မိုိုင္းလားသို႔ တင္ပို႔မည့္ ထိုင္းႏို္င္ငံမွ သစ္သီးမ်ား မယ္ဆိုင္သို႔ ျပန္လည္ တင္ပို႔ေနရ

မိုိုင္းလားသို႔ တင္ပို႔မည့္ ထိုင္းႏို္င္ငံမွ သစ္သီးမ်ား မယ္ဆိုင္သို႔ ျပန္လည္ တင္ပို႔ေနရ
အောက်တိုဘာ 25, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံမွ တဆင့္ အထူးေဒသ(၄)မိုင္းလားသို႔ တင္ပို႔မည့္ သစ္သီးမ်ား ၀မ္တာပင္းဂိတ္ပိတ္ထားမႈေၾကာင့္ မယ္ဆိုင္ၿမိဳ႕သို႔ ျပန္လည္ပို႔ေဆာင္ရေၾကာင္း တာခ်ီလိတ္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတား တာ၀န္ရွိသူမ်ားထံမွ သိရသည္။

"မေန႔မနက္က သစ္သီးလွည္း (၅)စီးေလာက္ကို မယ္ဆိုင္ျပန္ယူသြားၾကတယ္။ အဓိက က်ိဳင္းတံု - မိုင္းလား လမ္းေပၚက ၀မ္တာပင္း ဂိတ္ျဖတ္သန္းခြင့္ကို ပိတ္ထားလို႔"ဟု ခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွ တစ္ပိုင္တစ္ႏိုင္ကုန္စည္မ်ားအား (၃)ရာခိုင္ႏွဳန္းေကာက္ခံသည့္ အဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ထိုင္းႏိုင္ငံမွ တင္သြင္းလာေသာ သစ္သီးမ်ားမွာ က်ိဳင္းတံုမွတဆင့္ မိုင္းလားသို႔ ေန႔စဥ္တင္ပို႔ေနျခင္းျဖစ္ၿပီး ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္  မိုင္းလား - က်ဳိင္းတံုအၾကားရွိ ၀မ္တာပင္းဂိတ္အား ျဖတ္သန္းခြင့္ ပိတ္ပင္ထားျခင္းျဖစ္သည္။

"သစ္သီးေတြက မိုင္းလားကေနတဆင့္ တရုတ္ကို ပို႔တာလည္းရွိတယ္။ အဓိကေတာ့ မယ္ဆိုင္ၿမိဳ႕က သံုးဘီးနဲ႔ သယ္လာၿပီး တာခ်ီလိတ္ေရာက္ရင္ ကားေပၚတင္တယ္။ သံုးဘီး(၆)စီးကို ကားတစ္စီးႏွဳန္းေလာက္ ရွိတယ္။ မိုင္းလားဘက္က သစ္သီးအ၀ယ္မ်ားရင္ ပိုၿပီးပို႔ရတယ္"ဟု သံုးဘီးျဖင့္ သစ္သီးသယ္ေဆာာင္သူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွတဆင့္ မိုင္းလားသို႔ တင္ပို႔သည့္ သစ္သီးမ်ားမွာ ေန႔စဥ္ပ်မ္းမွ်အားျဖင့္ (၃)ဘီးဆိုင္ကယ္ျဖင့္ (၁၀)စီး ပတ္၀န္းက်င္ခန္႔ရွိေၾကာင္း သံုးဘီးဆိုင္ကယ္ျဖင့္ သစ္သီးသယ္ပို႔ေနသူမ်ားထံမွသိရသည္။

သတင္း - ကိုဇက္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ တဆင့် အထူးဒေသ(၄)မိုင်းလားသို့ တင်ပို့မည့် သစ်သီးများ ဝမ်တာပင်းဂိတ်ပိတ်ထားမှုကြောင့် မယ်ဆိုင်မြို့သို့ ပြန်လည်ပို့ဆောင်ရကြောင်း တာချီလိတ် အမှတ်(၁)ချစ်ကြည်ရေးတံတား တာဝန်ရှိသူများထံမှ သိရသည်။

"မနေ့မနက်က သစ်သီးလှည်း (၅)စီးလောက်ကို မယ်ဆိုင်ပြန်ယူသွားကြတယ်။ အဓိက ကျိုင်းတုံ - မိုင်းလား လမ်းပေါ်က ဝမ်တာပင်း ဂိတ်ဖြတ်သန်းခွင့်ကို ပိတ်ထားလို့"ဟု ချစ်ကြည်ရေးတံတားအမှတ်(၁)မှ တစ်ပိုင်တစ်နိုင်ကုန်စည်များအား (၃)ရာခိုင်နှုန်းကောက်ခံသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသော သစ်သီးများမှာ ကျိုင်းတုံမှတဆင့် မိုင်းလားသို့ နေ့စဉ်တင်ပို့နခြေင်းဖြစ်ပြီး အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိုင်းလား - ကျိုင်းတုံအကြားရှိ ဝမ်တာပင်းဂိတ်အား ဖြတ်သန်းခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

"သစ်သီးတွေက မိုင်းလားကနေတဆင့် တရုတ်ကို ပို့တာလည်းရှိတယ်။ အဓိကတော့ မယ်ဆိုင်မြို့က သုံးဘီးနဲ့ သယ်လာပြီး တာချီလိတ်ရောက်ရင် ကားပေါ်တင်တယ်။ သုံးဘီး(၆)စီးကို ကားတစ်စီးနှုန်းလောက် ရှိတယ်။ မိုင်းလားဘက်က သစ်သီးအဝယ်များရင် ပိုပြီးပို့ရတယ်"ဟု သုံးဘီးဖြင့် သစ်သီးသယ်ဆောင်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှတဆင့် မိုင်းလားသို့ တင်ပို့သည့် သစ်သီးများမှာ နေ့စဉ်ပျမ်းမျှအားဖြင့် (၃)ဘီးဆိုင်ကယ်ဖြင့် (၁၀)စီး ပတ်ဝန်းကျင်ခန့်ရှိကြောင်း သုံးဘီးဆိုင်ကယ်ဖြင့် သစ်သီးသယ်ပို့နေသူများထံမှသိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~