ကျိုင်းတုံစည်ပင်မှ ရေပေးဝေရေးနှင့် ပတ်သက်၍ ရေမကြည်လင်မှုကို ဖြေရှင်းနေရဆဲ
ကျိုင်းတုံစည်ပင်မှ ရေပေးဝေရေးနှင့် ပတ်သက်၍ ရေမကြည်လင်မှုကို ဖြေရှင်းနေရဆဲ
အောကျတိုဘာ 3, 2016
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ရေဖြန့်ဖြူးရာ ရေအရင်းအမြစ် ချောင်းအနီးတွင် လမ်းဖေါက်လုပ်မှုကြောင့် ပိုက်လိုင်းရေများ မကြည်လင်ဘဲ သုံးစွဲရန် အဆင်မပြေဖြစ် နေကြောင်း သိရသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ရေပေးဝေရေးရေအရင်းအမြစ်ဖြစ်သည့် ချောင်းတစ်ဝိုက်တွင် မြေနီလမ်း အသစ်ဖောက်လုပ်နေသည့်အတွက် မိုးရွာချိန်တွင် လမ်းမှရေများ ချောင်းအတွင်းသို့  စီးဝင်ခြင်းကြောင့် ဖြစ်ပြီး စည်ပင်သာယာဌာနအနေဖြင့် ဖြေရှင်းနေဆဲဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင်းသို့ ရေလုံလောက်စွာပေးဝေနိုင်ရန်အတွက် မူလသွယ်တန်းထားသော (၄)လက်မပိုက်လိုင်း အပြင် နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန (နတလ) ၏ ကျပ် (၃၅၄၆.၅၀) သိန်းနှင့် စည်ပင်သာယာရေးကော်မတီမှ ကျပ် (၁၅၅၃.၅၀) သိန်း စုစုပေါင်း ကျပ်(၅,၁၀၀)သိန်း ကုန်ကျခံကာ ယခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် (၄)လက်မ ပိုင်းလိုင်းတစ်ခု ထပ်တိုးဆောင်ရွက်ထားခြင်းဖြစ်သည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ရဖြေန့်ဖြူးရာ ရေအရင်းအမြစ် ချောင်းအနီးတွင် လမ်းဖောက်လုပ်မှုကြောင့် ပိုက်လိုင်းရေများ မကြည်လင်ဘဲ သုံးစွဲရန် အဆင်မပြဖြေစ် နေကြောင်း သိရသည်။
"ရေကတော့ တစ်ရက်ခြား ပုံမှန်လာနေပါတယ်။ သုံးလို့တော့ သိပ်အဆင်မပြေဘူး။ နည်းနည်း နောက်တယ်။ မိုးရွာတဲ့နေ့တွေဆို ပိုဆိုးတယ်။ ညိုနေတာပေါ့နော်။ ရွှံ့ဗွက်အရောင်တွေ ဖြစ်နေတော့ သုံးလို့ကလည်း အဆင်မပြေတော့ သစ်ပင်တွေပဲ ရေလောင်းတယ်။"ဟု ကျိုင်းတုံမြို့မှ ဦးဝဏ္ဏစိုးက ပြောသည်။
စည်ပင်သာယာရေးဌာနမှ ဖြန့်ဖြူးသည့်ရေကို ကျောက်ချဉ်ထည့်၍ ကြည်လင်အောင် ပြုလုပ်ခြင်းနှင့် အချို့ မှာ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
"ကျွန်မတို့အိမ်မှာတော့ စည်ပင်ရေတော့လာတယ်။ ဒါပေမဲ့ ရေကဝါနေလို့ မသုံးဘူး။ အခုလို ဖြစ်နေတာကလည်း နည်းနည်းတော့ ကြာပြီ မမှတ်မိတော့ဘူး။ သုံးရေအတွက်တော့ အိမ်နားက ဘုန်းကြီးကျောင်းက ပေးတဲ့ရေကိုပဲ သုံးပါတယ်။"ဟု ကျိုင်းတုံမြို မှ ဒေါ်စုစုစိန်က ပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ရေပေးဝေရေးရေအရင်းအမြစ်ဖြစ်သည့် ချောင်းတစ်ဝိုက်တွင် မြေနီလမ်း အသစ်ဖောက်လုပ်နေသည့်အတွက် မိုးရွာချိန်တွင် လမ်းမှရေများ ချောင်းအတွင်းသို့ စီးဝင်ခြင်းကြောင့် ဖြစ်ပြီး စည်ပင်သာယာဌာနအနဖြေင့် ဖြေရှင်းနေဆဲဖြစ်ကြောင်း သိရသည်။
"အခုနောက်ပိုင်း ကျွန်တော်တို့အနေနဲ့ ရေနောက်နေရင်တောင်မှ အဲဒီရေတွေကို ရေစစ်ကန်တွေထဲ မသွင်းဘူး။ ရကြေည်မှပဲ ရေစစ်ကန်တွေထဲကို ဖြတ်ပြီးပေးနေတာပါ။"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်ကျော်သူက ပြောသည်။
ကျိုင်းတုံမြို့တွင်းသို့ရေလုံလောက်စွာပေးေဝနိုင်ရန်အတွက် မူလသွယ်တန်းထားသော (၄)လက်မပိုက်လိုင်း အပြင် နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန (နတလ)၏ ကျပ် (၃၅၄၆.၅၀) သိန်းနှင့် စည်ပင်သာယာရေးကော်မတီမှ ကျပ် (၁၅၅၃.၅၀) သိန်း စုစုပေါင်း ကျပ်(၅,၁၀၀)သိန်း ကုန်ကျခံကာ ယခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် (၄)လက်မ ပိုင်းလိုင်းတစ်ခု ထပ်တိုးဆောင်ရွက်ထားခြင်းဖြစ်သည်။
သတင်း - ဇွဲမြတ် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~