဆန္ဒပြပွဲသို့ မန္တလေးနှင့် စစ်ကိုင်းမှ ကျောက်စိမ်း လုပ်ငန်း လုပ်ကိုင်သူ တစ်ထောင်ခန့် ပူးပေါင်းပါဝင်ကြပြီး ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~