တရားမ၀င္တင္သြင္းလာသည့္ က်ပ္သိန္း (၃၇၀)ေက်ာ္တန္ဖိုးရိွ ထိုင္းႏုိင္ငံထုတ္ ဘီယာမ်ား ၿမိတ္၌ ဖ်က္ဆီး

တရားမ၀င္တင္သြင္းလာသည့္ က်ပ္သိန္း (၃၇၀)ေက်ာ္တန္ဖိုးရိွ ထိုင္းႏုိင္ငံထုတ္ ဘီယာမ်ား ၿမိတ္၌ ဖ်က္ဆီး
အောက်တိုဘာ 24, 2016
By Tachileik News Agency

တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕ ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနက ဖမ္းဆီးရမိထားသည့္ တရားမ၀င္ တင္သြင္းလာေသာ ထိုင္းႏိုင္ငံထုတ္ Singha Beer ႏွင့္ Chang Beer ပါကင္ (၃၀၀၀) နီးပါးကို ေအာက္တို္ဘာလ (၂၄) ရက္ေန႔ နံနက္ (၁၁) နာရီက ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

“ဒီလိုမ်ိဳး ႏိုင္ငံျခားက တင္သြင္းလာတဲ့ အရက္၊ ဘီယာေတြကို တရား၀င္ တင္သြင္ခြင့္ မျပဳထားပါဘူး။ ေနာက္ထပ္လည္း ဒီလိုမ်ိဳး ထပ္ၿပီး တင္သြင္းလာရင္ေတာ့ ထပ္မံ ဖမ္းဆီးဖ်က္ဆီးသြားဦးမွာပါ”ဟု အေကာက္ခြန္ ဦးစီးဌာနမွ လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမ်ိဳးသီဟက ေျပာၾကားသည္။

အေကာက္ခြန္မဲ့ တရားမဝင္ တင္သြင္းလာသည့္ Singha Beer  ပါကင္ (၆၂၀) ကတ္ႏွင္႔ Chang Beer ပါကင္ (၂၅၅၀) ကတ္တို႔ကို  ေမလ (၁၉) ရက္ေန႔က ၿမိတ္ေတာင္ေက်းရြာအုပ္စု လန္လာသက္စက္ အနီးတြင္ ၿမိဳ႕နယ္အေထြေထြဦးစီးဌာနႏွင့္ ရဲတပ္ဖြဲ႔၀င္တို႔က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္ (ၿမိတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့နယ်အကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးရမိထားသည့် တရားမဝင် တင်သွင်းလာသော ထိုင်းနိုင်ငံထုတ် Singha Beer နှင့် Chang Beer ပါကင် (၃၀၀၀) နီးပါးကို အောက်တို်ဘာလ (၂၄) ရက်နေ့ နံနက် (၁၁) နာရီက ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ဒီလိုမျိုး နိုင်ငံခြားက တင်သွင်းလာတဲ့ အရက်၊ ဘီယာတွေကို တရားဝင် တင်သွင်ခွင့် မပြုထားပါဘူး။ နောက်ထပ်လည်း ဒီလိုမျိုး ထပ်ပြီး တင်သွင်းလာရင်တော့ ထပ်မံ ဖမ်းဆီးဖျက်ဆီးသွားဦးမှာပါ”ဟု အကောက်ခွန် ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးသီဟက ပြောကြားသည်။

အကောက်ခွန်မဲ့ တရားမဝင် တင်သွင်းလာသည့် Singha Beer ပါကင် (၆၂၀) ကတ်နှင့် Chang Beer ပါကင် (၂၅၅၀) ကတ်တို့ကို မေလ (၁၉) ရက်နေ့က မြိတ်တောင်ကျေးရွာအုပ်စု လန်လာသက်စက် အနီးတွင် မြို့နယ်အထွေထွေဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော် (မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~