တာချီလိတ်၌ စုပေါင်းဘုံကထိန် ပဒေသာပင် (၈၃)ပင်လှူဒါန်း၊ စုပေါင်းတန်ဖိုးမှာ ကျပ်သိန်း(၂၆၅)ကျော် နှင့် ထိုင်းဘတ် (၇)သိန်းကျော်ရှိ

တာချီလိတ်၌ စုပေါင်းဘုံကထိန် ပဒေသာပင် (၈၃)ပင်လှူဒါန်း၊ စုပေါင်းတန်ဖိုးမှာ ကျပ်သိန်း(၂၆၅)ကျော် နှင့် ထိုင်းဘတ် (၇)သိန်းကျော်ရှိ
နိုဝငျဘာ 14, 2016
By Tachileik News Agency


စုပေါင်းလှူဒါန်းကြသည့် ပဒေသာပင်များမှာ ဥာတ်မကြီးပဒေသာပင် အပါအ၀င် (၈၃)ပင်ရှိပြီး ပစ္စည်းငွေသား စုစုပေါင်းမှာ ထိုင်းဘတ်(၇၁၇,၉၉၄)ဘတ် နှင့် မြန်မာကျပ်ငွေ (၂၆,၅၉၆,၄၀၆)ကျပ် ရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်တွင် စာရင်းအရ (၇၈)ခုရှိပြီး စာရင်းမဲ့များ အပါအ၀င် ပဒေသာပင် (၁၀၀)၀န်းကျင်ရှိပြီး ပစ္စည်းနှင့်ငွေသား စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် (၂၀,၆၂၈,၃၃၂)  နှင့် ထိုင်းဘတ်ငွေဖြင့် (၆၈၀,၉၄၉)ရှိခဲ့ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၏(၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အား တာချီလိတ်တပ်နယ် အပါအဝင် တာချီလိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည်တို့မှ စုပေါင်း ပါဝင်၍ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် မြို့ပေါ်အတွင်း လှည့်လည်ပြီး ဝမ်ကောင်းရပ်ကွက်ရှိ၊ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်းကြသည်။

စုပေါင်းလှူဒါန်းကြသည့် ပဒေသာပင်များမှာ ဉာတ်မကြီးပဒေသာပင် အပါအဝင် (၈၃)ပင်ရှိပြီး ပစ္စည်းငွေသား စုစုပေါင်းမှာ ထိုင်းဘတ်(၇၁၇,၉၉၄)ဘတ် နှင့် မြန်မာကျပ်ငွေ (၂၆,၅၉၆,၄၀၆)ကျပ် ရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်တွင် စာရင်းအရ (၇၈)ခုရှိပြီး စာရင်းမဲ့များ အပါအဝင် ပဒေသာပင် (၁၀၀)ဝန်းကျင်ရှိပြီး ပစ္စည်းနှင့်ငွေသား စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် (၂၀,၆၂၈,၃၃၂) နှင့် ထိုင်းဘတ်ငွဖြေင့် (၆၈၀,၉၄၉)ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ၊ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~