လူဦးေရ ၁၀၀၀ခန္႔သာ က်န္ေတာ့သည့္ ၿမိတ္ကၽြန္းစုမွ ဆလံုလူမ်ိဳးမ်ား

လူဦးေရ ၁၀၀၀ခန္႔သာ က်န္ေတာ့သည့္ ၿမိတ္ကၽြန္းစုမွ ဆလံုလူမ်ိဳးမ်ား
အောက်တိုဘာ 31, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ကၽြန္းစု၏ ကၽြန္းေပါင္း (၈၀၀) ေက်ာ္တြင္ ေနထိုင္သည့္ ပင္လယ္ေပ်ာ္ ဆလံုလူမ်ိဳး (ေမာ္ကင္း သို႔မဟုတ္ မြန္ကင္း)မ်ား၏ လူေနမႈဘဝပံုရိပ္မ်ားကို ေတြ႔ျမင္ခံစားႏုိင္ေစရန္ ဒံုေညာင္မိုင္းေက်းရြာမွ ဆလံုလူမ်ိဳးမ်ား၏ ပံုရိပ္အခ်ိဳ႕ကို ေဖၚျပ ေပးလုိက္ပါသည္။

ဆလံုလူမ်ိဳးမ်ားသည္ ေရငုတ္ကၽြမ္းက်င္သူမ်ားျဖစ္ၿပီး ေရလုပ္ငန္း၊ ပုလဲငုပ္ျခင္းတို႔ျဖင့္ အသက္ ေမြးဝမ္းေၾကာင္း လုပ္ကိုင္သူမ်ားျဖစ္သည္။

ဆလံုလူမ်ိဳးမ်ားသည္ ပင္လယ္ကမ္းေျခတစ္ေလွ်ာက္ တစ္ကၽြန္းမွ တစ္ကၽြန္းကို ေလွျဖင့္ ကူးကာ ေနထုိင္သူမ်ားျဖစ္ၾကၿပီး ေလွမ်ားေပၚတြင္ အသံုးအေဆာင္မ်ား၊ စားနပ္ရိကၡာႏွင့္ အိမ္ေမြးတိရစၦာန္မ်ားပါ တင္ေဆာင္သြားေလ့ရိွေၾကာင္း သိရသည္။

ဆလံုလူမ်ိဳးဦးေရသည္ ၁၉၆၄ခုႏွစ္က (၂၄၀၀)ခန္႔ရွိခဲ့ၿပီး ယခုအခါမွာ တစ္ေထာင္ခန္႔သာ ရိွေတာ့သည္ဟု ၂၀၁၅ ခုႏွစ္က က်င္းပခဲ့သည့္ ဆလံုရိုးရာပြဲေတာ္တြင္ ေကာက္ယူခဲ့သည့္ စစ္တမ္းတစ္ခု၌ ေဖၚျပထားသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစု၏ ကျွန်းပေါင်း (၈၀၀) ကျော်တွင် နေထိုင်သည့် ပင်လယ်ပျော် ဆလုံလူမျိုး (မော်ကင်း သို့မဟုတ် မွန်ကင်း)များ၏ လူနေမှုဘဝပုံရိပ်များကို တွေ့မြင်ခံစားနိုင်စေရန် ဒုံညောင်မိုင်းကျေးရွာမှ ဆလုံလူမျိုးများ၏ ပုံရိပ်အချို့ကို ဖော်ပြ ပေးလိုက်ပါသည်။

ဆလုံလူမျိုးများသည် ရေငုတ်ကျွမ်းကျင်သူများဖြစ်ပြီး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းတို့ဖြင့် အသက် မွေးဝမ်းကြောင်း လုပ်ကိုင်သူများဖြစ်သည်။

ဆလုံလူမျိုးများသည် ပင်လယ်ကမ်းခြေတစ်လျှောက် တစ်ကျွန်းမှ တစ်ကျွန်းကို လှဖြေင့် ကူးကာ နေထိုင်သူများဖြစ်ကြပြီး လှေများပေါ်တွင် အသုံးအဆောင်များ၊ စားနပ်ရိက္ခါနှင့် အိမ်မွေးတိရစ္ဆာန်များပါ တင်ဆောင်သွားလေ့ရှိကြောင်း သိရသည်။

ဆလုံလူမျိုးဦးရေသည် ၁၉၆၄ခုနှစ်က (၂၄၀၀)ခန့်ရှိခဲ့ပြီး ယခုအခါမှာ တစ်ထောင်ခန့်သာ ရှိတော့သည်ဟု ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ဆလုံရိုးရာပွဲတော်တွင် ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~