ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕မွ တရားမဝင္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ ပေပ်ာက္ေရး ႏွစ္ႏုိင္ငံ သက္ဆုိင္ရာဌာနမ်ားႏွင့္ ရွမ္းျပည္နယ္အစုိးရ ညိႇႏိႈင္း

ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕မွ တရားမဝင္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ ပေပ်ာက္ေရး ႏွစ္ႏုိင္ငံ သက္ဆုိင္ရာဌာနမ်ားႏွင့္ ရွမ္းျပည္နယ္အစုိးရ ညိႇႏိႈင္း
အောက်တိုဘာ 17, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တရားမ၀င္ တင္သြင္းလာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ၀င္ေရာက္မႈ မရွိရန္ ရွမ္းျပည္နယ္အစိုးရမွ ႏွစ္ႏိုင္ငံသက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏွိဳင္း ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

"တရားမ၀င္ တင္သြင္းလာတဲ့ ေမာ္ေတာ္ယာဥ္ေတြနဲ႔ပတ္သက္ၿပီး မယ္ဆိုင္က အေကာက္ခြန္နဲ႔ ျမန္မာ အေကာက္ခြန္ ဦးစီးဌာနအပါအ၀င္ ၀န္ႀကီးေတြနဲ႔ ေတြ႕ဆံုၿပီး ေဆြးေႏြးျဖစ္ခဲ့တယ္။ ဒါမ်ိဳး၀င္ေရာက္တာကို ထုိင္းဥပေဒအရ တရား၀င္ တင္သြင္းတာျဖစ္ေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ လိုင္စင္မဲ့ တရားမ၀င္ကား ျဖစ္ေနတဲ့ အေပၚ ၀င္ေရာက္ျခင္း မရွိေအာင္ စိစစ္ေဆာင္ရြက္မယ္ဆိုတဲ့ အေၾကာင္းကိုပါ"ဟု ရွမ္းျပည္နယ္အစိုးရႏွင့္ နီးစပ္သည့္ ဌာနဆိုင္ရာ အရာရွိတစ္ဦးက ဆိုသည္။

ထိုင္းႏိုင္ငံမွ တင္သြင္းသည့္ ေမာ္ေတာ္ယာဥ္မ်ားမွာ ဂ်ပန္ႏိုင္ငံထုတ္ တစ္ပတ္ရစ္ ေမာ္ေတာ္ယာဥ္မ်ားျဖစ္ၿပီး ထိုင္းအစိုးရအား အျပည့္အ၀ အခြန္ေဆာင္ေစၿပီး ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ တင္သြင္းေနသျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအား တရား၀င္ စာရြက္စာတမ္း စစ္ေဆးၿပီးမွ တင္သြင္းခြင့္ေပးရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ဂ်ပန္ႏိုင္ငံက တစ္ပတ္ရစ္ကားဆိုတာ ထုိင္းႏိုင္ငံမွာ သူတို႔ႏိုင္ငံသားေတြက စီးနင္းခြင့္ မရွိဘူး။ ထိုင္းႏိုင္ငံထုတ္ ကားေတြပဲ စီးနင္းရတယ္။ စီးခ်င္တယ္ဆိုရင္ အစိုးရကို အခြန္(၂)ဆေလာက္ ေဆာင္ၿပီးစီးရေတာ့ ထုိင္းႏိုင္ငံသားေတြ မစီးၾကတာ။ ဂ်ပန္ႏိုင္ငံက သေဘၤာကတဆင့္ ခ်လာတဲ့ကားေတြကို မယ္ဆိုင္ၿမိဳ႕ အေကာက္ခြန္၀န္းအတြင္းမွာထားၿပီး ဒီဘက္ကမ္းကို သယ္ယူၾကတာပါ"ဟု ကား၀ယ္ေရာင္းလုပ္ကိုင္သူ ေစ်းကြက္အတြင္းမွ ကိုေထြး(အမည္လႊဲ)က ေျပာသည္။

ထုိင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ တင္သြင္းမည့္ကားမွာ ထုိင္းအေကာက္ခြန္အား ေမာ္ဒယ္အလိုက္ ေမာ္ေတာ္ယာဥ္ တစ္စီးလွ်င္ ထုိင္းဘတ္(၃)ေသာင္းခန္႔ေပးသြင္းရၿပီး တာခ်ီလိတ္သို႔ တင္သြင္းလာျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းသို႔ တရားမ၀င္ ေမာ္ေတာ္ယာဥ္ တင္သြင္းရာတြင္ တာခ်ီလိတ္မွ တင္သြင္းမႈမွာ ျမ၀တီ-မဲေဆာက္လမ္းေၾကာင္းထက္ အခြန္ေပးေဆာင္ရမႈ ပိုမ်ားေၾကာင္း သိရသည္။

"ကားသြင္းရင္ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)က သြင္းတာ။ အခုေနာက္ပိုင္းေတာ့ တင္သြင္းမႈေတြ ရပ္နားထားတယ္ၾကားတယ္။ လူႀကီးေတြကလည္း အရင္ကလို လွစ္လ်ဴရႈတာေတြ မလုပ္ေတာ့ဘူး။ သြင္းတာေတြ႕ရင္ ဖမ္းဆီးသိမ္းဆည္းတာေၾကာင့္လည္း ပါတယ္"ဟု ကားသြင္းသူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အစိုးရမွ ျပည္နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္အသံုးျပဳမႈႏွင့္ပတ္သက္၍ အထူးေကာ္မတီ တစ္ရပ္ဖြဲ႕စည္းကာ စီမံေဆာင္ရြက္သြားမည္ဟု ဇူလိုင္လအတြင္း မီဒီယာမ်ား ေမးျမန္းမႈကို ေျဖၾကားထားျခင္းျဖစ္သည္။

ေဒသတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား စီးနင္းမႈႏွင့္ ပတ္သက္၍ ဌာနဆိုင္ရာ၀န္ထမ္းမ်ားအား စီးနင္းျခင္း လံုး၀မျပဳရန္ႏွင့္ ေမာ္ေတာ္ယာဥ္ ဥပေဒ၊ နည္းဥပေဒ ျပဌာန္းခ်က္ပါ စည္းကမ္းမ်ားကို စနစ္တက် လိုက္နာ ေဆာင္ရြက္သြားရန္ ျပည္နယ္အတြင္း သက္ဆိုင္ရာ ခရိုင္ႏွင့္ၿမိဳ႕နယ္အလိုက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကလည္း အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမဝင် တင်သွင်းလာသည့် မော်တော်ယာဉ်များအား တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်မှု မရှိရန် ရှမ်းပြည်နယ်အစိုးရမှ နှစ်နိုင်ငံသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

"တရားမဝင် တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီး မယ်ဆိုင်က အကောက်ခွန်နဲ့ မြန်မာ အကောက်ခွန် ဦးစီးဌာနအပါအဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖြစ်ခဲ့တယ်။ ဒါမျိုးဝင်ရောက်တာကို ထိုင်းဥပဒေအရ တရားဝင် တင်သွင်းတာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ လိုင်စင်မဲ့ တရားမဝင်ကား ဖြစ်နေတဲ့ အပေါ် ဝင်ရောက်ခြင်း မရှိအောင် စိစစ်ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကိုပါ"ဟု ရှမ်းပြည်နယ်အစိုးရနှင့် နီးစပ်သည့် ဌာနဆိုင်ရာ အရာရှိတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် မော်တော်ယာဉ်များမှာ ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် မော်တော်ယာဉ်များဖြစ်ပြီး ထိုင်းအစိုးရအား အပြည့်အဝ အခွန်ဆောင်စပြေီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ တင်သွင်းနေသဖြင့် မော်တော်ယာဉ်များအား တရားဝင် စာရွက်စာတမ်း စစ်ဆေးပြီးမှ တင်သွင်းခွင့်ပေးရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

"ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားဆိုတာ ထိုင်းနိုင်ငံမှာ သူတို့နိုင်ငံသားတွေက စီးနင်းခွင့် မရှိဘူး။ ထိုင်းနိုင်ငံထုတ် ကားတွေပဲ စီးနင်းရတယ်။ စီးချင်တယ်ဆိုရင် အစိုးရကို အခွန်(၂)ဆလောက် ဆောင်ပြီးစီးရတော့ ထိုင်းနိုင်ငံသားတွေ မစီးကြတာ။ ဂျပန်နိုင်ငံက သင်္ဘောကတဆင့် ချလာတဲ့ကားတွေကို မယ်ဆိုင်မြို့ အကောက်ခွန်ဝန်းအတွင်းမှာထားပြီး ဒီဘက်ကမ်းကို သယ်ယူကြတာပါ"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဈေးကွက်အတွင်းမှ ကိုထွေး(အမည်လွှဲ)က ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းမည့်ကားမှာ ထိုင်းအကောက်ခွန်အား မော်ဒယ်အလိုက် မော်တော်ယာဉ် တစ်စီးလျှင် ထိုင်းဘတ်(၃)သောင်းခန့်ပေးသွင်းရပြီး တာချီလိတ်သို့ တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် မော်တော်ယာဉ် တင်သွင်းရာတွင် တာချီလိတ်မှ တင်သွင်းမှုမှာ မြဝတီ-မဲဆောက်လမ်းကြောင်းထက် အခွန်ပေးဆောင်ရမှု ပိုများကြောင်း သိရသည်။

"ကားသွင်းရင် ချစ်ကြည်ရေးတံတားအမှတ်(၁)က သွင်းတာ။ အခုနောက်ပိုင်းတော့ တင်သွင်းမှုတွေ ရပ်နားထားတယ်ကြားတယ်။ လူကြီးတွေကလည်း အရင်ကလို လှစ်လျူရှုတာတွေ မလုပ်တော့ဘူး။ သွင်းတာတွေ့ရင် ဖမ်းဆီးသိမ်းဆည်းတာကြောင့်လည်း ပါတယ်"ဟု ကားသွင်းသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အစိုးရမှ ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်အသုံးပြုမှုနှင့်ပတ်သက်၍ အထူးကော်မတီ တစ်ရပ်ဖွဲ့စည်းကာ စီမံဆောင်ရွက်သွားမည်ဟု ဇူလိုင်လအတွင်း မီဒီယာများ မေးမြန်းမှုကို ဖြကြေားထားခြင်းဖြစ်သည်။

ဒေသတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ စီးနင်းမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းများအား စီးနင်းခြင်း လုံးဝမပြုရန်နှင့် မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်ပါ စည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်သွားရန် ပြည်နယ်အတွင်း သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~