ေတာင္ႀကီးၿမိဳ႕တြင္ ေဗ်ာက္အိုးေဖာက္ျခင္း၊ မီးရွဴးမီးပန္းလႊတ္တင္ျခင္းအား အေရးယူမည္

ေတာင္ႀကီးၿမိဳ႕တြင္ ေဗ်ာက္အိုးေဖာက္ျခင္း၊ မီးရွဴးမီးပန္းလႊတ္တင္ျခင္းအား အေရးယူမည္
အောက်တိုဘာ 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕တြင္ သီတင္းကၽြတ္ကာလအတြင္း ေဗ်ာက္အိုးေဖာက္ျခင္း၊ မီးရႈးမီးပန္း လႊတ္တင္ျခင္းမ်ားအား တားျမစ္မိန္႔ထုတ္ျပန္ထားၿပီးျဖစ္၍ အေရးယူေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုးကလည္း တားျမစ္မိန္႔ေတြထြက္ထားၿပီးၿပီ။ ဒါနဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႕၀င္ေတြကလည္း ဖမ္းဆီးအေရးယူဖို႔ ညြန္ၾကားထားတယ္။ တားျမစ္တာကို ေဖာက္ဖ်က္ရင္ အေရးယူပါမယ္။ တခ်ဳိ႕ေနရာေတြမွာလည္း သိမ္းဆည္းအေရးယူတာေတြ လုပ္ေနပါၿပီ။ သက္ႀကီး ရြယ္အိုေတြ အသက္အႏၱရာယ္အတြက္ စိုးရိမ္ရပါတယ္။ တခ်ဳိ႕ေရာဂါသည္ေတြ အလန္႔တၾကား ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ရဲတပ္ဖြဲ႕ကေန ေဗ်ာက္အိုး၊ မီးရွဴး ေတြနဲ႔ပတ္သက္ျပီး စည္းကမ္း ေဖာက္ဖ်က္ရင္ ဥပေဒအရ အေရးယူမွာပါ။”ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုး မွ ဒုတိယ ရဲမွဴးႀကီး ဦးစန္းလြင္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕အတြင္း ေဗ်ာက္အိုးေဖာက္ျခင္း၊ မီးရွဴးမီးပန္း လႊတ္တင္ျခင္းမ်ား ျပဳလုပ္ပါက ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ႏွင့္ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ားက အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အန္တီတို႔က အသက္ႀကီးေတာ့ ဆူညံသံေတြ ၾကားရင္ စိတ္ရူပ္တယ္။ ႏွလံုးေရာဂါေတြရွိတဲ့ သူအတြက္လည္း မေကာင္းဘူးေလ။ ကေလးေတြက မီးရွဴးေတြေဆာ့ရင္းနဲ႔ လူႀကီးေတြထိမိရင္လည္း မေကာင္းဘူးေလ။ ညသန္ေခါင္ယံေတြမွာလည္း အသံေတြ အက်ယ္ႀကီးထြက္လာရင္ အိပ္မေပ်ာ္ဘူး။ ဒါေၾကာင့္ မီးရွဴး၊ ေဗ်ာက္အိုးေတြေဖာက္ခ်င္ရင္ ၿမိဳ႕ျပင္မွာပဲ သြားေဖာက္ေပးပါ။" ဟု ေတာင္ႀကီးၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးက ေအာက္တိုဘာလ (၆) ရက္ေန႔က ေဒသႏၱရအမိန္႔ (၂/၂၀၁၆)စာအမွတ္ျဖင့္ မီးရွဴးမီးပန္း၊ ေဗ်က္အိုးမီးအိုးမ်ား လက္၀ယ္ထားရွိျခင္းကို အေရးယူမည္ျဖစ္သျဖင့္ လက္၀ယ္မထားရိွရန္ တားျမစ္မိန္႔အား ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ထုတ္ျပန္ထားေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်း၊ မီးရှုးမီးပန်း လွှတ်တင်ခြင်းများအား တားမြစ်မိန့်ထုတ်ပြန်ထားပြီးဖြစ်၍ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

“မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကလည်း တားမြစ်မိန့်တွေထွက်ထားပြီးပြီ။ ဒါနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဖမ်းဆီးအရေးယူဖို့ ညွန်ကြားထားတယ်။ တားမြစ်တာကို ဖောက်ဖျက်ရင် အရေးယူပါမယ်။ တချို့နေရာတွေမှာလည်း သိမ်းဆည်းအရေးယူတာတွေ လုပ်နေပါပြီ။ သက်ကြီး ရွယ်အိုတွေ အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။ တချို့ရောဂါသည်တွေ အလန့်တကြား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကနေ ဗျောက်အိုး၊ မီးရှူး တွေနဲ့ပတ်သက်ပြီး စည်းကမ်း ဖောက်ဖျက်ရင် ဥပဒေအရ အရေးယူမှာပါ။”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယ ရဲမှူးကြီး ဦးစန်းလွင်က ပြောသည်။

တောင်ကြီးမြို့အတွင်း ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်း လွှတ်တင်ခြင်းများ ပြုလုပ်ပါက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အန်တီတို့က အသက်ကြီးတော့ ဆူညံသံတွေ ကြားရင် စိတ်ရူပ်တယ်။ နှလုံးရောဂါတွေရှိတဲ့ သူအတွက်လည်း မကောင်းဘူးလေ။ ကလေးတွေက မီးရှူးတွေဆော့ရင်းနဲ့ လူကြီးတွေထိမိရင်လည်း မကောင်းဘူးလေ။ ညသန်ခေါင်ယံတွေမှာလည်း အသံတွေ အကျယ်ကြီးထွက်လာရင် အိပ်မပျော်ဘူး။ ဒါကြောင့် မီးရှူး၊ ဗျောက်အိုးတွေဖောက်ချင်ရင် မြို့ပြင်မှာပဲ သွားဖောက်ပေးပါ။" ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အောက်တိုဘာလ (၆) ရက်နေ့က ဒေသန္တရအမိန့် (၂/၂၀၁၆)စာအမှတ်ဖြင့် မီးရှူးမီးပန်း၊ ဗျေက်အိုးမီးအိုးများ လက်ဝယ်ထားရှိခြင်းကို အရေးယူမည်ဖြစ်သဖြင့် လက်ဝယ်မထားရှိရန် တားမြစ်မိန့်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~