ထိုင္းေတာ္ဝင္မိသားစုကို အသေရဖ်က္သည္ဟု ယူဆရသူအား တရားစြဲရန္ ဖူးခက္၌ လူေပါင္း ၁၀၀ နီးပါးစုေဝး ဆႏၵျပ

ထိုင္းေတာ္ဝင္မိသားစုကို အသေရဖ်က္သည္ဟု ယူဆရသူအား တရားစြဲရန္ ဖူးခက္၌ လူေပါင္း ၁၀၀ နီးပါးစုေဝး ဆႏၵျပ
အောက်တိုဘာ 15, 2016
By Tachileik News Agency

ထုိင္းေတာ္ဝင္မိသားစုကို ဂုဏ္သိကၡာထိခိုက္ေစေအာင္ ျပဳလုပ္တယ္လို႔ ယူဆတာေၾကာင့္ ဖူးခက္ၿမိဳ႕က ပဲႏို႔ရည္ဆုိင္ရွင္ရဲ႕သားကို ဖမ္းဆီးေပးဖို႔  လူအုပ္ႀကီးဟာ ေသာၾကာေန႔ညပိုင္းမွာ နာရီေပါင္းမ်ားစြာ ဆိုင္ေရွ႕မွာ စုေဝးဆႏၵျပၾကပါတယ္။

ထုိင္းေတာ္ဝင္မိသားစုအေရးနဲ႔ ပတ္သက္ရင္ လုိက္နာရမယ့္ ဥပေဒကို ခ်ိဳးေဖါက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာမွာ မွတ္ခ်က္ေပးတယ္လို႔ ယူဆတာေၾကာင့္ အဲဒီ ပဲႏို႔ရည္ဆိုင္ေရွ႕မွာ ေသာၾကာေန႔ ည(၁၁)နာရီေလာက္မွာ လူ(၁၀၀)ထက္မနည္း စုေဝးခဲ့ၾကတာပါ။

တကယ္ေတာ့ ေဖ့စ္ဘုတ္မွာ ၂၀၁၅ ၾသဂုတ္လကတည္းက တင္ထားၿပီး ေသာၾကာေန႔ ညမွာေတာ့ ျဖန္႔ေဝသူ လူေပါင္း (၁၁,၀၀၀)ေလာက္ရိွခဲ့တဲ့ ဗီဒီယိုတစ္ခုမွာ ေရးခဲ့တဲ့ မွတ္ခ်က္ေၾကာင့္လို႔ သိရပါတယ္။

ပိတ္ထားတဲ့ ဆိုင္ေရွ႕မွာ ေအာ္ဟစ္ေနတဲ့ လူအုပ္အျပင္ ေနာက္ထပ္ ပူးေပါင္းပါဝင္သူေတြလည္း ထပ္ေရာက္လာတာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ (၃၀)ေလာက္ဟာ (၄)နာရီေလာက္ၾကာေအာင္ ေဖ်ာင္းျဖခဲ့ရတယ္လို႔ သိရပါတယ္။

ဒီလူေတြဟာ စေနေန႔ နံနက္ (၃)နာရီေလာက္မွာ ေအးေအးေဆးေဆး ျပန္သြားၾကတယ္လို႔ ဖူးခက္ရဲဌာနက အရာရိွ Theerapol Thipcharoen ကေျပာ ပါတယ္။

“ႏုိင္ငံက အခုခ်ိန္မွာ ပူေဆြးေသာက ေရာက္ေနၾကပါတယ္။ မင္းဆက္အေျပာင္းအလဲကာလမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရိွခ်င္ပါတယ္လို႔ လူထုကို ေဖ်ာင္းျဖရတာပါ။ ဒီေတာ့ သူတို႔လည္း ေအးေအးေဆးေဆး ျပန္သြားၾကပါတယ္”လို႔ Theerapol Thipcharoen ကေျပာပါတယ္။

ဆိုင္ရွင္ရဲ႕သားကိုေတာ့ ေတာ္ဝင္မိသားစုကို အသေရဖ်က္မႈပုဒ္မအျပင္ ကြန္ပ်ဴတာမႈခင္းပုဒ္မနဲ႔ပါ စြဲဆိုေပမဲ့ သက္ေသအေထာက္အထား မရိွတာေၾကာင့္ ေနာက္ပိုင္းမွာ ျပန္လႊတ္ေပးလိုက္ပါတယ္။

ဆႏၵျပတဲ့အဖြဲ႕ေခါင္းေဆာင္ကေတာ့ သက္ေသအေထာက္အထားရွာၿပီး တင္ျပမယ္လို႔ ဆိုပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; khaosodenglish.com

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းတော်ဝင်မိသားစုကို ဂုဏ်သိက္ခါထိခိုက်စေအောင် ပြုလုပ်တယ်လို့ ယူဆတာကြောင့် ဖူးခက်မြို့က ပဲနို့ရည်ဆိုင်ရှင်ရဲ့သားကို ဖမ်းဆီးပေးဖို့ လူအုပ်ကြီးဟာ သောကြာနေ့ညပိုင်းမှာ နာရီပေါင်းများစွာ ဆိုင်ရှေ့မှာ စုဝေးဆန္ဒပြကြပါတယ်။

ထိုင်းတော်ဝင်မိသားစုအရေးနဲ့ ပတ်သက်ရင် လိုက်နာရမယ့် ဥပဒေကို ချိုးဖောက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ မှတ်ချက်ပေးတယ်လို့ ယူဆတာကြောင့် အဲဒီ ပဲနို့ရည်ဆိုင်ရှေ့မှာ သောကြာနေ့ ည(၁၁)နာရီလောက်မှာ လူ(၁၀၀)ထက်မနည်း စုဝေးခဲ့ကြတာပါ။

တကယ်တော့ ဖေ့စ်ဘုတ်မှာ ၂၀၁၅ သြဂုတ်လကတည်းက တင်ထားပြီး သောကြာနေ့ ညမှာတော့ ဖြန့်ဝေသူ လူပေါင်း (၁၁,ဝဝဝ)လောက်ရှိခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ရေးခဲ့တဲ့ မှတ်ချက်ကြောင့်လို့ သိရပါတယ်။

ပိတ်ထားတဲ့ ဆိုင်ရှေ့မှာ အော်ဟစ်နေတဲ့ လူအုပ်အပြင် နောက်ထပ် ပူးပေါင်းပါဝင်သူတွေလည်း ထပ်ရောက်လာတာကြောင့် ရဲတပ်ဖွဲ့ဝင် (၃၀)လောက်ဟာ (၄)နာရီလောက်ကြာအောင် ဖျောင်းဖြခဲ့ရတယ်လို့ သိရပါတယ်။

ဒီလူတွေဟာ စနေနေ့ နံနက် (၃)နာရီလောက်မှာ အေးအေးဆေးဆေး ပြန်သွားကြတယ်လို့ ဖူးခက်ရဲဌာနက အရာရှိ Theerapol Thipcharoen ကပြော ပါတယ်။

“နိုင်ငံက အခုချိန်မှာ ပူဆွေးသောက ရောက်နကြေပါတယ်။ မင်းဆက်အပြောင်းအလဲကာလမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိချင်ပါတယ်လို့ လူထုကို ဖျောင်းဖြရတာပါ။ ဒီတော့ သူတို့လည်း အေးအေးဆေးဆေး ပြန်သွားကြပါတယ်”လို့ Theerapol Thipcharoen ကပြောပါတယ်။

ဆိုင်ရှင်ရဲ့သားကိုတော့ တော်ဝင်မိသားစုကို အသရေဖျက်မှုပုဒ်မအပြင် ကွန်ပျူတာမှုခင်းပုဒ်မနဲ့ပါ စွဲဆိုပေမဲ့ သက်သေအထောက်အထား မရှိတာကြောင့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဆန္ဒပြတဲ့အဖွဲ့ခေါင်းဆောင်ကတော့ သက်သေအထောက်အထားရှာပြီး တင်ပြမယ်လို့ ဆိုပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; khaosodenglish.com

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~