မေလးရွာႏိုင္ငံ၌ နာမည္ေၾကာင့္ ပိတ္ပင္ခံရမယ့္အေရး ရင္ဆုိင္ေနရတဲ့ ေဟာ့ေဒါ့(hotdogs)

မေလးရွာႏိုင္ငံ၌ နာမည္ေၾကာင့္ ပိတ္ပင္ခံရမယ့္အေရး ရင္ဆုိင္ေနရတဲ့ ေဟာ့ေဒါ့(hotdogs)
အောက်တိုဘာ 19, 2016
By Tachileik News Agency

က်န္းမာေရး ထိခိုက္ေစလို႔ မဟုတ္ဘဲ နာမည္ေၾကာင့္ အစားအေသာက္ တစ္မ်ိဳးကို တားျမစ္ခံရမယ့္အေရး မေလးရွားႏုိင္ငံမွာ လတ္တေလာ ႀကံဳေတြ႔ေနရပါတယ္။

စားေသာက္ဆုိင္ေတြနဲ႔ အစားအေသာက္ေရာင္းတဲ့ ဆိုင္ေတြအေနနဲ႔ ေဟာ့ေဒါ့(hotdogs)ကို နာမည္ေျပာင္းမလား ဒါမွမဟုတ္ ေရာင္းခ်ခြင့္ ပိတ္ရမလားလို႔ အစိုးရက ေျပာလာတာေၾကာင့္ပါ။

အစၥလာမ္ဘာသာအမ်ားစု ကိုးကြယ္တဲ့ မေလးရွားႏုိင္ငံမွာ ဘာသာေရး အႀကီးအကဲေတြက ေဟာ့ေဒါ့ကို ဟာလာမွတ္ပံုတင္ထားတဲ့ စာရင္းကေန ပယ္ဖ်က္လုိက္ပါတယ္။

အေနာက္ႏုိင္ငံေတြမွာေတာ့ ေဟာ့ေဒါ့ကို ဝက္သားနဲ႔ လုပ္ေလ့ရိွေပမဲ့ မေလးရွားႏုိင္ငံမွာ ဟာလာၾကက္သားနဲ႔ ထုတ္လုပ္တာျဖစ္ပါတယ္။

ဘယ္ေလာက္ပဲ စည္းမ်ဥ္းေတြအတိုင္း ထုတ္လုပ္ပါေစ ဒီအသင့္စားမုန္႔ဟာ နာမည္ေၾကာင့္ ပိတ္ပင္ခံရတဲ့ အေျခအေနနဲ႕ ႀကံဳေနရတာပါ။

“အစၥလာမ္ဘာသာမွာ ေခြးဆိုတာ မသန္႔ရွင္းဘူးလို႔ ယူဆေပမဲ့ ဟာလာျဖစ္ေၾကာင္း သတ္မွတ္ ခ်က္ထဲမွာေတာ့ နာမည္ကို ထည့္ၿပီး စဥ္းစားဖို႔ မလုိပါဘူး”လို႔ အစၥလာမ္ဖြံ႕ၿဖိဳးေရးဌာနမွ ဟာလာဌာနခြဲဒါရိုက္တာ Sirajuddin Suhaimee က ဆိုပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာမွာလည္း မွတ္ခ်က္ေတြ အမ်ိဳးမ်ိဳးနဲ႔ ေဝဖန္ေနၾကပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ မေလးရွားႏုိင္ငံမွာ ဆိုင္ခြဲေပါင္း (၄၅)ဆိုင္ဖြင့္ထားတဲ့ အေမရိကန္မုန္႔လုပ္ငန္း အန္တီအန္းနီကေတာ့ နာမည္ေျပာင္းရလဲ ျပႆနာမရိွဘူးလို႔ တုန္႔ျပန္ထားပါတယ္။

ေဟာ့ေဒါ့အစား ေဟာ့ေဆာ့ေဆ့('hot sausages')လို႔ နာမည္ေျပာင္းႏုိင္တယ္လို႔လည္း အႀကံျပဳပါေသးတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; dailymail.co.uk


~~~~~~~~⊰❂ unicode ~~~~~~~~

ကျန်းမာရေး ထိခိုက်စေလို့ မဟုတ်ဘဲ နာမည်ကြောင့် အစားအသောက် တစ်မျိုးကို တားမြစ်ခံရမယ့်အရေး မလေးရှားနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရပါတယ်။

စားသောက်ဆိုင်တွေနဲ့ အစားအသောက်ရောင်းတဲ့ ဆိုင်တွေအနေနဲ့ ဟော့ဒေါ့(hotdogs)ကို နာမည်ပြောင်းမလား ဒါမှမဟုတ် ရောင်းချခွင့် ပိတ်ရမလားလို့ အစိုးရက ပြောလာတာကြောင့်ပါ။

အစ္စလာမ်ဘာသာအများစု ကိုးကွယ်တဲ့ မလေးရှားနိုင်ငံမှာ ဘာသာရေး အကြီးအကဲတွေက ဟော့ဒေါ့ကို ဟာလာမှတ်ပုံတင်ထားတဲ့ စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။

အနောက်နိုင်ငံတွေမှာတော့ ဟော့ဒေါ့ကို ဝက်သားနဲ့ လုပ်လေ့ရှိပေမဲ့ မလေးရှားနိုင်ငံမှာ ဟာလာကြက်သားနဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။

ဘယ်လောက်ပဲ စည်းမျဉ်းတွေအတိုင်း ထုတ်လုပ်ပါစေ ဒီအသင့်စားမုန့်ဟာ နာမည်ကြောင့် ပိတ်ပင်ခံရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။

“အစ္စလာမ်ဘာသာမှာ ခွေးဆိုတာ မသန့်ရှင်းဘူးလို့ ယူဆပေမဲ့ ဟာလာဖြစ်ကြောင်း သတ်မှတ် ချက်ထဲမှာတော့ နာမည်ကို ထည့်ပြီး စဉ်းစားဖို့ မလိုပါဘူး”လို့ အစ္စလာမ်ဖွံ့ဖြိုးရေးဌာနမှ ဟာလာဌာနခွဲဒါရိုက်တာ Sirajuddin Suhaimee က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာလည်း မှတ်ချက်တွေ အမျိုးမျိုးနဲ့ ဝေဖန်နကြေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ဆိုင်ခွဲပေါင်း (၄၅)ဆိုင်ဖွင့်ထားတဲ့ အမေရိကန်မုန့်လုပ်ငန်း အန်တီအန်းနီကတော့ နာမည်ပြောင်းရလဲ ပြဿနာမရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

ဟော့ဒေါ့အစား ဟော့ဆော့ဆေ့('hot sausages')လို့ နာမည်ပြောင်းနိုင်တယ်လို့လည်း အကြံပြုပါသေးတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail.co.uk 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~