တရုတ်နိုင်ငံသို့ ကျွဲ၊နွားများတင်ပို့နေမှု ကော်မတီဖွဲ့၍ ကာကွယ်တားဆီးသွားမည်
တရုတ်နိုင်ငံသို့ ကျွဲ၊နွားများတင်ပို့နေမှု ကော်မတီဖွဲ့၍ ကာကွယ်တားဆီးသွားမည်
အောကျတိုဘာ 11, 2016
By Tachileik News Agency
မြန်မာနိုင်ငံမှ ကျွဲ၊နွား များအား နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေမှုကို ဥပဒေအရ ခွင့်ပြုမထားသော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပိုများလာသဖြင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ တားဆီးရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအနေဖြင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမ၀င် တင်ပို့နေမှုများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၂၆/၂၀၁၆ အရ လုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - #ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံမှ ကျွဲ၊နွား များအား နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေမှုကို ဥပဒေအရ ခွင့်ပြုမထားသော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ပိုများလာသဖြင့် ရှမ်းပြည်နယ်အစိုးရအနဖြေင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ တားဆီးရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွဲ၊ နွားတွေကို နည်းလမ်းပေါင်းစုံနဲ့ ရောင်းချနေတာတွေဟာ တရားဝင် ရောင်းချနေတာတွေ မဟုတ်ပါဘူး။ ပြည်ထောင်စုအဆင့် နှစ်နိုင်ငံနယ်စပ် အစည်းအေဝးနဲ့ နယ်စပ်ဖြတ်ကျော် တိရစာ္ဆန်များ ကူးစက်ရောဂါ ထိန်းချုပ်ရေး အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပတဲ့အခါမှာ ဒီကိစ္စကို အမြဲထည့်သွင်း ဆွေးနွေးနေပါတယ်” ဟု ရှမ်းပြည်နယ် စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်က ပြောသည်။
ရှမ်းပြည်နယ်အစိုးရအနဖြေင့် တိရစာ္ဆန်နှင့် တိရစာ္ဆန်ထွက်ပစ္စည်းများ တရားမဝင် တင်ပို့နေမှုများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၂၆/၂၀၁၆ အရ လုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာပြည်ထဲက ကျွဲ၊နွားတွေကို တရုတ်နိုင်ငံဘက်ကို တရားမဝင်ပို့တာက ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ အရမ်းတွင် ကျယ်နေပါတယ်။ ဒီနေ့အထိလည်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေပါတယ်။” ဟု ပြည်နယ်လွှတ်တော်အတွင်း မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းမှ ကျွဲ နွားများသာမက အိန္ဒိယနိုင်ငံဘက်မှ ကျွဲနွားများကိုပါ မြန်မာနိုင်ငံမှ တစ်ဆင့် ဖြတ်သန်းတင်ပို့လျှက်ရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
သတင်း - #ရွှေဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~