ဆိုင္ကယ္ႀကီးမ်ားျဖင့္ ျမန္မာျပည္တြင္း သြားေရာက္သည့္ ႏိုင္ငံျခားသားအဖြဲ႔ တာခ်ီလိတ္မွ ျပန္လည္ထြက္ခြာ

ဆိုင္ကယ္ႀကီးမ်ားျဖင့္ ျမန္မာျပည္တြင္း သြားေရာက္သည့္ ႏိုင္ငံျခားသားအဖြဲ႔ တာခ်ီလိတ္မွ ျပန္လည္ထြက္ခြာ
နိုဝင်ဘာ 22, 2016
By Tachileik News Agency

Kawasaki  အမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္ႀကီး(၉)စီးျဖင့္ ႏိုင္ငံျခားသား(၁၅)ဦးပါ၀င္သည့္အဖြဲ႕သည္  ျမန္မာ - ထိုင္း နယ္စပ္ ၿမ၀တီၿမိဳ႕မွ၀င္ေရာက္ၿပီး တာခ်ီလိတ္မွ ျပန္လည္ထြက္ခြာသည့္ ခရီးစဥ္ကို ႏို၀င္ဘာလ(၂၂)ရက္ေန႔ နံနက္ပိုင္းက အဆံုးသတ္လိုက္ေၾကာင္း သိရသည္။

All Asia Exclusive Travels & Tours Co.,Ltd အစီအစဥ္ျဖင့္ ႏုိ၀င္ဘာလ(၈)ရက္ေန႔က စတင္ကာ ျမ၀တီ - ေမာ္လၿမိဳင္ - က်ဳိင္ထီးရိုး - ပဲခူး - ျပည္ - ပုဂံ - မႏၱေလး - အင္းေလး - ေညာင္ေရႊ - နမ့္စန္ -  မိုင္းျပင္း -  တာခ်ီလိတ္ ခရီးစဥ္မ်ားသို႔ ဦးတည္ထြက္လာခဲ့ၾကၿပီး ယေန႔ ႏို၀င္ဘာလ(၂၂)ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္မွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ ျပန္လည္၍ ၀င္ေရာက္သြားၾကျခင္း ျဖစ္သည္။

၎တို႔သည္ ျမ၀တီမွ ႏို၀င္ဘာလ(၈)ရက္ေန႔က ထြက္ခြာၿပီး ႏို၀င္ဘာလ(၁၃)ရက္ေန႔ တြင္ ပုဂံသို႔ေရာက္ရွိကာ ထိုမွတဆင့္ ႏို၀င္ဘာလ (၁၇)ရက္ေန႔တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္းသို႔ ေရာက္ရွိလာခဲ့ၿပီး ႏို၀င္ဘာလ(၂၀)ရက္ေန႔တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔ ၀င္ေရာက္လာၿပီးမွ ႏို၀င္ဘာလ(၂၂)ရက္ေန႔ နံနက္ပိုင္းမွာ တာခ်ီလိတ္မွ တဆင့္ ျပန္လည္ ထြက္ခြာသြားခဲ့ၾကျခင္း ျဖစ္သည္။

ဓာတ္ပံု - ပညာေအာင္
~~~~~~~~⊰❂ unicode ~~~~~~~~
Kawasaki  အမျိုးအစား မော်တော်ဆိုင်ကယ်ကြီး(၉)စီးဖြင့် နိုင်ငံခြားသား(၁၅)ဦးပါဝင်သည့်အဖွဲ့သည် မြန်မာ - ထိုင်း နယ်စပ် မြဝတီမြို့မှဝင်ရောက်ပြီး တာချီလိတ်မှ ပြန်လည်ထွက်ခွာသည့် ခရီးစဉ်ကို နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက အဆုံးသတ်လိုက်ကြောင်း သိရသည်။

All Asia Exclusive Travels & Tours Co.,Ltd အစီအစဉ်ဖြင့် နိုဝင်ဘာလ(၈)ရက်နေ့က စတင်ကာ မြဝတီ - မော်လမြိုင် - ကျိုင်ထီးရိုး - ပဲခူး - ပြည် - ပုဂံ - မန္တလေး - အင်းလေး - ညောင်ရွှေ - နမ့်စန် - မိုင်းပြင်း - တာချီလိတ် ခရီးစဉ်များသို့ ဦးတည်ထွက်လာခဲ့ကြပြီး ယနေ့ နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ပြန်လည်၍ ဝင်ရောက်သွားကြခြင်း ဖြစ်သည်။

၎င်းတို့သည် မြဝတီမှ နိုဝင်ဘာလ(၈)ရက်နေ့က ထွက်ခွာပြီး နိုဝင်ဘာလ(၁၃)ရက်နေ့ တွင် ပုဂံသို့ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဝင်ရောက်လာပြီးမှ နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းမှာ တာချီလိတ်မှ တဆင့် ပြန်လည် ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - ပညာအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~