ႏုိင္ငံသစ္ေတာျပဳန္းတီးမႈမွာ သတၳဳတူးေဖၚမႈေၾကာင့္မဟုတ္ဟု သတၳဳလုပ္ငန္းရွင္အသင္းခ်ဳပ္ဆို

ႏုိင္ငံသစ္ေတာျပဳန္းတီးမႈမွာ သတၳဳတူးေဖၚမႈေၾကာင့္မဟုတ္ဟု သတၳဳလုပ္ငန္းရွင္အသင္းခ်ဳပ္ဆို
အောက်တိုဘာ 10, 2016
By Tachileik News Agency

သတၳဳတူးေဖာ္ထုတ္လုပ္မႈဧရိယာမွာ တစ္ႏိုင္ငံလံုးဧရိယာ၏ (၀.၄၃)ရာခိုင္ႏွဳန္းသာရွိသျဖင့္ ျမန္မာႏိုင္ငံ၏ သစ္ေတာျပဳန္းတီးမႈမွာ သတၱဳတူးေဖာ္မႈေၾကာင့္ မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ တာ၀န္ရွိသူက ျငင္းဆိုလိုက္သည္။

"ကၽြန္ေတာ္တို႔ တစ္ႏိုင္ငံလံုးမွာ သတၱဳတူးေဖာ္တဲ့ဧရိယာက (၂၃၀၀) စတုရန္းကီလိုမီတာသာရွိၿပီး တစ္ႏိုင္ငံလံုး ဧရိယာက (၆၆၇,၀၀၀) စတုရန္းကီလိုမီတာေက်ာ္ရွိတယ္ဆိုေတာ့ (၀.၄၃)ရာခိုင္ႏွဳန္းပဲ ကၽြန္ေတာ္တို႔ တူးေဖာ္ေနတာပါ။ ကၽြန္ေတာ္တို႔ သတၱဳတူးေဖာ္တာ တစ္ႏိုင္ငံလံုးရဲ႕ ေျမကို အသံုးခ်ေနတာ မဟုတ္တဲ့အတြက္ ကၽြန္ေတာ္တို႔ အသံုးျပဳတဲ့ ဧရိယာမွာေတာ့ ပ်က္စီးေကာင္း ပ်က္စီးမယ္။ က်န္တဲ့ ေနရာေတြမွာ ပ်က္စီးသြားတဲ့ သစ္ေတာျပဳန္းတီးမႈေတာ့ ကၽြန္ေတာ္တို႔နဲ႔ မဆိုင္ပါဘူး"ဟု ျမန္မာႏိုင္ငံ သတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံ၏ သစ္ေတာဧရိယာမွာ ၂၀၀၉ ခုႏွစ္မတုိင္မီက တစ္ႏွစ္လွ်င္ ဟက္တာ (၉၇,၀၀၀) ေက်ာ္ ဆုံး႐ႈံးခဲ့ရာမွ ယခုအခ်ိန္တြင္ ဟက္တာ (၁၈၅,၀၀၀) ေက်ာ္အထိ ႏွစ္ဆတုိး ဆုံး႐ႈံးလာေနၿပီး ျမန္မာ တစ္ႏိုင္ငံလံုး၏ သစ္ေတာဆံုးရွံဳးမႈမွာ ဟက္တာ (၁.၇)သန္းေက်ာ္ရွိေၾကာင္း Environmental Investigation Agency(EIA) က ထုတ္ျပန္သည့္ “ ျမန္မာ ႏွင့္ တ႐ုတ္ႏုိင္ငံတုိ႔အၾကား တရားမ၀င္ ကုန္လမ္းေၾကာင္း သစ္ကုန္သြယ္မႈ ” အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

"သတၱဳတူးေဖာ္မႈေၾကာင့္ သစ္ေတာဆံုးရွံဳးမႈကေတာ့ တကယ္ရွိတာပါ။ ကၽြန္ေတာ္တို႔ ရြာနားက ေတာေတြ ေတာင္ေတြက ငယ္ငယ္တုန္းက စိမ္းစိုၿပီး သစ္ပင္အႀကီးႀကီးေတြနဲ႔ အခုလာၾကည့္ ေတာင္တစ္ခုလံုး ကတံုးျဖစ္သြားတဲ့အျပင္ ေတာင္ႀကီးကိုပါ ၿဖိဳပစ္လိုက္တာ။ အရင္က ထင္းခုတ္ရတာ လြယ္တယ္။ အခု ထင္းေတာင္ ရွားသြားၿပီ။ ေျမတူးလို႔တစ္ခုတည္းမဟုတ္ဘူး။"ဟု တာေလၿမိဳ႕၊ နားဟိုင္းလံုေက်းရြာေန ကိုစိုင္းလံုက ေျပာသည္။

သတၱဳတူးေဖာ္မႈတြင္ လိႈဏ္ေခါင္းေဖာက္တူးေဖာ္ရာ၌ လွိဳဏ္ေခါင္းအတြင္း ေျမထိန္းနံရံမ်ား ၿပိဳက်မႈမရွိရန္ သစ္ပင္မ်ားခုတ္ထြင္၍ ကာရံရျခင္းေၾကာင့္ သစ္ေတာပ်က္စီးမႈရွိၿပီး အေပၚယံေျမလႊာ ဖြင့္တူးေဖာ္ရာ တြင္လည္း သစ္ပင္အားလံုး ၿဖိဳလွဲ၍ ေျမတူးေဖာ္ရျခင္းေၾကာင့္ သစ္ေတာျပဳန္းတီးမႈမ်ားရိွသည္ဟု ေဒသခံမ်ားက ဆိုသည္။

ျမန္မာႏိုင္ငံတြင္ သစ္ေတာ အမ်ိဳးအစားမ်ားအလုိက္ သစ္ေတာဧရိယာ စုစုေပါင္း (၁၃၆,၅၈၁) စတုရန္းမုိင္ရွိၿပီး စိစစ္ေလ့လာေတြ႕ရွိရသည့္ သစ္ေတာအမ်ိဳးအစားမ်ားမွာ ဒီေရေတာ ဧရိယာ( ၅,၃၀၉) စတုရန္းမုိင္၊ အပူပိုင္းအၿမဲစိမ္းေတာ (၂၁,၂၃၅) စတုရန္းမုိင္၊ ရြက္ျပတ္ေရာေႏွာေတာ (၅၁,၇၆၄) စတုရန္းမုိင္၊ ေတာေျခာက္ (၁၃,၂၇၄) စတုရန္းမုိင္၊ အင္တုိင္းေတာ (၆,၆၃၇) စတုရန္းမုိင္၊ ေတာင္ေပၚႏွင့္ သမပိုင္းအၿမဲစိမ္းေတာ (၃၄,၅၀၉) စတုရန္းမုိင္၊ ေတာနိမ့္ ခ်ဳံပုတ္ေတာ (၃,၈၅၃) စတုရန္းမုိင္ရိွေၾကာင္း သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး ၀န္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

သတ္ထုတူးဖော်ထုတ်လုပ်မှုဧရိယာမှာ တစ်နိုင်ငံလုံးဧရိယာ၏ (ဝ.၄၃)ရာခိုင်နှုန်းသာရှိသဖြင့် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ သတ္တုတူးဖော်မှုကြောင့် မဟုတ်ကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ငြင်းဆိုလိုက်သည်။

"ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ သတ္တုတူးဖော်တဲ့ဧရိယာက (၂၃၀၀) စတုရန်းကီလိုမီတာသာရှိပြီး တစ်နိုင်ငံလုံး ဧရိယာက (၆၆၇,ဝဝဝ) စတုရန်းကီလိုမီတာကျော်ရှိတယ်ဆိုတော့ (ဝ.၄၃)ရာခိုင်နှုန်းပဲ ကျွန်တော်တို့ တူးဖော်နေတာပါ။ ကျွန်တော်တို့ သတ္တုတူးဖော်တာ တစ်နိုင်ငံလုံးရဲ့ မြေကို အသုံးချနေတာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ အသုံးပြုတဲ့ ဧရိယာမှာတော့ ပျက်စီးကောင်း ပျက်စီးမယ်။ ကျန်တဲ့ နေရာတွေမှာ ပျက်စီးသွားတဲ့ သစ်တောပြုန်းတီးမှုတော့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး"ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးခင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောဧရိယာမှာ ၂၀၀၉ ခုနှစ်မတိုင်မီက တစ်နှစ်လျှင် ဟက်တာ (၉၇,ဝဝဝ) ကျော် ဆုံးရှုံးခဲ့ရာမှ ယခုအချိန်တွင် ဟက်တာ (၁၈၅,ဝဝဝ) ကျော်အထိ နှစ်ဆတိုး ဆုံးရှုံးလာနပြေီး မြန်မာ တစ်နိုင်ငံလုံး၏ သစ်တောဆုံးရှုံးမှုမှာ ဟက်တာ (၁.၇)သန်းကျော်ရှိကြောင်း Environmental Investigation Agency(EIA) က ထုတ်ပြန်သည့် “ မြန်မာ နှင့် တရုတ်နိုင်ငံတို့အကြား တရားမဝင် ကုန်လမ်းကြောင်း သစ်ကုန်သွယ်မှု ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

"သတ္တုတူးဖော်မှုကြောင့် သစ်တောဆုံးရှုံးမှုကတော့ တကယ်ရှိတာပါ။ ကျွန်တော်တို့ ရွာနားက တောတွေ တောင်တွေက ငယ်ငယ်တုန်းက စိမ်းစိုပြီး သစ်ပင်အကြီးကြီးတွေနဲ့ အခုလာကြည့် တောင်တစ်ခုလုံး ကတုံးဖြစ်သွားတဲ့အပြင် တောင်ကြီးကိုပါ ဖြိုပစ်လိုက်တာ။ အရင်က ထင်းခုတ်ရတာ လွယ်တယ်။ အခု ထင်းတောင် ရှားသွားပြီ။ မြေတူးလို့တစ်ခုတည်းမဟုတ်ဘူး။"ဟု တာလမြေို့၊ နားဟိုင်းလုံကျေးရွာနေ ကိုစိုင်းလုံက ပြောသည်။

သတ္တုတူးဖော်မှုတွင် လှိုဏ်ခေါင်းဖောက်တူးဖော်ရာ၌ လှိုဏ်ခေါင်းအတွင်း မြေထိန်းနံရံများ ပြိုကျမှုမရှိရန် သစ်ပင်များခုတ်ထွင်၍ ကာရံရခြင်းကြောင့် သစ်တောပျက်စီးမှုရှိပြီး အပေါ်ယံမြေလွှာ ဖွင့်တူးဖော်ရာ တွင်လည်း သစ်ပင်အားလုံး ဖြိုလှဲ၍ မြေတူးဖော်ရခြင်းကြောင့် သစ်တောပြုန်းတီးမှုများရှိသည်ဟု ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတွင် သစ်တော အမျိုးအစားများအလိုက် သစ်တောဧရိယာ စုစုပေါင်း (၁၃၆,၅၈၁) စတုရန်းမိုင်ရှိပြီး စိစစ်လေ့လာတွေ့ရှိရသည့် သစ်တောအမျိုးအစားများမှာ ဒီရေတော ဧရိယာ( ၅,၃၀၉) စတုရန်းမိုင်၊ အပူပိုင်းအမြဲစိမ်းတော (၂၁,၂၃၅) စတုရန်းမိုင်၊ ရွက်ပြတ်ရောနှောတော (၅၁,၇၆၄) စတုရန်းမိုင်၊ တောခြောက် (၁၃,၂၇၄) စတုရန်းမိုင်၊ အင်တိုင်းတော (၆,၆၃၇) စတုရန်းမိုင်၊ တောင်ပေါ်နှင့် သမပိုင်းအမြဲစိမ်းတော (၃၄,၅၀၉) စတုရန်းမိုင်၊ တောနိမ့် ချုံပုတ်တော (၃,၈၅၃) စတုရန်းမိုင်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~