တမူး၌ ေသနတ္ျဖင့္ပစ္၍ ထြက္ေျပးေနသူကို ဖမ္းဆီးရမိရန္ ရဲတပ္ဖြဲ႔မွ ႀကိဳးပမ္းေန

တမူး၌ ေသနတ္ျဖင့္ပစ္၍ ထြက္ေျပးေနသူကို ဖမ္းဆီးရမိရန္ ရဲတပ္ဖြဲ႔မွ ႀကိဳးပမ္းေန
အောက်တိုဘာ 4, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕ နန္႔ဖာလံုေစ်းတြင္ လူတစ္ဦးအား ေသနတ္ျဖင့္ပစ္၍ တမူး - အိႏၵိယနိုင္ငံ နယ္စပ္ရိွ တရားမဝင္ဂိတ္မွ ထြက္ေျပးလြတ္ေျမာက္ေနသူကို ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္းဟု တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ရံုးမွ သိရသည္။

"ဆိုင္ကယ္ေပၚတက္မလို႔ လုပ္တုန္း ေသနတ္နဲ႔ သံုးခ်က္ပစ္ခံရတာ။ တစ္ခ်က္က ဆိုင္ကယ္ဆီတိုင္ကီကို မွန္တယ္။ တစ္ခ်က္က ခါးကေန ဆီးစပ္နားအထိ မွန္တယ္။ တစ္ခ်က္ကေတာ့ လမ္းဘက္တစ္ေနရာကို ေရာက္သြားတယ္။ လူနာက အသက္ေတာ့ မေသပါဘူး။ ဒါေပမဲ့ ေဆးရံုတင္ထားပါတယ္။ ပစ္ခတ္သူကို ဖမ္းဆီးနိုင္ဖို႔ ေဆာင္ရြက္ေနပါတယ္"ဟု တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ျမင့္ေဝက ေျပာသည္။

ေအာက္တိုဘာလ(၂)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲခန္႔က နန္႔ဖာလံုေစ်း သံုးဘီးဆိုင္ကယ္ဂိတ္အနီးတြင္ ပစၥတိုေသနတ္ကိုင္ေဆာင္ထားသူတစ္ဦးက တမူးၿမိဳ႕မွလူတစ္ဦးအား ပစ္ခတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ နယ္စပ္က အဲဒီလိုရာဇဝတ္မႈေတြ မၾကာခဏျဖစ္ပြားေလ့ရိွတယ္။ အမ်ားအားျဖင့္ တဖက္နိုင္ငံ (အိႏၵိယ)ဘက္ လက္နက္ကိုင္သူပုန္တပ္ဖြဲ႕ေတြက တမူးဘက္ကို တရားမဝင္ ခိုးဝင္ၿပီး အခ်င္းခ်င္းျဖစ္တာ မ်ားတယ္" ဟု တမူးၿမိဳ႕ခံ ဦးသိန္းေဌးက ဆိုသည္။

အဆိုပါ ထြက္ေျပးလြတ္ေျမာက္သြားသူမွာ အိႏၵိယႏုိင္ငံနယ္စပ္ မိုးေရးၿမိဳ႕ေနထိုင္သူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ ကနဦးသတင္းအရ သိရသည္။

ယင္းပစ္ခတ္မႈႏွင့္ ပတ္သတ္ၿပီး တမူးၿမိဳ႕မရဲစခန္းတြင္ ေအာက္တိုဘာလ (၂) ရက္ေန႔က (ပ)၈၄/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နန့်ဖာလုံဈေးတွင် လူတစ်ဦးအား သေနတ်ဖြင့်ပစ်၍ တမူး - အိန္ဒိယနိုင်ငံ နယ်စပ်ရှိ တရားမဝင်ဂိတ်မှ ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်းဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

"ဆိုင်ကယ်ပေါ်တက်မလို့ လုပ်တုန်း သေနတ်နဲ့ သုံးချက်ပစ်ခံရတာ။ တစ်ချက်က ဆိုင်ကယ်ဆီတိုင်ကီကို မှန်တယ်။ တစ်ချက်က ခါးကနေ ဆီးစပ်နားအထိ မှန်တယ်။ တစ်ချက်ကတော့ လမ်းဘက်တစ်နေရာကို ရောက်သွားတယ်။ လူနာက အသက်တော့ မသေပါဘူး။ ဒါပေမဲ့ ဆေးရုံတင်ထားပါတယ်။ ပစ်ခတ်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်"ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မြင့်ဝေက ပြောသည်။

အောက်တိုဘာလ(၂)ရက်နေ့ နေ့လယ်(၂)နာရီခွဲခန့်က နန့်ဖာလုံဈေး သုံးဘီးဆိုင်ကယ်ဂိတ်အနီးတွင် ပစ္စတိုသေနတ်ကိုင်ဆောင်ထားသူတစ်ဦးက တမူးမြို့မှလူတစ်ဦးအား ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ နယ်စပ်က အဲဒီလိုရာဇဝတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်။ အများအားဖြင့် တဖက်နိုင်ငံ (အိန္ဒိယ)ဘက် လက်နက်ကိုင်သူပုန်တပ်ဖွဲ့တွေက တမူးဘက်ကို တရားမဝင် ခိုးဝင်ပြီး အချင်းချင်းဖြစ်တာ များတယ်" ဟု တမူးမြို့ခံ ဦးသိန်းဌေးက ဆိုသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူမှာ အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးမြို့နေထိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။

ယင်းပစ်ခတ်မှုနှင့် ပတ်သတ်ပြီး တမူးမြို့မရဲစခန်းတွင် အောက်တိုဘာလ (၂) ရက်နေ့က (ပ)၈၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~