ေသနတ္ျဖင့္ ေက်းရြာသားမ်ားကို ၿခိမ္းေျခာက္သည့္ ဒုရဲအုပ္အား ဌာနခ်ဳပ္မွ ျပစ္ဒဏ္ခ်မွတ္ေတာ့မည္

ေသနတ္ျဖင့္ ေက်းရြာသားမ်ားကို ၿခိမ္းေျခာက္သည့္ ဒုရဲအုပ္အား ဌာနခ်ဳပ္မွ ျပစ္ဒဏ္ခ်မွတ္ေတာ့မည္
အောက်တိုဘာ 10, 2016
By Tachileik News Agency

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ လံုးခင္းေက်းရြာအုပ္စု ေမွာ္ပံုေက်းရြာသားမ်ားအား ေသနတ္ျဖင့္ ခ်ိန္ရြယ္ကာ ၿခိမ္းေျခာက္ခဲ့သည့္ ဒုရဲအုပ္ကို ရဲတရားရံုးတြင္ စစ္ေဆးၿပီးျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ ့ ဌာနခ်ဳပ္မွ ျပစ္ဒဏ္ခ်မွတ္သြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

"ဒီအမႈက ကၽြန္ေတာ္တို႔နဲ႔ေတာ့ မဆိုင္ေတာ့ပါဘူး။ ဒါေပမဲ့ သူ ့ကို သက္ဆိုင္ရာ လုံၿခဳံေရးရဲစစ္ေက်ာင္းက ရဲတရားရုံးဖြင့္ၿပီး စစ္ေဆးတာ ၿပီးသြားၿပီလို ့ သိရပါတယ္။ ၿပီးရင္ ရဲဌာနခ်ဳပ္ကေနၿပီးေတာ့ သူ ့ကို ျပစ္ဒဏ္ ခ်မွတ္သြားမွာပါ။"ဟု ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ ့မွဴး ရဲမွဴးႀကီးထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဒုရဲအုပ္၏ လုပ္ရပ္ႏွင့္ပတ္သက္၍ ေက်းရြာသားမ်ားက တိုင္ၾကားခဲ့သျဖင့္ ဥပေဒအတိုင္း ရဲစည္းကမ္းျဖင့္ အေရးယူ ေဆာင္ရြက္ထားျခင္းျဖစ္ၿပီး ေနျပည္ေတာ္ရိွ ျမန္မာႏုိင္ငံရဲတပ္ဖြဲ ့ရဲဌာနခ်ဳပ္မွ ျပစ္ဒဏ္ခ်မွတ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ေမွာ္ပံုေက်းရြာတြင္ စက္တင္ဘာလ (၇) ရက္က ရာအိမ္မႉးေရြးခ်ယ္ေရးကိစၥႏွင့္ ပတ္သက္၍ အေခ်အတင္ စကားမ်ားၾကစဥ္ တိုက္ခိုက္ေရးရဲစစ္ေၾကာင္းမွ ဒုရဲအုပ္ စိုးေဇာ္ေဇာ္က ရြာသားတစ္ဦးအား ေသနတ္ထုတ္ကာ ခ်ိန္ရြယ္၍ ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာသားများအား သေနတ်ဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်ခဲ့သည့် ဒုရဲအုပ်ကို ရဲတရားရုံးတွင် စစ်ဆေးပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ဒီအမှုက ကျွန်တော်တို့နဲ့တော့ မဆိုင်တော့ပါဘူး။ ဒါပေမဲ့ သူ့ကို သက်ဆိုင်ရာ လုံခြုံရေးရဲစစ်ကျောင်းက ရဲတရားရုံးဖွင့်ပြီး စစ်ဆေးတာ ပြီးသွားပြီလို့ သိရပါတယ်။ ပြီးရင် ရဲဌာနချုပ်ကနပြေီးတော့ သူ့ကို ပြစ်ဒဏ် ချမှတ်သွားမှာပါ။"ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဒုရဲအုပ်၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေးရွာသားများက တိုင်ကြားခဲ့သဖြင့် ဥပဒေအတိုင်း ရဲစည်းကမ်းဖြင့် အရေးယူ ဆောင်ရွက်ထားခြင်းဖြစ်ပြီး နပြေည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲဌာနချုပ်မှ ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၇) ရက်က ရာအိမ်မှူးရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ အချေအတင် စကားများကြစဉ် တိုက်ခိုက်ရေးရဲစစ်ကြောင်းမှ ဒုရဲအုပ် စိုးဇော်ဇော်က ရွာသားတစ်ဦးအား သေနတ်ထုတ်ကာ ချိန်ရွယ်၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~