ရွမ္းျပည္နယ္အတြင္း လူကုန္ကူးမႈအမ်ားစုမွာ အဓမၼထိမ္းျမားရန္ တရုတ္သို႔ ပို႔ေဆာင္မႈျဖစ္

ရွမ္းျပည္နယ္အတြင္း လူကုန္ကူးမႈအမ်ားစုမွာ အဓမၼထိမ္းျမားရန္ တရုတ္သို႔ ပို႔ေဆာင္မႈျဖစ္
အောက်တိုဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းျဖစ္ပြားေသာ လူကုန္ကူးမႈအမ်ားစုမွာ တရုတ္ႏိုင္ငံသို႔ အဓမၼထိမ္းျမားရန္ ပို႔ေဆာင္မႈ မ်ားျဖစ္ေၾကာင္း ရွမ္းျပည္နယ္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

"လူကုန္ကူးမႈေတြက ႏိုင္ငံနယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ထုိင္းနဲ႔ တ႐ုတ္ကို ဦးတည္ၿပီး ျဖစ္ပြားတာမ်ားတယ္။ တရုတ္ႏိုင္ငံဘက္ကို လူကုန္ကူးခံရတာ အမ်ားဆံုးပါ။ ထိုင္းဘက္မွာက တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈေတြ မ်ားတာ"ဟု ရွမ္းျပည္နယ္ အမွတ္(၁၅)လူကုန္ကူးမႈတားဆီး ႏိုမ္နင္းေရးရဲတပ္ဖြဲ႕ခြဲ႐ံုးမွ ဒုရဲမွဴး ျမင့္သိန္း က ေျပာသည္။

၂၀၁၅ ခုႏွစ္အတြင္း လူကုန္ကူးမႈျဖစ္ပြားမႈႏွဳန္း အျမင့္ဆံုးျပည္နယ္မွာ ရွမ္းျပည္နယ္ျဖစ္ၿပီး ယင္းအနက္ (၆၂)ရာခိုင္ႏွဳန္းမွာ အဓမၼထိမ္းျမားရန္အတြက္ တရုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ျဖစ္ပြားေသာ လူကုန္ကူးမႈအမ်ိဳးအစားမ်ားမွာ အဓမၼထိမ္းျမားရန္ ေရာင္းစားခံရမႈ၊ ျပည့္တန္ဆာမႈ၊ အဓမၼေစခိုင္းမႈႏွင့္ ကေလးသူငယ္လူကုန္ကူးမႈမ်ားျဖစ္ၿပီး တရုတ္ႏိုင္ငံသို႔ ဦးတည္သည့္ လူကုန္ကူးခံရသူမ်ားမွာ ကေလးသူငယ္ႏွင့္ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။

ျမန္မာႏိုင္ငံတြင္ လူကုန္ကူးခံရမႈမ်ားအား ၂၀၀၇ ခုႏွစ္မွစတင္ကာ အမ်ိဳးသားအဆင့္ (၅)ႏွစ္စီမံကိန္းအျဖစ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လွ်က္ရွိၿပီး ၂၀၁၆ ခုႏွစ္တြင္ ဒုတိယ(၅)ႏွစ္စီမံကိန္း၏ ပဥၥမေျမာက္ႏွစ္အျဖစ္ ေဆာင္ရြက္လ်ွက္ရွိကာ  တတိယ(၅)ႏွစ္စီမံကိန္းအား ေရးဆြဲရန္ ဆက္လက္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားသော လူကုန်ကူးမှုအများစုမှာ တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားရန် ပို့ဆောင်မှု များဖြစ်ကြောင်း ရှမ်းပြည်နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

"လူကုန်ကူးမှုတွေက နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနဲ့ တရုတ်ကို ဦးတည်ပြီး ဖြစ်ပွားတာများတယ်။ တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရတာ အများဆုံးပါ။ ထိုင်းဘက်မှာက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ များတာ"ဟု ရှမ်းပြည်နယ် အမှတ်(၁၅)လူကုန်ကူးမှုတားဆီး နိုမ်နင်းရေးရဲတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူး မြင့်သိန်း က ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံးပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်ပြီး ယင်းအနက် (၆၂)ရာခိုင်နှုန်းမှာ အဓမ္မထိမ်းမြားရန်အတွက် တရုတ်နိုင်ငံသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားသော လူကုန်ကူးမှုအမျိုးအစားများမှာ အဓမ္မထိမ်းမြားရန် ရောင်းစားခံရမှု၊ ပြည့်တန်ဆာမှု၊ အဓမ္မစေခိုင်းမှုနှင့် ကလေးသူငယ်လူကုန်ကူးမှုများဖြစ်ပြီး တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးခံရသူများမှာ ကလေးသူငယ်နှင့် အမျိုးသမီးများဖြစ်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုများအား ၂၀၀၇ ခုနှစ်မှစတင်ကာ အမျိုးသားအဆင့် (၅)နှစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ဒုတိယ(၅)နှစ်စီမံကိန်း၏ ပဉ္စမမြောက်နှစ်အဖြစ် ဆောင်ရွက်လျှက်ရှိကာ တတိယ(၅)နှစ်စီမံကိန်းအား ရေးဆွဲရန် ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~