ဖရူဆိုၿမိဳ႕ရွိ အမွတ္(၁၄)စစ္ေလ့က်င့္ေရးေက်ာင္းမွ ေလ့က်င့္ပစ္လႊတ္လိုက္ေသာ လက္နက္ႀကီး စပါးခင္းတြင္ ေပါက္ကြဲ

ဖရူဆိုၿမိဳ႕ရွိ အမွတ္(၁၄)စစ္ေလ့က်င့္ေရးေက်ာင္းမွ ေလ့က်င့္ပစ္လႊတ္လိုက္ေသာ လက္နက္ႀကီး စပါးခင္းတြင္ ေပါက္ကြဲ
အောက်တိုဘာ 17, 2016
By Tachileik News Agency

ကယားျပည္နယ္ ၊ ဖရူဆိုၿမိဳ႕နယ္ မာခေရာ္ေရွ႕ေက်းရြာ အုပ္စုရွိ အမွတ္(၁၄)တန္းျမင့္ စစ္ေလ့က်င့္ေရး ေက်ာင္းမွ ေလ့က်င့္ပစ္ခတ္လိုက္ေသာ လက္နက္ႀကီးမ်ား ေဒသခံမ်ား၏ ေတာင္ယာခင္းတြင္ က်ေရာက္ ေပါက္ကြဲသြားေၾကာင္း  ေဒသခံမ်ားထံမွ သိရသည္။

အမွတ္(၁၄)စစ္ေလ့က်င့္ေရးေက်ာင္း တပ္ဧရိယာထဲတြင္ ေအာက္တိုဘာလ (၁၂)ရက္ေန႔က ေလ့က်င့္ပစ္ခတ္ရာမွ ၎ဧရိယာအနီး ေတာင္ယာထဲသို႔ က်ေရာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔မနက္မွ သြားၾကည့္ျဖစ္တာ။ ပစ္တာကေတာ့ သူတို႕ဧရိယာထဲမွာပဲေပါ့။ ဒါေပမဲ့ ဧရိယာနားမွာ စိုက္ထားတဲ့ စပါးခင္းထဲ လာက်တာေပါ့။ သူတို႔ပစ္တာ လြဲၿပီး လာက်တာလည္း ျဖစ္ႏိုင္တာေပါ့။ စပါးေတြေတာ့ ပ်က္သြားတာ ရြာသားေတြ သြားၾကည့္တယ္ေလ"ဟု ေတာင္သူတစ္ဦးက ေျပာသည္။

တပ္မွလက္နက္ႀကီး ေလ့က်င့္ပစ္ခတ္မည္ျဖစ္သျဖင့္ ေတာင္ယာမသြားၾကရန္ ေဒသခံမ်ားအား ႀကိဳတင္ အသိေပးတားျမစ္ခဲ့သျဖင့္  လူထိခိုက္ျခင္း မရိွေသာ္လည္း ေလ့က်င့္ေရး တပ္အေနျဖင့္ ေလ့က်င့္မႈမ်ား အၿပီးတြင္ အနီးဝန္းက်င္တြင္ မေပါက္ကြဲေသးသည့္ လက္နက္ႀကီးက်ည္မ်ား က်န္ရိွျခင္း မရိွေစရန္ စစ္ေဆးေပးသင့္သည္ဟု ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢ ဥကၠဌ ဦးသဲရယ္က အႀကံျပဳသည္။

"ေတာင္ယာထဲက်လို႔ စပါးပ်က္စီးတာေတာ့ တစ္ပိုင္းေပါ့။ ဒီလိုပစ္ခတ္ၿပီးရင္ ေတာင္ယာထဲ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးဗုံးေတြလည္း က်န္ခဲ့ႏိုင္တယ္။ အဲဒီလိုက်န္ခဲ့ရင္ အႏၱရာယ္မ်ားတယ္။ ရြာသားေတြကလည္း ေတာင္ယာထဲ ျပန္သြားမွာေလ။ ဒါေၾကာင့္ ပစ္ခတ္မႈေတြၿပီးရင္ မေပါက္ကြဲေသးတဲ့ က်ည္ေတြ က်န္/မက်န္ စစ္ေဆးေပးဖို႔ တပ္က တာဝန္ယူေပးရမယ္ "ဟု  ဦးသဲရယ္က ေျပာသည္။

ဖရူဆုိၿမိဳ႕နယ္ အမွွတ္ (၁၄) တန္းျမင့္စစ္ေလ့က်င့္ေရးေက်ာင္းအား ၂၀၁၀ ခုႏွစ္က တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာ အုပ်စုရှိ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေး ကျောင်းမှ လေ့ကျင့်ပစ်ခတ်လိုက်သော လက်နက်ကြီးများ ဒေသခံများ၏ တောင်ယာခင်းတွင် ကျရောက် ပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ်(၁၄)စစ်လေ့ကျင့်ရေးကျောင်း တပ်ဧရိယာထဲတွင် အောက်တိုဘာလ (၁၂)ရက်နေ့က လေ့ကျင့်ပစ်ခတ်ရာမှ၎င်းဧရိယာအနီး တောင်ယာထဲသို့ ကျရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့မနက်မှ သွားကြည့်ဖြစ်တာ။ ပစ်တာကတော့ သူတို့ဧရိယာထဲမှာပဲပေါ့။ ဒါပေမဲ့ ဧရိယာနားမှာ စိုက်ထားတဲ့ စပါးခင်းထဲ လာကျတာပေါ့။ သူတို့ပစ်တာ လွဲပြီး လာကျတာလည်း ဖြစ်နိုင်တာပေါ့။ စပါးတွေတော့ ပျက်သွားတာ ရွာသားတွေ သွားကြည့်တယ်လေ"ဟု တောင်သူတစ်ဦးက ပြောသည်။

တပ်မှလက်နက်ကြီး လေ့ကျင့်ပစ်ခတ်မည်ဖြစ်သဖြင့် တောင်ယာမသွားကြရန် ဒေသခံများအား ကြိုတင် အသိပေးတားမြစ်ခဲ့သဖြင့် လူထိခိုက်ခြင်း မရှိသော်လည်း လေ့ကျင့်ရေး တပ်အနဖြေင့် လေ့ကျင့်မှုများ အပြီးတွင် အနီးဝန်းကျင်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ကျန်ရှိခြင်း မရှိစေရန် စစ်ဆေးပေးသင့်သည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးသဲရယ်က အကြံပြုသည်။

"တောင်ယာထဲကျလို့ စပါးပျက်စီးတာတော့ တစ်ပိုင်းပေါ့။ ဒီလိုပစ်ခတ်ပြီးရင် တောင်ယာထဲ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဗုံးတွေလည်း ကျန်ခဲ့နိုင်တယ်။ အဲဒီလိုကျန်ခဲ့ရင် အန္တရာယ်များတယ်။ ရွာသားတွေကလည်း တောင်ယာထဲ ပြန်သွားမှာလေ။ ဒါကြောင့် ပစ်ခတ်မှုတွပြေီးရင် မပေါက်ကွဲသေးတဲ့ ကျည်တွေ ကျန်/မကျန် စစ်ဆေးပေးဖို့ တပ်က တာဝန်ယူပေးရမယ် "ဟု ဦးသဲရယ်က ပြောသည်။

ဖရူဆိုမြို့နယ် အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းအား ၂၀၁၀ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~