မိုင္းေယာင္း၌ တစ္ရြာတည္းသား အခ်င္းခ်င္း တူမီးေသနတ္ျဖင့္ ပစ္သတ္မႈ ျဖစ္

မိုင္းေယာင္း၌ တစ္ရြာတည္းသား အခ်င္းခ်င္း တူမီးေသနတ္ျဖင့္ ပစ္သတ္မႈ ျဖစ္
အောက်တိုဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္တြင္ စကားမ်ား ရန္ျဖစ္ရာမွ တူမီးေသနတ္ျဖင့္ ပစ္သတ္မႈ ေအာက္တိုဘာလ(၂၄)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလိုက္ေက်းရြာအုပ္စု၊ နမ့္ကစ္ေက်းရြာတြင္ ေနထိုင္သူ အသက္(၆၀)ႏွစ္ရွိ ဦးအိုက္အြန္ ႏွင့္ တစ္ရြာတည္းေနထိုင္သူ အသက္(၃၂)ႏွစ္ရွိ စိုင္းလာတို႔သည္ ၀ါးခုတ္ခိုင္းသည့္ ကိစၥႏွင့္ ပတ္သက္၍ စကားမ်ားရာမွ စိုင္းလာမွအသင့္ပါလာသည့္ တူမီးေသနတ္ျဖင့္ ဦးအိုက္အြန္အား ပစ္ခတ္ရာ နားထင္ကို ထိမွန္ၿပီး ေနရာ၌ပင္ ပြဲခ်င္းၿပီး ေသဆံုးသြားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ တစ္ရြာတည္းေနသူ အခ်င္းခ်င္း တူမီးေသနတ္ျဖင့္ ပစ္သတ္သူ စိုင္းလာအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းမွ (ပ)၂၆/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စကားများ ရန်ဖြစ်ရာမှ တူမီးသေနတ်ဖြင့် ပစ်သတ်မှု အောက်တိုဘာလ(၂၄)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ နမ့်ကစ်ကျေးရွာတွင် နေထိုင်သူ အသက်(၆၀)နှစ်ရှိ ဦးအိုက်အွန် နှင့် တစ်ရွာတည်းနေထိုင်သူ အသက်(၃၂)နှစ်ရှိ စိုင်းလာတို့သည် ဝါးခုတ်ခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ စိုင်းလာမှအသင့်ပါလာသည့် တူမီးသေနတ်ဖြင့် ဦးအိုက်အွန်အား ပစ်ခတ်ရာ နားထင်ကို ထိမှန်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ရွာတည်းနေသူ အချင်းချင်း တူမီးသေနတ်ဖြင့် ပစ်သတ်သူ စိုင်းလာအား မိုင်းယောင်းမြို့မရဲစခန်းမှ (ပ)၂၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~