နောင်တရားမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျပ် (၂၅)သိန်းဖိုးခန့် ပျက်စီးဆုံးရှုံး
နောင်တရားမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျပ် (၂၅)သိန်းဖိုးခန့် ပျက်စီးဆုံးရှုံး
အောကျတိုဘာ 2, 2016
By Tachileik News Agency
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် စက်တင်ဘာလ (၂၉)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်က တိုက်ခတ်သည့် လေပြင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် (၂၅)သိန်းခန့် ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်းထားသည့် နှစ်ထပ်အိမ်ခေါင်မိုးမှ သွပ်စုစုပေါင်း (၁၉၀)ချပ်၊ အိမ်ခေါင်ထုတ်တန်း၊ ဒိုင်း၊ အမိုးတန်း စုစုပေါင်း သစ်(၂)တန်ခွဲခန့် ကျိုးပဲ့ပျက်စီးကာ လေနှင့်အတူပါသွားပြီး နေအိမ်နှင့်ပေ(၂၀၀)ခန့် အကွာတွင် ပြုတ်ကျပျက်စီးသွားခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် စက်တင်ဘာလ (၂၉)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်က တိုက်ခတ်သည့် လပြေင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် (၂၅)သိန်းခန့် ရှိကြောင်း သိရသည်။
“ညနေ (၅)နာရီအချိန်မှာ မိုးတွေအရမ်းကိုရွာပြီး လေအရမ်းတိုက်ပါတယ်။ ကျွန်တော်တို့အိမ်မှာ ခေါင်မိုးတွေ အကုန်လန်သွားတယ်။ တခြားအိမ်တွေလည်း နည်းနည်းပါးပါးဖြစ်ပါတယ်”ဟု လပြေင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုအများဆုံးဖြစ်သွားသည့် နေအိမ်ပိုင်ရှင် နောင်တရားမြို့ ရပ်ကွက်(၃) ခတ္တာလမ်းမှ ဦးထွန်းလှိုင်က ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လပြေင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ အင်္ဂေတခင်းထားသည့် နှစ်ထပ်အိမ်ခေါင်မိုးမှ သွပ်စုစုပေါင်း (၁၉၀)ချပ်၊ အိမ်ခေါင်ထုတ်တန်း၊ ဒိုင်း၊ အမိုးတန်း စုစုပေါင်း သစ်(၂)တန်ခွဲခန့် ကျိုးပဲ့ပျက်စီးကာ လေနှင့်အတူပါသွားပြီး နေအိမ်နှင့်ပေ(၂၀၀)ခန့် အကွာတွင် ပြုတ်ကျပျက်စီးသွားခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~