တာခ်ီလိတ္ၿမိဳ႕ ရွင္းမန္ေရႊဆိုင္မွ ေဖာက္ထြင္းခံရသည့္ ရတနာမ်ားႏွင့္အတူ ေတြ႕ရသည့္ ထိုင္းႏုိင္ငံသားအား စစ္ေဆးေန

တာခ်ီလိတ္ၿမိဳ႕ ရွင္းမန္ေရႊဆိုင္မွ ေဖာက္ထြင္းခံရသည့္ ရတနာမ်ားႏွင့္အတူ ေတြ႕ရသည့္ ထိုင္းႏုိင္ငံသားအား စစ္ေဆးေန
အောက်တိုဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ေခါင္ရပ္ကြက္ရိွ ရွင္းမန္ေရႊဆိုင္မွ က်ပ္(၈၀၀)သိန္းေက်ာ္တန္ဖိုးရိွ ေရႊထည္ပစၥည္းမ်ား ေဖာက္ထြင္းခံရမႈ အခင္းျဖစ္ပြားၿပီး တစ္ပတ္ အၾကာတြင္ သံသယရိွသူ ထုိင္းႏုိင္ငံသားအား ေဖာက္ထြင္းခံရသည့္ ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီး ရမိလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ ့မွဴးတို႔ ဦးစီးသည့္ ရဲတပ္ဖြဲ ၀င္မ်ားသည္ ေအာက္တိုဘာလ (၁၈) ရက္ေန႔ ည(၁၀)နာရီက မသကၤာဖြယ္ေတြ႔ရသည့္ ထိုင္းႏုိင္ငံသား Mr.Rachan အား စစ္ေဆးရွာေဖြခဲ့ရာမွ ေဖာက္ထြင္းခံရသည့္ ပစၥည္းမ်ားႏွင့္အတူ ရွာေဖြေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏုိင္ငံသားထံမွ ဆမ္ေဆာင္းအမ်ိဳးအစား လက္ကိုင္ဖုန္း(၁)လုံး၊ Mr.Rachan အမည္ပါ ထိုင္းႏိုင္ငံသား မွတ္ပုံတင္တစ္ခု၊ အရွည္(၈)လက္မခန္ ့ရိွ ဓာတ္မီး(၁)လက္၊Nike တံဆိပ္ပါ ဦးထုပ္တစ္လုံး၊ ေကာ္ေစ့ထည့္ပစ္ရေသာ ေကာ္ေသနတ္အမာ (၁)လက္တို႔ႏွင့္ တကြ ေက်ာက္စိမ္း၊ စိန္၊ ေက်ာက္နီတို႔ ပါ၀င္သည့္ ေရႊလက္စြပ္ (၄)ကြင္း၊ ပလက္တီနမ္ဆြဲႀကိဳး (၃)ကုံး၊ ေက်ာက္စိမ္း(၁)လုံးႏွင့္ ေက်ာက္နီ(၁)လုံးတို႔ကို စစ္ေဆးေတြ ့ရိွခဲ့ၿပီး အဆိုပါပစၥည္းမ်ားမွာ ေရႊဆုိင္ေဖာက္ထြင္းခံထားရေသာ အမႈမွ ေပ်ာက္ဆုံးပစၥည္းမ်ားျဖစ္ေနေၾကာင္း စစ္ေဆးေတြ ့ရိွရသျဖင့္ Mr.Rachanအား တာခ်ီလိတ္ၿမိဳ ့မ ရဲစခန္းတြင္ ဆက္လက္ စစ္ေဆးေနေၾကာင္း သိရသည္။

ရွင္းမန္ေရႊဆုိင္အား ေအာက္တိုဘာလ (၁၂)ရက္ေန႔က ေဖာက္ထြင္းခံရသျဖင့္ ေရႊဆိုင္ပိုင္ရွင္ျဖစ္သူ ဦးခ်စ္ထူမွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈအမွတ္ ၁၉၂/၂၀၁၆၊ ရာဇသတ္ႀကီး ပုဒ္မ(၃၈၀)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

( ဓါတ္ပံု - Wa Than )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်ရှိ ရှင်းမန်ရွှေဆိုင်မှ ကျပ်(၈၀၀)သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဖောက်ထွင်းခံရမှု အခင်းဖြစ်ပွားပြီး တစ်ပတ် အကြာတွင် သံသယရှိသူ ထိုင်းနိုင်ငံသားအား ဖောက်ထွင်းခံရသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးစီးသည့် ရဲတပ်ဖွဲ ဝင်များသည် အောက်တိုဘာလ (၁၈) ရက်နေ့ ည(၁၀)နာရီက မသင်္ကာဖွယ်တွေ့ရသည့် ထိုင်းနိုင်ငံသား Mr.Rachan အား စစ်ဆေးရှာဖွေခဲ့ရာမှ ဖောက်ထွင်းခံရသည့် ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားထံမှ ဆမ်ဆောင်းအမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ Mr.Rachan အမည်ပါ ထိုင်းနိုင်ငံသား မှတ်ပုံတင်တစ်ခု၊ အရှည်(၈)လက်မခန့်ရှိ ဓာတ်မီး(၁)လက်၊Nike တံဆိပ်ပါ ဦးထုပ်တစ်လုံး၊ ကော်စေ့ထည့်ပစ်ရသော ကော်သေနတ်အမာ (၁)လက်တို့နှင့် တကွ ကျောက်စိမ်း၊ စိန်၊ ကျောက်နီတို့ ပါဝင်သည့် ရွှေလက်စွပ် (၄)ကွင်း၊ ပလက်တီနမ်ဆွဲကြိုး (၃)ကုံး၊ ကျောက်စိမ်း(၁)လုံးနှင့် ကျောက်နီ(၁)လုံးတို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါပစ္စည်းများမှာ ရွှေဆိုင်ဖောက်ထွင်းခံထားရသော အမှုမှ ပျောက်ဆုံးပစ္စည်းများဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် Mr.Rachanအား တာချီလိတ်မြို့မ ရဲစခန်းတွင် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

ရှင်းမန်ရွှေဆိုင်အား အောက်တိုဘာလ (၁၂)ရက်နေ့က ဖောက်ထွင်းခံရသဖြင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ထူမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ တာချီလိတ်မြို့မရဲစခန်းတွင် အမှုအမှတ် ၁၉၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ(၃၈၀)ဖြင့် အမှုဖွင့်ဆောင်ရွက်နခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~