သတၱဳသန္႔စင္ျခင္းႏွင့္ ေရာင္းဝယ္ျခင္း သီးသန္႔လုပ္ကိုင္ခြင့္ေၾကာင့္ သတၱဳလုပ္ငန္းပိုမိုဖြံ႕ၿဖိဳးႏုိင္

သတၱဳသန္႔စင္ျခင္းႏွင့္ ေရာင္းဝယ္ျခင္း သီးသန္႔လုပ္ကိုင္ခြင့္ေၾကာင့္ သတၱဳလုပ္ငန္းပိုမိုဖြံ႕ၿဖိဳးႏုိင္
အောက်တိုဘာ 18, 2016
By Tachileik News Agency

၂၀၁၅ ခုႏွစ္ သတၱဳဥပေဒအရ သတၱဳသန္႔စင္ျခင္းႏွင့္ ေရာင္းဝယ္ျခင္းလိုင္စင္ကို သီးသန္႔ျပဳလုပ္ႏုိင္မည္ ျဖစ္သျဖင့္ သတၱဳလုပ္ငန္းတြင္ ပိုမိုဖြံ႕ၿဖိဳးလာႏုိင္မည္ဟု ေဒသတြင္း သတၱဳလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"သန္႔စင္ၿပီးသား သတၱဳေပါက္ေစ်းက ကုန္ၾကမ္းေပါက္ေစ်းရဲ႕ ထက္၀က္ေက်ာ္နီးပါးေလာက္ ကြာျခားတယ္။ အဓိက လုပ္ငန္းရွင္ေတြအေနနဲ႔ သန္႔စင္တဲ့လုပ္ငန္းအတြက္ အေျခခံမီးနဲ႔ တျခားနည္းပညာေတြကိုပါ သတၱဳတူးေဖာ္တဲ့သူက ရင္းႏွီးျမႇဳပ္ႏွံရေတာ့ ဝန္ထုပ္ဝန္ပိုးျဖစ္ၿပီး အလြယ္တကူ ကုန္ၾကမ္းကိုပဲ တင္ပို႔ေနတာ။ တစ္ဖက္ကလည္း အစိုးရကို အခြန္ေပးတဲ့ေနရာမွာ အခ်ိန္ကိုက္ ေပးသြင္းရမွာဆိုေတာ့ ဒီဘက္က သတၱဳထြက္တာကို ျပန္ၿပီးရတဲ့ ေစ်းနဲ႔ေရာင္းရတဲ့ အေျခအေနမို႔လို႔ ကုန္ၾကမ္းေစ်းကြက္ျဖစ္တာ။ အခုလို က႑တစ္ခုခ်င္းစီ ခြဲေပးလိုက္ေတာ့ ပိုအဆင္ေျပပါတယ္"ဟု မဂၢနီးဒိုင္ေအာက္ဆိုဒ္ သတၱဳတူးေဖာ္သည့္ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ယခင္က သတၱဳကုန္ၾကမ္းကိုသာ ႏိုင္ငံျခားတင္ပို႔ေနရျခင္းျဖစ္ေသာ္လည္း အသစ္ျပဌာန္းလိုက္သည့္ ဥပေဒအရ ျပည္တြင္း ျပည္ပမွ သတၱဳထုတ္လုပ္ျခင္းမျပဳဘဲ ေရာင္း၀ယ္ျခင္းႏွင့္ သတၱဳသန္႔စင္ျခင္းအား သီးသန္႔လုပ္ကိုင္လိုသူမ်ားအတြက္ တရား၀င္လိုင္စင္ ေလွ်ာက္ထားခြင့္ကို ခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

"သတၱဳထုတ္လုပ္တဲ့ လုပ္ငန္းမွာ စမ္းသပ္ တိုင္းတာျခင္းကေန သန္႔စင္ထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္းအထိ အဆင့္ဆင့္ရွိတဲ့ အထဲက လုပ္ငန္းလုပ္ကိုင္လိုသူ အေနနဲ႔  ႀကိဳက္တဲ့က႑ကေန လုပ္ငန္းလုပ္ကိုင္လို႔ ရေအာင္ ဥပေဒျပဌာန္းထားပါတယ္။ အဓိက တခ်ိဳ႕က ျပန္လည္ဝယ္ယူ ေရာင္းခ်ျခင္း လုပ္ငန္းပဲျဖစ္ျဖစ္ သန္႔စင္တဲ့ လုပ္ငန္းကိုပဲျဖစ္ျဖစ္ လုပ္ကိုင္ခ်င္တယ္ဆိုရင္ သီးသန္႔လုပ္ငန္း လိုင္စင္ေလွ်ာက္ထားၿပီး လုပ္ကိုင္ခြင့္ ေပးထားပါတယ္။ ဒါေၾကာင့္ ကုန္ေခ်ာထုတ္လုပ္တင္ပို႔မႈ ယခင္ကထက္ပိုမ်ားလာၿပီး လုပ္ငန္းရွင္နဲ႔ အစိုးရႏွစ္ခုလံုး အက်ိဳးအျမတ္ပိုရလာမွာပါ"ဟု ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ဟန္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ သတၱဳတြင္းဥပေဒအား ၁၉၉၄ ခုႏွစ္တြင္ စတင္ျပဌာန္း၍ က်င့္သံုးခဲ့ျခင္းျဖစ္ၿပီး ယခင္ဥပေဒအရ သတၱဳလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ရွာေဖြေရး၊ စမ္းသပ္ေရး၊ ထုတ္လုပ္ေရးဟူ၍ က႑(၃)ရပ္ျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

၂၀၁၅ ခုႏွစ္တြင္ သတၱဳတြင္းဥပေဒအား ျပန္လည္ျပင္ဆင္သည့္ ဥပေဒထြက္ေပၚလာၿပီး ယခင္က႑ (၃)ရပ္အျပင္ သန္႔စင္ျခင္းလုပ္ငန္းႏွင့္ ေရာင္း၀ယ္ျခင္းလုပ္ငန္းတို႔အား လုပ္ငန္းရွင္မ်ားမွ သီးသန္႔ လိုင္စင္ ေလွ်ာက္ထားႏိုင္လာမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ သတၱဳတူးေဖာ္မႈလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ ဧရိယာမွာ စတုရန္းမိုင္ ႏွစ္ေထာင္ေက်ာ္ရိွၿပီး အလတ္စားႏွင့္ အေသးစား သတၱဳတူးေဖာ္ေရး လုပ္ငန္းမ်ားအား သတၱဳတြင္း လုပ္ငန္း အမွတ္(၁)၊ အမွတ္(၂)ႏွင့္ ပုဂၢလိက အက်ိဳးတူပူးေပါင္းလုပ္ကိုင္ခြင့္ျပဳထားျခင္းျဖစ္သည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၅ ခုနှစ် သတ္တုဥပဒေအရ သတ္တုသန့်စင်ခြင်းနှင့် ရောင်းဝယ်ခြင်းလိုင်စင်ကို သီးသန့်ပြုလုပ်နိုင်မည် ဖြစ်သဖြင့် သတ္တုလုပ်ငန်းတွင် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဟု ဒေသတွင်း သတ္တုလုပ်ငန်းရှင်များထံမှ သိရသည်။

"သန့်စင်ပြီးသား သတ္တုပေါက်ဈေးက ကုန်ကြမ်းပေါက်ဈေးရဲ့ ထက်ဝက်ကျော်နီးပါးလောက် ကွာခြားတယ်။ အဓိက လုပ်ငန်းရှင်တွေအနေနဲ့ သန့်စင်တဲ့လုပ်ငန်းအတွက် အခြေခံမီးနဲ့ တခြားနည်းပညာတွေကိုပါ သတ္တုတူးဖော်တဲ့သူက ရင်းနှီးမြှုပ်နှံရတော့ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အလွယ်တကူ ကုန်ကြမ်းကိုပဲ တင်ပို့နေတာ။ တစ်ဖက်ကလည်း အစိုးရကို အခွန်ပေးတဲ့နေရာမှာ အချိန်ကိုက် ပေးသွင်းရမှာဆိုတော့ ဒီဘက်က သတ္တုထွက်တာကို ပြန်ပြီးရတဲ့ ဈေးနဲ့ရောင်းရတဲ့ အခြေအနေမို့လို့ ကုန်ကြမ်းဈေးကွက်ဖြစ်တာ။ အခုလို ကဏ္ဍတစ်ခုချင်းစီ ခွဲပေးလိုက်တော့ ပိုအဆင်ပြေပါတယ်"ဟု မဂ္ဂနီးဒိုင်အောက်ဆိုဒ် သတ္တုတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခင်က သတ္တုကုန်ကြမ်းကိုသာ နိုင်ငံခြားတင်ပို့နေရခြင်းဖြစ်သော်လည်း အသစ်ပြဌာန်းလိုက်သည့် ဥပဒေအရ ပြည်တွင်း ပြည်ပမှ သတ္တုထုတ်လုပ်ခြင်းမပြုဘဲ ရောင်းဝယ်ခြင်းနှင့် သတ္တုသန့်စင်ခြင်းအား သီးသန့်လုပ်ကိုင်လိုသူများအတွက် တရားဝင်လိုင်စင် လျှောက်ထားခွင့်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"သတ္တုထုတ်လုပ်တဲ့ လုပ်ငန်းမှာ စမ်းသပ် တိုင်းတာခြင်းကနေ သန့်စင်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းအထိ အဆင့်ဆင့်ရှိတဲ့ အထဲက လုပ်ငန်းလုပ်ကိုင်လိုသူ အနေနဲ့ ကြိုက်တဲ့ကဏ္ဍကနေ လုပ်ငန်းလုပ်ကိုင်လို့ ရအောင် ဥပဒပြေဌာန်းထားပါတယ်။ အဓိက တချို့က ပြန်လည်ဝယ်ယူ ရောင်းချခြင်း လုပ်ငန်းပဲဖြစ်ဖြစ် သန့်စင်တဲ့ လုပ်ငန်းကိုပဲဖြစ်ဖြစ် လုပ်ကိုင်ချင်တယ်ဆိုရင် သီးသန့်လုပ်ငန်း လိုင်စင်လျှောက်ထားပြီး လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ဒါကြောင့် ကုန်ချောထုတ်လုပ်တင်ပို့မှု ယခင်ကထက်ပိုများလာပြီး လုပ်ငန်းရှင်နဲ့ အစိုးရနှစ်ခုလုံး အကျိုးအမြတ်ပိုရလာမှာပါ"ဟု မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးခင်မောင်ဟန်က ပြောသည်။

မြန်မာနိုင်ငံတွင် သတ္တုတွင်းဥပဒေအား ၁၉၉၄ ခုနှစ်တွင် စတင်ပြဌာန်း၍ ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ယခင်ဥပဒေအရ သတ္တုလုပ်ငန်းများနှင့်ပတ်သက်၍ ရှာဖွေရေး၊ စမ်းသပ်ရေး၊ ထုတ်လုပ်ရေးဟူ၍ ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် သတ္တုတွင်းဥပဒေအား ပြန်လည်ပြင်ဆင်သည့် ဥပဒေထွက်ပေါ်လာပြီး ယခင်ကဏ္ဍ (၃)ရပ်အပြင် သန့်စင်ခြင်းလုပ်ငန်းနှင့် ရောင်းဝယ်ခြင်းလုပ်ငန်းတို့အား လုပ်ငန်းရှင်များမှ သီးသန့် လိုင်စင် လျှောက်ထားနိုင်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ဧရိယာမှာ စတုရန်းမိုင် နှစ်ထောင်ကျော်ရှိပြီး အလတ်စားနှင့် အသေးစား သတ္တုတူးဖော်ရေး လုပ်ငန်းများအား သတ္တုတွင်း လုပ်ငန်း အမှတ်(၁)၊ အမှတ်(၂)နှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်းလုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~