တာခ်ီလိတ္မွ မယ္ဆိုင္သို႔ ကုန္ပစၥည္းမ်ားကို နားလည္မႈျဖင့္ သယ္ေဆာင္ေနသူမ်ား သိရွိႏိုင္ရန္ CNCMC မွ အသိေပး

တာခ်ီလိတ္မွ မယ္ဆိုင္သို႔ ကုန္ပစၥည္းမ်ားကို နားလည္မႈျဖင့္ သယ္ေဆာင္ေနသူမ်ား သိရွိႏိုင္ရန္ CNCMC မွ အသိေပး
အောက်တိုဘာ 18, 2016
By Tachileik News Agency

တာခ်ီလိတ္မွ တဆင့္ တစ္ဖက္ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ နားလည္မႈျဖင့္ သယ္ေဆာင္ေနသည့္ တစ္ႏိုင္တစ္ဆြဲ ကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ မယ္ဆိုင္ၿမိဳ႕တြင္း၌ ထိုင္းလွည့္ကင္းမွ စစ္ေဆးေတြ႕ရွိရပါက ဥပေဒအရ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္မည္ျဖစ္သည့္ အတြက္ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ သိရွိရန္ လိုအပ္ေၾကာင္း CNCMC မွ အသိေပးလိုက္သည္။

တာခ်ီလိတ္မွ တဆင့္ မယ္ဆိုင္သို႔ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီႏွင့္ အျခားေသာ ကုန္ပစၥည္းမ်ား၊ ေဒသထြက္ ပစၥည္းမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္တံတားေပၚမွ တရားမ၀င္နည္း (နားလည္မႈ)ျဖင့္ ေအာက္ေၾကးေပးကာ ျဖတ္သန္းသြားမည္ဆိုပါက ဂိတ္အေက်ာ္တြင္ လည္းေကာင္း၊ မယ္ဆိုင္ၿမိဳ႕တြင္းရွိ ေစ်းထဲတြင္ေသာ္ လည္းေကာင္း၊ ထိုင္းလွည့္ကင္း ရဲတပ္ဖြဲ႔၀င္မ်ားမွ စစ္ေဆးေတြ႕ရွိရပါက မယ္ဆိုင္ဂိတ္ရွိ သက္ဆိုင္ရာ ဌာန၏ တရား၀င္ အခြန္ေဆာင္ထားေသာ ျဖတ္ပိုင္း (သို႔မဟုတ္) ေျပစာအေထာက္အထား တစ္စံုတစ္ရာ မျပႏိုင္ပါက ထိုင္းႏိုင္ငံ ဥပေဒ အရ ဖမ္းဆီး အေရးယူခံရမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ ( CNCMC ) မွ ေအာက္တိုဘာလ(၁၈)ရက္ေန႔တြင္ အသိေပးလိုက္ျခင္း ျဖစ္သည္။

တာခ်ီလိတ္မွ တိုင္းရင္းသားအခ်ဳိ႕သည္ ၎တို႔၏ ေဒသထြက္ကုန္အား မယ္ဆိုင္ေစ်းႀကီးႏွင့္ အျခားေစ်းမ်ားသို႔ ပို႔ေဆာင္ေရာင္းခ်မႈမ်ားရွိၿပီး၊ ျပည္တြင္းမွ ေရာက္ရွိလာေသာ ကုန္ပစၥည္းအခ်ဳိ႕ကိုလည္း တင္ပို႔လွ်က္ရွိသည့္အတြက္ ယင္းကိစၥႏွင့္ ပတ္သက္၍ ႀကိဳတင္သိရွိႏိုင္ရန္အတြက္ CNCMC ေကာ္မတီမွ အသိေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မှ တဆင့် တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ နားလည်မှုဖြင့် သယ်ဆောင်နေသည့် တစ်နိုင်တစ်ဆွဲ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ မယ်ဆိုင်မြို့တွင်း၌ ထိုင်းလှည့်ကင်းမှ စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်သည့် အတွက် မြန်မာနိုင်ငံသားများ အနဖြေင့် သိရှိရန် လိုအပ်ကြောင်း CNCMC မှ အသိပေးလိုက်သည်။

တာချီလိတ်မှ တဆင့် မယ်ဆိုင်သို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အခြားသော ကုန်ပစ္စည်းများ၊ ဒေသထွက် ပစ္စည်းများအား ထိုင်းနိုင်ငံ မယ်ဆိုင်တံတားပေါ်မှ တရားမဝင်နည်း (နားလည်မှု)ဖြင့် အောက်ကြေးပေးကာ ဖြတ်သန်းသွားမည်ဆိုပါက ဂိတ်အကျော်တွင် လည်းကောင်း၊ မယ်ဆိုင်မြို့တွင်းရှိ ဈေးထဲတွင်သော် လည်းကောင်း၊ ထိုင်းလှည့်ကင်း ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးတွေ့ရှိရပါက မယ်ဆိုင်ဂိတ်ရှိ သက်ဆိုင်ရာ ဌာန၏ တရားဝင် အခွန်ဆောင်ထားသော ဖြတ်ပိုင်း (သို့မဟုတ်) ပြေစာအထောက်အထား တစ်စုံတစ်ရာ မပြနိုင်ပါက ထိုင်းနိုင်ငံ ဥပဒေ အရ ဖမ်းဆီး အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC ) မှ အောက်တိုဘာလ(၁၈)ရက်နေ့တွင် အသိပေးလိုက်ခြင်း ဖြစ်သည်။

တာချီလိတ်မှ တိုင်းရင်းသားအချို့သည်၎င်းတို့၏ ဒေသထွက်ကုန်အား မယ်ဆိုင်ဈေးကြီးနှင့် အခြားဈေးများသို့ ပို့ဆောင်ရောင်းချမှုများရှိပြီး၊ ပြည်တွင်းမှ ရောက်ရှိလာသော ကုန်ပစ္စည်းအချို့ကိုလည်း တင်ပို့လျှက်ရှိသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ ကြိုတင်သိရှိနိုင်ရန်အတွက် CNCMC ကော်မတီမှ အသိပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~