တာခ်ီလိတ္ - မိုင္းျဖတ္လမ္းေပၚ ဆိုင္ကယ္ႏွင့္ကား မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ တပ္မေတာ္သား (၂)ဦး ေသဆံုး

တာခ်ီလိတ္ - မိုင္းျဖတ္လမ္းေပၚ ဆိုင္ကယ္ႏွင့္ကား မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ တပ္မေတာ္သား (၂)ဦး ေသဆံုး
အောက်တိုဘာ 21, 2016
By Tachileik News Agency

တာခ်ီလိတ္ - မိုင္းျဖတ္ လမ္းေပၚတြင္ ေမာ္ေတာ္ယာဥ္ ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တို႔  မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ အမ်ဳိးသား(၂)ဦး ရရွိသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားၿပီး ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု ပါခါးႏြဲ႕ရြာႏွင့္ ပါဟုတ္ရြာအၾကားတြင္ တာေလဘက္မွ မိုင္းျဖတ္ဘက္သို႔ အမွတ္(၃၈၈) အေျမာက္တပ္ရင္းမွ တပ္ၾကပ္ႀကီး ေဇာ္မင္းထြန္း ေမာင္းႏွင္လာၿပီး တပ္ၾကပ္ႀကီးစာေရး တင္မ်ဳိးေဇာ္ လိုက္ပါလာသည့္ ဟြန္ဒါအမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ မိုင္းျဖတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ အီစူဇူးအမ်ဳိးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ ဆိုင္ကယ္ျဖင့္ လာသူ ႏွစ္ဦးမွာ ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

ယင္းျဖစ္စဥ္သည္  ေအာက္တိုဘာလ (၂၁)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲေက်ာ္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ခႏၶာကိုယ္ က်ဳိးေၾကဒဏ္ရာမ်ား ရရွိခဲ့သည့္ တပ္မေတာ္သား ႏွစ္ဦးအား မိုင္းျဖတ္ေဆးရံုသို႔ ပို႔ေဆာင္စဥ္ လမ္း၌ ေသဆံံုးသြားခဲ့ေၾကာင္းႏွင့္ မိုင္းျဖတ္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္၏ ယာဥ္ေမာင္းမွာ အခင္းျဖစ္ပြားရာ ေနရာ၌ပင္ ေမာ္ေတာ္ယာဥ္အား ထားခဲ့ၿပီး ထြက္ေျပး တိမ္းေရွာင္သြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမာ္ေတာ္ယာဥ္ကိုထားခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္သြားသူအား တရားဥပေဒအရ အေရးယူႏိုင္ရန္အတြက္ တာေလရဲစခန္းတြင္ အမႈဖြင့္လွစ္ထားၿပီး စံုစမ္းေနလွ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - မိုင်းဖြတ် လမ်းပေါ်တွင် မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား(၂)ဦး ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားပြီး မော်တော်ယာဉ်မောင်းနှင်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု ပါခါးနွဲ့ရွာနှင့် ပါဟုတ်ရွာအကြားတွင် တာလေဘက်မှ မိုင်းဖြတ်ဘက်သို့ အမှတ်(၃၈၈) အမြောက်တပ်ရင်းမှ တပ်ကြပ်ကြီး ဇော်မင်းထွန်း မောင်းနှင်လာပြီး တပ်ကြပ်ကြီးစာရေး တင်မျိုးဇော် လိုက်ပါလာသည့် ဟွန်ဒါအမျိုးအစား မော်တော်ဆိုင်ကယ် နှင့် မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် အီစူဇူးအမျိုးအစား ခဲရောင်မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်ဖြင့် လာသူ နှစ်ဦးမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်သည် အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လယ်(၂)နာရီခွဲကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ် ကျိုးကြေဒဏ်ရာများ ရရှိခဲ့သည့် တပ်မတော်သား နှစ်ဦးအား မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်းနှင့် မိုင်းဖြတ်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်၏ ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် မော်တော်ယာဉ်အား ထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်ကိုထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူအား တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် တာလေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး စုံစမ်းနေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~