တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၏ ထီးေတာ္တင္လွဴျခင္း (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴ

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၏ ထီးေတာ္တင္လွဴျခင္း (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴ
နိုဝင်ဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၏ ထီးေတာ္တင္လွဴျခင္း (၁၈)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ဆြမ္းဆန္စိမ္း ေလာင္းလွဴပြဲအား ႏို၀င္ဘာလ(၁၂)ရက္ေန႔ နံနက္(၆း၄၀)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္ရာ တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္းမ်ားမွ ဆရာေတာ္၊ သံဃာေတာ္၊ ကိုရင္၊ သီလရွင္ စုစုေပါင္း အပါး (၄၀၀)၀န္းက်င္ ၾကြေရာက္၍ ဆြမ္းဆန္စိမ္း အလွဴခံေတာ္မူၾကသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲသို႔ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ဦးေဆာင္သည့္ ခရိုင္အဆင့္ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ဦးေဆာင္သည့္ ၿမိဳ႕နယ္အဆင့္ဌာနဆုိင္ရာမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသားျပည္သူ အလွဴရွင္မ်ား လာေရာက္ၾကၿပီး စုေပါင္းကာ ဆြမ္းဆန္စိမ္းေလာင္းလွဴခဲ့ၾကသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ မက်င္းပမီတြင္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္အား ဘုရားအေနကဇာတင္ျခင္းအျဖစ္ နံနက္(၆)နာရီအခ်ိန္က တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရွိ ဓမၼာရံုတြင္ က်င္းပျပဳလုပ္ခ့ဲ့ရာ နဂါးႏွစ္ေကာင္ ဆရာေတာ္ဘုရားႀကီး ႏိုင္ငံေတာ္ၾသ၀ါဒ စရိယ အဘိဓဇ အဂၢမဟာသဒၶမေဇာတိက၊ အဂၢမဟာပ႑ိတ၊ Honorary Ph.D ဘဒၵႏၱ ဓမၼသီရိ ႏွင့္ သံဃာေတာ္အရွင္သူျမတ္မ်ား ၾကြေရာက္ေတာ္မူၾကသည္။

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္အား ၁၉၉၅ခုႏွစ္ ႏို၀င္ဘာ(၂)ရက္ေန႔က စတင္ ပႏၷက္တင္က တည္ထားခဲ့တာျဖစ္ၿပီး ေရႊထီးေတာ္တင္မဂၤလာႏွင့္ ဗုဒၶဘိေသကအေနကဇာတင္ပြဲကို ၁၉၉၈ခုႏွစ္ ႏို၀င္ဘာ(၁)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ထီးတော်တင်လှူခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်(၆း၄၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ ကိုရင်၊ သီလရှင် စုစုပေါင်း အပါး (၄၀၀)ဝန်းကျင် ကြွရောက်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မူကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူ အလှူရှင်များ လာရောက်ကြပြီး စုပေါင်းကာ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မကျင်းပမီတွင် တာချီလိတ်ရွှေတိဂုံစေတီတော်အား ဘုရားအနေကဇာတင်ခြင်းအဖြစ် နံနက်(၆)နာရီအချိန်က တာချီလိတ်ရွှေတိဂုံစေတီတော်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး နိုင်ငံတော်သြဝါဒ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ Honorary Ph.D ဘဒ္ဒန္တ ဓမ္မသီရိ နှင့် သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~