RCSS/SSA မ ွေတာင္ႀကီးတြင္ ေဒသခံမ်ားႏွင့္ေတြ႕ဆံုၿပီး ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ရွင္းလင္း

RCSS/SSA မ ွေတာင္ႀကီးတြင္ ေဒသခံမ်ားႏွင့္ေတြ႕ဆံုၿပီး ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ရွင္းလင္း
အောက်တိုဘာ 6, 2016
By Tachileik News Agency

တစ္ႏုိင္ငံလံုးအပစ္ရပ္စာခ်ဳပ္ (NCA)လက္မွတ္ေရးထိုးထားသည့္ ရွမ္းျပန္လည္ထူေထာင္ေရးေကာင္စီ/ ရွမ္းျပည္တပ္မေတာ္ (RCSS/SSA)က  ရွမ္းျပည္နယ္အတြင္း လူထုရွင္းလင္းပြဲ လုပ္ေဆာင္ေနလွ်က္ရွိရာ ေအာက္တိုဘာလ (၆) ရက္ေန႔က နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕တြင္ လူထုေတြ႔ဆံုမႈ ျပဳလုပ္ခဲ့သည္။

“အဓိကေတာ့ ကၽြန္ေတာ္တို႔ NCA(တစ္ႏုိင္ငံလံုးအပစ္ရပ္စာခ်ဳပ္)အရ ကၽြန္ေတာ္တို႔ အဖြဲ႕အစည္းရဲ႕ မူ၀ါဒအရ လူထုေတြ႕ဆံုပြဲကို လုပ္ရျခင္း ျဖစ္ပါတယ္။ ရွမ္းအေရွ႕၊ ရွမ္းေျမာက္၊ ရွမ္းေတာင္ ဆိုၿပီးအဖြဲ႕ သံုးဖြဲ႕ခြဲပါတယ္။ ဒီ (၁၅) ရက္အတြင္းမွာ လူထုေတြနဲ႔ေတြ႔ဆံုမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ပါ။”ဟု RCSS/SSA  မွ ဒုဗိုလ္မွဴးႀကီးစိုင္းငင္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

RCSS/SSA မွ ဗိုလ္မွဴးႀကီး ေအာင္တိန္း၊ ဒုဗိုလ္မွဴးႀကီးစိုင္းငင္းႏွင့္ ဦးစိုင္းမ်ဳိးသန္႔တို႔ ပါဝင္သည့္အဖြဲ႕က RCSS/SSA ၏ မူဝါဒမ်ားကို ရွင္းလင္းျခင္း၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ား၊ ၂၁ ပင္လံုညီလာခံအေၾကာင္းမ်ား စသျဖင့္ အေၾကာင္းအရာ (၅)ခုကို ေဆြးေႏြးခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ေဆြးေႏြးပြဲအၿပီးတြင္ ပင္ေလာင္းၿမိဳ႕၌ ဆက္လက္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

RCSS/ SSA တောင်ကြီးတွင် ဒေသခံများနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်ရှင်းလင်း
နိုနို (တောင်ကြီး)

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် ရှမ်းပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)က ရှမ်းပြည်နယ်အတွင်း လူထုရှင်းလင်းပွဲ လုပ်ဆောင်နေလျှက်ရှိရာ အောက်တိုဘာလ (၆) ရက်နေ့က နံနက်ပိုင်းက တောင်ကြီးမြို့တွင် လူထုတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

“အဓိကတော့ ကျွန်တော်တို့ NCA(တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်)အရ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ မူဝါဒအရ လူထုတွေ့ဆုံပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်။ ရှမ်းအရှေ့၊ ရှမ်းမြောက်၊ ရှမ်းတောင် ဆိုပြီးအဖွဲ့ သုံးဖွဲ့ခွဲပါတယ်။ ဒီ (၁၅) ရက်အတွင်းမှာ လူထုတွေနဲ့တွေ့ဆုံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။”ဟု RCSS/SSA မှ ဒုဗိုလ်မှူးကြီးစိုင်းငင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

RCSS/SSA မှ ဗိုလ်မှူးကြီး အောင်တိန်း၊ ဒုဗိုလ်မှူးကြီးစိုင်းငင်းနှင့် ဦးစိုင်းမျိုးသန့်တို့ ပါဝင်သည့်အဖွဲ့က RCSS/SSA၏ မူဝါဒများကို ရှင်းလင်းခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ၂၁ ပင်လုံညီလာခံအကြောင်းများ စသဖြင့် အကြောင်းအရာ (၅)ခုကို ဆွေးနွေးခင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ဆွေးနွေးပွဲအပြီးတွင် ပင်လောင်းမြို့၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~