ဒီဇင္ဘာလအကုန္တြင္ ေတာင္ႀကီးၿမိဳ႕၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ အျပည့္အေ၀ ေပးေဝ နိုင္ေတာ့မည္

ဒီဇင္ဘာလအကုန္တြင္ ေတာင္ႀကီးၿမိဳ႕၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ အျပည့္အေ၀ ေပးေဝ နိုင္ေတာ့မည္
အောက်တိုဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၏ အႀကီးဆံုး ဓာတ္အားခြဲ စက္ရံုၿပီး စီးေတာ့မည္ျဖစ္၍ ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ဒီဇင္ဘာလကုန္တြင္ အျပည့္အဝေပးႏုိင္ဖြယ္ရိွေၾကာင္း ျပည္နယ္လွ်ပ္စစ္ အင္ဂ်င္နီယာထံမွ သိရသည္။

“အခု အသစ္တည္ေဆာက္ေနတဲ့ ေတာင္ႀကီး - ဟိုပံုးသြားလမ္းမွာရွိတဲ့ လွ်ပ္စစ္ဓာတ္အားရံုက ဒီဇင္ဘာလကုန္ပိုင္း အတြင္းမွာ အၿပီးသတ္မွာပါ။ ၿပီးရင္ေတာ့ ေတာင္ႀကီးၿမိဳ႕တစ္ၿမိဳ႕လံုး လွ်ပ္စစ္ဓာတ္အား အျပည္အဝ ရေတာ့မွာပါ။ အခုဆို လွ်ပ္စစ္ဓာတ္အား မလံုေလာက္ဘူးေလ။ လူေတြက ေျပာတယ္။ မီးကခဏခဏ ျဖတ္ေနတာပဲတဲ့။ မီးအားမလံုေလာက္တာေတြ ျဖစ္လို႔ပါ။ အခုဆိုရင္ေတာ့ ဓာတ္အားခြဲရံု ၿပီးရင္ေတာ့ မီးအားလံုေလာက္ဖို႕စိတ္ခ်ရပါၿပီ။”ဟု လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈ၀န္ႀကီးဌာနမွ ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးသန္းေရႊက Tachileik News Agency ( တာခ်ီလိတ္သတင္းေအဂ်င္စီ )သို႔ ေျပာသည္။

အသစ္တည္ေဆာက္ေနသည့္ ဓာတ္အားခြဲရုံကို ၂၀၁၁ - ၂၀၁၂ ဘ႑ာေရးႏွစ္မွစ၍ ျပည္ေထာင္စု ဘတ္ဂ်က္ျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၎ဓာတ္အားခြဲရံုသည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ အႀကီးဆံုးပင္မ ဓာတ္အားခြဲရံု ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေတာင္ႀကီးၿမိဳ႕၌ ဓာတ္အားေပးရံု (၃)ခုမွ လွ်ပ္စစ္ဓာတ္အားမ်ား ျဖန္႔ျဖဴးေပးေနေၾကာင္း သိရသည္။

၎ဓာတ္အားခြဲရံုအား က်ဳိင္းေတာင္းေရအားလွ်ပ္စစ္မွ ဓာတ္အားကို ထည့္သြင္းမည္ျဖစ္ၿပီး ကေလာ-ေအာင္သေျပ ဓာတ္အားခြဲရံုမ်ားထက္ ပို၍ႀကီးမားေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၏ အကြီးဆုံး ဓာတ်အားခွဲ စက်ရုံပြီး စီးတော့မည်ဖြစ်၍ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဒီဇင်ဘာလကုန်တွင် အပြည့်အဝပေးနိုင်ဖွယ်ရှိကြောင်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာထံမှ သိရသည်။

“အခု အသစ်တည်ဆောက်နေတဲ့ တောင်ကြီး - ဟိုပုံးသွားလမ်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားရုံက ဒီဇင်ဘာလကုန်ပိုင်း အတွင်းမှာ အပြီးသတ်မှာပါ။ ပြီးရင်တော့ တောင်ကြီးမြို့တစ်မြို့လုံး လျှပ်စစ်ဓာတ်အား အပြည်အဝ ရတော့မှာပါ။ အခုဆို လျှပ်စစ်ဓာတ်အား မလုံလောက်ဘူးလေ။ လူတွေက ပြောတယ်။ မီးကခဏခဏ ဖြတ်နေတာပဲတဲ့။ မီးအားမလုံလောက်တာတွေ ဖြစ်လို့ပါ။ အခုဆိုရင်တော့ ဓာတ်အားခွဲရုံ ပြီးရင်တော့ မီးအားလုံလောက်ဖို့စိတ်ချရပါပြီ။”ဟု လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းရွှေက Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )သို့ ပြောသည်။

အသစ်တည်ဆောက်နေသည့် ဓာတ်အားခွဲရုံကို ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၎င်းဓာတ်အားခွဲရုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အကြီးဆုံးပင်မ ဓာတ်အားခွဲရုံ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကြီးမြို့၌ ဓာတ်အားပေးရုံ (၃)ခုမှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

၎င်းဓာတ်အားခွဲရုံအား ကျိုင်းတောင်းရေအားလျှပ်စစ်မှ ဓာတ်အားကို ထည့်သွင်းမည်ဖြစ်ပြီး ကလော-အောင်သပြေ ဓာတ်အားခွဲရုံများထက် ပို၍ကြီးမားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~