ျမန္မာႏွင့္ ကေမၻာဒီးယားမွ ကေလးလုပ္သားမ်ား အသံုးျပဳေနသည့္ ထုိင္းစက္ရံုပိုင္ရွင္အား အေရးယူမည္

ျမန္မာႏွင့္ ကေမၻာဒီးယားမွ ကေလးလုပ္သားမ်ား အသံုးျပဳေနသည့္ ထုိင္းစက္ရံုပိုင္ရွင္အား အေရးယူမည္
နိုဝင်ဘာ 11, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ ခဲလိုင္းနယ္ေျမအတြင္းရွိ စက္ရုံတစ္ရုံအား ဝင္ေရာက္စစ္ေဆးရာ ျမန္မာႏွင့္ ကေမၻာဒီးယားမွ ကေလးငယ္မ်ား ႏွင့္ အေထာက္အထားမဲ့ လုပ္သားမ်ားအား လုပ္အားခအျပည့္မေပးဘဲ ခိုင္းေစေနသည္ကို စစ္ေဆးေတြ႕ရသျဖင့္ အလုပ္ရွင္အား အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ခဲလိုင္းနယ္ေျမ ၊ ဘန္႔နန္းေက်စီရင္စုအတြင္းရွိ ဂ်အုစာဟာကန္သံစက္ရုံအား ထိုင္းစစ္တပ္ႏွင့္ ထိုင္းအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာနတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ႏို၀င္ဘာလ (၇)ရက္ေန႔က ၀င္ေရာက္စစ္ေဆးရာ ကေလးလုပ္သားမ်ား ႏွင့္ အေထာက္အထားမဲ့လုပ္သား စုစုေပါင္း (၈၀)ခန္႔ကိုေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

"ထိုင္းအာဏာပိုင္ေတြက သံစက္ရုံကို ၀င္စစ္ေဆးတဲ့အခါမွာ အရြယ္မေရာက္ေသးတဲ့ ျမန္မာကေလး လုပ္သား (၇)ဦး ၊ ကေမၻာဒီးယာကေလးငယ္ (၂)ဦး နဲ႔ အေထာက္အထားမဲ့ ျမန္မာလုပ္သား (၂၀)ဦး တျခားအလုပ္သမားနဲ႔ဆို (၈၀)ဦးခန္႔ ေတြ႕ရွိတာေၾကာင့္ စစ္ေဆးဖမ္းဆီးခဲ့တာပါ။ အလုပ္ရွင္က အလုပ္သမားေတြကို လုပ္အားခေစ်းႏိွမ္ၿပီး ခိုင္းေစေနတာရယ္  အႏၲရာယ္ရွိတဲ့ လုပ္ငန္းခြင္မွာ အခ်ိန္ပိုလည္း ခိုင္းေစေနတာရယ္ေၾကာင့္ ထိုင္းအာဏာပိုင္ေတြက အလုပ္ရွင္ကို အေရးယူသြားမွာပါ။"ဟု ျမန္မာအလုပ္သမားအေရးကူညီေနေသာ AAC မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက ေျပာသည္။

အဆိုပါသံစက္ရုံတြင္ အလုပ္လုပ္ေနသည့္ ျမန္မာႏွင့္ ကေမၻာဒီးယားႏိုင္ငံမ်ားမွ ကေလးမ်ားသည္ အသက္ (၁၃) ႏွစ္မွ (၁၅) ႏွစ္အရြယ္မ်ားျဖစ္ၾကၿပီး ေန႔စားခ တစ္ေန႔ (၁၀၀)ဘတ္ မွ (၁၃၀)ဘတ္ႏွင့္ အခ်ိန္ပိုေၾကး (၂၀)ဘတ္ျဖင့္ လုပ္အားခေစ်းႏွိမ္ခိုင္းေစခံေနၾကရျခင္းျဖစ္ေၾကာင္း ျမန္မာအလုပ္သမား အေရးကူညီေနေသာ AAC မဟာမိတ္အဖြဲ႕မွ သိရသည္။

သတင္း - ေဇာင္းညီ
ဓာတ္ပံု - AAC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ခဲလိုင်းနယ်မြေအတွင်းရှိ စက်ရုံတစ်ရုံအား ဝင်ရောက်စစ်ဆေးရာ မြန်မာနှင့် ကမ္ဘောဒီးယားမှ ကလေးငယ်များ နှင့် အထောက်အထားမဲ့ လုပ်သားများအား လုပ်အားခအပြည့်မပေးဘဲ ခိုင်းစေနေသည်ကို စစ်ဆေးတွေ့ရသဖြင့် အလုပ်ရှင်အား အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ခဲလိုင်းနယ်မြေ၊ ဘန့်နန်းကျေစီရင်စုအတွင်းရှိ ဂျအုစာဟာကန်သံစက်ရုံအား ထိုင်းစစ်တပ်နှင့် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် နိုဝင်ဘာလ (၇)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ကလေးလုပ်သားများ နှင့် အထောက်အထားမဲ့လုပ်သား စုစုပေါင်း (၈၀)ခန့်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းအာဏာပိုင်တွေက သံစက်ရုံကို ဝင်စစ်ဆေးတဲ့အခါမှာ အရွယ်မရောက်သေးတဲ့ မြန်မာကလေး လုပ်သား (၇)ဦး၊ ကမ္ဘောဒီးယာကလေးငယ် (၂)ဦး နဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား (၂၀)ဦး တခြားအလုပ်သမားနဲ့ဆို (၈၀)ဦးခန့် တွေ့ရှိတာကြောင့် စစ်ဆေးဖမ်းဆီးခဲ့တာပါ။ အလုပ်ရှင်က အလုပ်သမားတွေကို လုပ်အားခဈေးနှိမ်ပြီး ခိုင်းစေနေတာရယ် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ အချိန်ပိုလည်း ခိုင်းစေနေတာရယ်ကြောင့် ထိုင်းအာဏာပိုင်တွေက အလုပ်ရှင်ကို အရေးယူသွားမှာပါ။"ဟု မြန်မာအလုပ်သမားအရေးကူညီနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

အဆိုပါသံစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ကလေးများသည် အသက် (၁၃) နှစ်မှ (၁၅) နှစ်အရွယ်များဖြစ်ကြပြီး နေ့စားခ တစ်နေ့ (၁၀၀)ဘတ် မှ (၁၃၀)ဘတ်နှင့် အချိန်ပိုကြေး (၂၀)ဘတ်ဖြင့် လုပ်အားခဈေးနှိမ်ခိုင်းစေခံနကြေရခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား အရေးကူညီနေသော AAC မဟာမိတ်အဖွဲ့မှ သိရသည်။

သတင်း - ဇောင်းညီ
ဓာတ်ပုံ - AAC

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~