တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးတြင္ သြင္းကုန္ေစ်းႏႈန္းသတ္မွတ္ခ်က္ ထုတ္ျပန္ေရး ညိႇႏိႈင္းလုပ္ေဆာင္မည္

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးတြင္ သြင္းကုန္ေစ်းႏႈန္းသတ္မွတ္ခ်က္ ထုတ္ျပန္ေရး ညိႇႏိႈင္းလုပ္ေဆာင္မည္
အောက်တိုဘာ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္သြင္းလာသည့္ သြင္းကုန္ပစၥည္းမ်ားအား ေစ်းႏႈန္းသတ္မွတ္ျခင္းကို လုပ္ေဆာင္ႏုိင္ျခင္း မရိွသျဖင့္ ကုန္စည္ တင္သြင္းေရးတြင္ အခက္အခဲ ျဖစ္ေနရျခင္းကို ေျဖရွင္းရန္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ကုန္သည္အသင္းတို႔ ညိႇႏိႈင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

"ပို႔ကုန္ေတြေပၚမွာေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ သတ္မွတ္ေပးထားပါတယ္။ ဒီလို ေစ်းႏွဳန္းသတ္မွတ္ခ်က္ တစ္ခုကို ပံုမွန္ထုတ္ျပန္ေပးဖို႔က သက္ဆိုင္ရာ ကုန္သည္အသင္းနဲ႔ ဦးစီးဌာနေတြ မ်က္ႏွာခ်င္းဆိုင္ၿပီး ေျဖရွင္းရမယ့္ ကိစၥ။ ဒါေတြကို မၾကာမီမွာ လုပ္လာပါေတာ့မယ္။ ကုန္သည္မ်ားအေနနဲ႔လည္း ကုန္စည္ရဲ႕ တကယ္တန္ဖိုးကို တင္ျပဖို႔လိုမယ္" ဟု ရွမ္းျပည္နယ္ ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္၊ စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

လက္ရိွတြင္ သြင္းကုန္ေစ်းႏွဳန္းသတ္မွတ္ခ်က္မ်ားအား လစဥ္ပံုမွန္ထုတ္ျပန္ေပးႏုိင္ျခင္းမရွိသည့္အတြက္ ကုန္စည္သယ္ယူပို႔ေဆာင္ရာတြင္ အခ်ိန္ၾကန္႔ၾကာမႈမ်ားႏွင့္ ၾကံဳေတြ႕ေနရေၾကာင္း တာခ်ီလိတ္ကုန္သည္မ်ား ထံမွ သိရသည္။

"သြင္းကုန္ပစၥည္းေပၚမွာ ဌာနတစ္ခုနဲ႔တစ္ခု ေစ်းႏွဳန္းသတ္မွတ္ေပးတာ မတူတဲ့အတြက္ ကၽြန္ေတာ္တို႔ သြင္းကုန္ပို႔ကုန္လုပ္ငန္းေတြ ေႏွာင့္ေႏွးတာေပါ့။ အခုေငြေစ်းႏွဳန္းအေျပာင္းအလဲေတြလည္းရွိေတာ့ ကုန္စည္ေစ်းႏွဳန္း သတ္မွတ္ခ်က္ကို ပံုမွန္ညႇိႏွိဳင္းမႈမလုပ္ေတာ့ ကၽြန္ေတာ္တို႔ ကုန္သည္ေတြက ကုန္ပစၥည္း တင္သြင္းတဲ့ေနရာမွာ မလိုအပ္ဘဲ အခ်ိန္ေတြကုန္ေနတာ "ဟု တာခ်ီလိတ္ၿမိဳ႕ ယဥ္တုံး အိမ္ေဆာက္ပစၥည္းဆိုင္မွ ကိုဇင္မင္းထြန္းက ေျပာသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းတြင္ ထုိင္းႏိုင္ငံမွ သြင္းကုန္မ်ားအေပၚ ကုန္စည္ေစ်းႏွဳန္း သတ္မွတ္ခ်က္အား နယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ အေကာက္ခြန္ဦးစီးဌာနမွ သတ္မွတ္ေပးျခင္းျဖစ္ၿပီး ဌာနအလိုက္ ေစ်းႏွဳန္းသတ္မွတ္ခ်က္မ်ား ကြာဟမႈမ်ားရိွေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္(၁၀၅)မိုင္တြင္ သြင္းကုန္ႏွင့္ ပို႔ကုန္မ်ားအေပၚတြင္ ကုန္စည္ေစ်းႏွဳန္း သတ္မွတ္ခ်က္အား မူဆယ္ကုန္သည္ႀကီးမ်ားအသင္းႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္းတို႔ ပူးေပါင္းညႇိႏွိဳင္း၍ ကုန္စည္ေစ်းႏွဳန္းမ်ားအား လစဥ္ပံုမွန္ ထုတ္ျပန္ေပးလွ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ထိုင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈမွာ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အတြင္း စက္တင္ဘာလ(၂၃)ရက္ေန႔အထိ သြင္းကုန္တန္ဖိိုး အေမရိကန္ေဒၚလာ (၂၆.၁၆၇)သန္းႏွင့္ ပို႔ကုန္ (၆.၈၂၄)သန္း စုစုေပါင္း ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ (၃၂.၉၉၁)သန္းရွိၿပီး ယခင္ ဘ႑ာႏွစ္ကာလတူ ကုန္သြယ္မႈတန္ဖိုး ႏွိဳင္းယွဥ္ခ်က္အရ အေမရိကန္ေဒၚလာ (၁.၀၀၆)သန္းေလွ်ာ့က်ေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းလာသည့် သွင်းကုန်ပစ္စည်းများအား ဈေးနှုန်းသတ်မှတ်ခြင်းကို လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် ကုန်စည် တင်သွင်းရေးတွင် အခက်အခဲ ဖြစ်နေရခြင်းကို ဖြေရှင်းရန် သက်ဆိုင်ရာဌာနများနှင့် ကုန်သည်အသင်းတို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"ပို့ကုန်တွေပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့ သတ်မှတ်ပေးထားပါတယ်။ ဒီလို ဈေးနှုန်းသတ်မှတ်ချက် တစ်ခုကို ပုံမှန်ထုတ်ပြန်ပေးဖို့က သက်ဆိုင်ရာ ကုန်သည်အသင်းနဲ့ ဦးစီးဌာနတွေ မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းရမယ့် ကိစ္စ။ ဒါတွေကို မကြာမီမှာ လုပ်လာပါတော့မယ်။ ကုန်သည်များအနေနဲ့လည်း ကုန်စည်ရဲ့ တကယ်တန်ဖိုးကို တင်ပြဖို့လိုမယ်" ဟု ရှမ်းပြည်နယ် ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

လက်ရှိတွင် သွင်းကုန်ဈေးနှုန်းသတ်မှတ်ချက်များအား လစဉ်ပုံမှန်ထုတ်ပြန်ပေးနိုင်ခြင်းမရှိသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း တာချီလိတ်ကုန်သည်များ ထံမှ သိရသည်။

"သွင်းကုန်ပစ္စည်းပေါ်မှာ ဌာနတစ်ခုနဲ့တစ်ခု ဈေးနှုန်းသတ်မှတ်ပေးတာ မတူတဲ့အတွက် ကျွန်တော်တို့ သွင်းကုန်ပို့ကုန်လုပ်ငန်းတွေ နှောင့်နှေးတာပေါ့။ အခုငွေဈေးနှုန်းအပြောင်းအလဲတွေလည်းရှိတော့ ကုန်စည်ဈေးနှုန်း သတ်မှတ်ချက်ကို ပုံမှန်ညှိနှိုင်းမှုမလုပ်တော့ ကျွန်တော်တို့ ကုန်သည်တွေက ကုန်ပစ္စည်း တင်သွင်းတဲ့နေရာမှာ မလိုအပ်ဘဲ အချိန်တွေကုန်နေတာ "ဟု တာချီလိတ်မြို့ ယဉ်တုံး အိမ်ဆောက်ပစ္စည်းဆိုင်မှ ကိုဇင်မင်းထွန်းက ပြောသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ထိုင်းနိုင်ငံမှ သွင်းကုန်များအပေါ် ကုန်စည်ဈေးနှုန်း သတ်မှတ်ချက်အား နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ပေးခြင်းဖြစ်ပြီး ဌာနအလိုက် ဈေးနှုန်းသတ်မှတ်ချက်များ ကွာဟမှုများရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်တွင် သွင်းကုန်နှင့် ပို့ကုန်များအပေါ်တွင် ကုန်စည်ဈေးနှုန်း သတ်မှတ်ချက်အား မူဆယ်ကုန်သည်ကြီးများအသင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ ပူးပေါင်းညှိနှိုင်း၍ ကုန်စည်ဈေးနှုန်းများအား လစဉ်ပုံမှန် ထုတ်ပြန်ပေးလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ(၂၃)ရက်နေ့အထိ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆.၁၆၇)သန်းနှင့် ပို့ကုန် (၆.၈၂၄)သန်း စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃၂.၉၉၁)သန်းရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူ ကုန်သွယ်မှုတန်ဖိုး နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ (၁.ဝဝ၆)သန်းလျှော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~