အမည္ေနရပ္မသိအမ်ိဳးသားတစ္ဦးအေလာင္း ေရႊေတာင္ရြာ ဆည္ေျမာင္းတြင္ ေတြ႔ရိွ

အမည္ေနရပ္မသိအမ်ိဳးသားတစ္ဦးအေလာင္း ေရႊေတာင္ရြာ ဆည္ေျမာင္းတြင္ ေတြ႔ရိွ
အောက်တိုဘာ 18, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ေရႊေတာင္ရြာရိွ စုိက္ပ်ိဳးေရးျခံ အနီးရိွ ကင္းတားဆည္မွ ေရေပးေျမာင္း အတြင္း ေအာက္တိုဘာလ (၁၈) နံနက္ (၁၀) နာရီခန္႔တြင္ ေတြ႔ရသည့္ အမ်ိဳးသား အေလာင္းကုိ အမည္ေနရပ္ အတည္မျပဳႏုိင္ေသးဘဲ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

 “အရပ္ (၅)ေပ (၅)လက္မခန္႔ရွိၿပီး TNT တံဆိပ္ပါ တီရွပ္ ဝတ္ဆင္ထားပါတယ္။ ဝဲဘက္လက္သူၾကြယ္မွာ ေရႊေရာင္လက္စြပ္တစ္ကြင္း ဝတ္ဆင္ထားၿပီး အသက္ (၄၀)နဲ႔ (၅၀)ၾကားလို႔ ခန္႔မွန္းရပါတယ္။ မ်က္နွာနဲ႔ ခႏၶာကိုယ္မွာ ငါးေတြ၊ ဂဏန္းေတြ ကိုက္စားခံထားရတယ္လို႔ ယူဆရပါတယ္။ အနီးအနား ပတ္ဝန္းက်င္ ေက်းရြာက အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ေဒသခံေတြကို ေခၚၿပီးအတည္ျပဳေပမဲ့ သူတို႔ရြာဘက္က မဟုတ္ဖူးလို႔ပဲ ေျပာတယ္။ ပုပ္ပြေနေတာ့ မ်က္ႏွာပံုကလည္း မွန္းရခက္ေနတယ္” ဟု ေရႊေတာင္နယ္ေျမ ရဲစခန္းမွဴး ရဲအုပ္တင္ထြန္းေအာင္က Tachileik News Agency (တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

အဆိုပါ အေလာင္းအား ဝမ္းတြင္းၿမိဳ႕ျပည္သူ႔ေဆးရုံသုိ႔ ပို႔ေဆာင္ၿပီး ေသမွဳေသခင္းအမွတ္ ၄/၂၀၁၆ ျဖင့္ ေရႊေတာင္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရှိ စိုက်ပျိုးရေးခြံ အနီးရှိ ကင်းတားဆည်မှ ရေပေးမြောင်း အတွင်း အောက်တိုဘာလ (၁၈) နံနက် (၁၀) နာရီခန့်တွင် တွေ့ရသည့် အမျိုးသား အလောင်းကို အမည်နေရပ် အတည်မပြုနိုင်သေးဘဲ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 “အရပ် (၅)ပေ (၅)လက်မခန့်ရှိပြီး TNT တံဆိပ်ပါ တီရှပ် ဝတ်ဆင်ထားပါတယ်။ ဝဲဘက်လက်သူကြွယ်မှာ ရွှေရောင်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားပြီး အသက် (၄၀)နဲ့ (၅၀)ကြားလို့ ခန့်မှန်းရပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ငါးတွေ၊ ဂဏန်းတွေ ကိုက်စားခံထားရတယ်လို့ ယူဆရပါတယ်။ အနီးအနား ပတ်ဝန်းကျင် ကျေးရွာက အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေကို ခေါ်ပြီးအတည်ပြုပေမဲ့ သူတို့ရွာဘက်က မဟုတ်ဖူးလို့ပဲ ပြောတယ်။ ပုပ်ပွနေတော့ မျက်နှာပုံကလည်း မှန်းရခက်နေတယ်” ဟု ရွှေတောင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်ထွန်းအောင်က Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

အဆိုပါ အလောင်းအား ဝမ်းတွင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး သေမှုသေခင်းအမှတ် ၄/၂၀၁၆ ဖြင့် ရွှေတောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~