ေရႊဘို၌ တီဗြီထိုင္ၾကည့္ေနစဥ္ မိုးႀကိဳးထိမွန္၍ အမ်ိဳးသမီး တစ္ဦးေသဆံုး

ေရႊဘို၌ တီဗြီထိုင္ၾကည့္ေနစဥ္ မိုးႀကိဳးထိမွန္၍ အမ်ိဳးသမီး တစ္ဦးေသဆံုး
အောက်တိုဘာ 9, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုၿမိဳ႕နယ္ ေက်ာက္ေျမာင္းေက်းရြာအုပ္စု ဆယ္ပင္ကၽြန္းေက်းရြာ၌ ေနအိမ္တြင္ တီဗြီၾကည့္ေနသည့္ အမ်ိဳးသမီးတစ္ဦး မိုးႀကိဳးထိမွန္၍ ေသဆံုးသြားေၾကာင္း ေရႊဘိုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ေအာက္တိုဘာလ (၈)ရက္ေန႔ ညေန (၃)နာရီအခ်ိန္က မိုးသည္းထန္စြာ ရြာသြန္းေနစဥ္ ေနအိမ္ေအာက္ထပ္တြင္ တီဗြီၾကည့္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"မိုးႀကိဳးပစ္ေတာ့ အိမ္တိုင္ကြဲအက္သြားၿပီး တိုင္ေအာက္က ကြန္ကရစ္အုတ္ခံုကြဲအက္သြားတယ္။ လူကေတာ့ ဦးေခါင္း ပြန္းပဲ့ဒဏ္ရာေတြနဲ႔ အဲဒီနားမွာတင္ ေသဆံုးသြားပါတယ္" ဟု ေက်ာက္ေျမာင္းေက်းရြာ နယ္ေျမရဲစခန္းမွ အမႈစစ္ ရဲအုပ္ေဌးလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုးႀကိဳးပစ္ခ်ိန္တြင္ တီဗြီထိုင္ၾကည့္ေနသူ (၅)ဦးအနက္ အမ်ိဳးသမီးတစ္ဦး ေသဆံုးၿပီး တစ္ဦးေျခေထာက္ ထိမွန္သြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေက်ာက္ေျမာင္းေက်းရြာရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၂/၂၀၁၆ ) ျဖင့္ အမႈဖြင့္ စစ္ေဆးလ်ွက္ရိွေၾကာင္း သိရသည္။

သတင္း - ရန္နိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု ဆယ်ပင်ကျွန်းကျေးရွာ၌ နေအိမ်တွင် တီဗွီကြည့်နေသည့် အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးသွားကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ (၈)ရက်နေ့ ညနေ (၃)နာရီအချိန်က မိုးသည်းထန်စွာ ရွာသွန်းနေစဉ် နေအိမ်အောက်ထပ်တွင် တီဗွီကြည့်နခြေင်းဖြစ်ကြောင်း သိရသည်။

"မိုးကြိုးပစ်တော့ အိမ်တိုင်ကွဲအက်သွားပြီး တိုင်အောက်က ကွန်ကရစ်အုတ်ခုံကွဲအက်သွားတယ်။ လူကတော့ ဦးခေါင်း ပွန်းပဲ့ဒဏ်ရာတွေနဲ့ အဲဒီနားမှာတင် သေဆုံးသွားပါတယ်" ဟု ကျောက်မြောင်းကျေးရွာ နယ်မြေရဲစခန်းမှ အမှုစစ် ရဲအုပ်ဌေးလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးကြိုးပစ်ချိန်တွင် တီဗွီထိုင်ကြည့်နေသူ (၅)ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးခြေထောက် ထိမှန်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်မြောင်းကျေးရွာရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၆ ) ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~