က်ဳိင္းတံု၌ (၃၅)ရက္အၾကာ ဖြင့္လွစ္မည့္ မူးယစ္ေဆးျဖတ္သင္တန္းသို႔ ေဆးျဖတ္လိုသူမ်ား ေဒသမေရြးလာေရာက္ တက္ေရာက္ႏိုင္

က်ဳိင္းတံု၌ (၃၅)ရက္အၾကာ ဖြင့္လွစ္မည့္ မူးယစ္ေဆးျဖတ္သင္တန္းသို႔ ေဆးျဖတ္လိုသူမ်ား ေဒသမေရြးလာေရာက္ တက္ေရာက္ႏိုင္
အောက်တိုဘာ 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္၊ မိုင္းလပ္ေက်းရြာအုပ္စု၊ ၀မ္မိုင္ရြာရိွ လူမႈ၀န္ထမ္းဦးစီးဌာန(က်ိဳင္းတုံ) ျပန္လည္ထူေထာင္ေရးစခန္း၌ ရပ္ရြာအေျချပဳ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ ထူေထာင္ေရးသင္တန္းကို ေအာက္တိုဘာလ (၁၇) ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းအား ႏိုင္ငံေတာ္၏ ဒုတိယရက္(၁၀၀) စီမံခ်က္ျဖင့္ ျပဳလုပ္ျခင္းျဖစ္ၿပီး မိမိကိုယ္တိုင္ ေဆးျဖတ္လိုသူ မည္သူမဆို ေဒသမေရြးမွ တက္ေရာက္ႏိုင္ေၾကာင္း သိရသည္။

"ဒီသင္တန္းကို က်ိဳင္းတုံၿမိဳ႕မွာ ဖြင့္တယ္ဆိုေပမဲ့ က်ိဳင္းတုံတင္မကဘဲ တျခားၿမိဳ႕နယ္ေတြက ေဆးျဖတ္ခ်င္တဲ့ မည္သူမဆို တက္ေရာက္ႏိုင္ပါတယ္။ တျခားၿမိဳ႕နယ္ေတြက ဒီသင္တန္းကို တက္ခ်င္တယ္ဆိုရင္ သင္တန္းစမယ့္ (၁၇)ရက္ေန ့ မနက္(၉)နာရီ ေရာက္လာရင္ ရပါၿပီ။ ဒီသင္တန္းကေန ေဆးျဖတ္ေပးတာတင္မကဘဲ ျပန္လည္ထူေထာင္ေရး အတြက္ကိုလည္း လုပ္ေဆာင္ေပးသြားမွာပါ။"ဟု ရွမ္းျပည္နယ္(အေရွ ့ပိုင္း) လူမႈ၀န္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏိုင္က Tachileik News Agency သို႔ ေျပာသည္။

က်ိဳင္းတုံၿမိဳ႕နယ္အတြင္းမွ ေဆးျဖတ္လိုသူမ်ား အေနျဖင့္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားထံတြင္ စာရင္းေပးႏိုင္ၿပီး အျခားၿမိဳ႕နယ္မ်ားမွ တက္ေရာက္လိုသူမ်ား အေနျဖင့္ သင္တန္းစတင္မည့္ ေအာက္တိုဘာလ(၁၇)ရက္ေန ့ မနက္(၉)နာရီ အေရာက္လာရမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းကာလကို (၃၅)ရက္သတ္မွတ္ထားကာ ေဆးျဖတ္ျခင္းကို သာမက မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္သည့္ ဆိုးက်ိဳးမ်ားကို ေဆြးေႏြး ေဟာေျပာျခင္း၊ သက္ေမြးသင္တန္းမ်ားေပးျခင္းႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

"သင္တန္းကာလ ေနာက္ပိုင္းမွာေတာ့ ေနာက္ဆက္တြဲ ေစာင့္ေရွာက္မႈ တစ္ႏွစ္ရိွပါေသးတယ္။ အဓိကေတာ့ ကၽြန္ေတာ္တို ့ ၀န္ထမ္းေတြ နည္းတဲ့အတြက္ ဖုန္းနဲ ့ေတာ့ အဓိကထား ဆက္သြယ္တယ္။ ၿပီးရင္ ရံဖန္ရံခါ သူတို ့အိမ္ကို သြားေပးတယ္။ သူတို ့ရဲ႕အေနအထားက မေကာင္းေသးဘူး ဆိုရင္ေတာ့ ကၽြန္ေတာ္တို ့အေနနဲ ့ လုပ္ေဆာင္စရာရိွတာေတြကို ျပန္လုပ္ေပးပါတယ္။"ဟု ဦးေက်ာ္သူႏိုင္က ေျပာသည္။

သင္တန္းဖြင့္လွစ္ရျခင္း၏ အဓိကရည္ရြယ္ခ်က္မွာ ေဆးစြဲလူငယ္မ်ားအား ေဆးျဖတ္ၿပီး ျပန္လည္ထူေထာင္ ျပဳျပင္ေပးျခင္းျဖင့္ ႏိုင္ငံ၏ လူ ့စြမ္းအား အရင္းအျမစ္ျဖစ္လာေစရန္ႏွင့္ ေဆးစြဲလူငယ္မ်ားအား မူးယစ္ေဆး၀ါး လုံး၀ျပတ္ၿပီး မူးယစ္ေဆး သံသရာသို ့ ျပန္လည္မေရာက္ရိွေစေရး ေနာက္ဆက္တြဲ ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ျပည္သူလူထုမ်ားသိေစရန္ ျဖစ္ေၾကာင္းသိရသည္။

"တာခ်ီလိတ္က ေဆးျဖတ္ခ်င္သူ မည္သူမဆို ဆက္သြယ္လာေပးပါ၊ အခုေလာေလာဆယ္ တာခ်ီလိတ္ကေန ေဆးသြားျဖတ္မဲ့သူ (၂)ဦးရွိပါတယ္။ အဲ့ဒီေန႔ ကြ်န္ေတာ္တို႔ သြားပို႔ေပးမွာပါ၊ အမွန္တကယ္ ေဆးျဖတ္ခ်င္သူမ်ားအေနနဲ႔ ဆက္သြယ္လာေပးေစခ်င္ပါတယ္၊ သြားဖို႔ ခက္ခဲတယ္ဆိုရင္ ကြ်န္ေတာ္တို႔ ကူညီၿပီးလိုက္ပို႔ေပးမွာပါ၊ ေအာက္တိုဘာလ(၁၇)ရက္ေန႔ မတိုင္မီ ကြ်န္ေတာ့္ရဲ႕ ဖုန္း 095241342 ကို ဆက္သြယ္ၿပီး စာရင္းေပးႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင္ေဆြက ေျပာသည္။

အဆိုပါ သင္တန္းကို (၆)ႀကိမ္ေျမာက္အျဖစ္ က်ိဳင္းတုံခရိုင္ မူးယစ္ေဆး၀ါးအႏၱရာယ္ တားဆီးကာကြယ္ေရးအဖြဲ ့၏ ဦးေဆာင္မႈျဖင့္ လူမႈ၀န္ထမ္းဦးစီးဌာနွင့္ ကုသေရးဦးစီးဌာနတို ့မွ ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန(ကျိုင်းတုံ) ပြန်လည်ထူထောင်ရေးစခန်း၌ ရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်းကို အောက်တိုဘာလ (၁၇) ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား နိုင်ငံတော်၏ ဒုတိယရက်(၁၀၀) စီမံချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး မိမိကိုယ်တိုင် ဆေးဖြတ်လိုသူ မည်သူမဆို ဒေသမရွေးမှ တက်ရောက်နိုင်ကြောင်း သိရသည်။

"ဒီသင်တန်းကို ကျိုင်းတုံမြို့မှာ ဖွင့်တယ်ဆိုပေမဲ့ ကျိုင်းတုံတင်မကဘဲ တခြားမြို့နယ်တွေက ဆေးဖြတ်ချင်တဲ့ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ တခြားမြို့နယ်တွေက ဒီသင်တန်းကို တက်ချင်တယ်ဆိုရင် သင်တန်းစမယ့် (၁၇)ရက်နေ့ မနက်(၉)နာရီ ရောက်လာရင် ရပါပြီ။ ဒီသင်တန်းကနေ ဆေးဖြတ်ပေးတာတင်မကဘဲ ပြန်လည်ထူထောင်ရေး အတွက်ကိုလည်း လုပ်ဆောင်ပေးသွားမှာပါ။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က Tachileik News Agency သို့ ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်းမှ ဆေးဖြတ်လိုသူများ အနဖြေင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် စာရင်းပေးနိုင်ပြီး အခြားမြို့နယ်များမှ တက်ရောက်လိုသူများ အနဖြေင့် သင်တန်းစတင်မည့် အောက်တိုဘာလ(၁၇)ရက်နေ့ မနက်(၉)နာရီ အရောက်လာရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလကို (၃၅)ရက်သတ်မှတ်ထားကာ ဆေးဖြတ်ခြင်းကို သာမက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးများကို ဆွေးနွေး ဟောပြောခြင်း၊ သက်မွေးသင်တန်းများပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

"သင်တန်းကာလ နောက်ပိုင်းမှာတော့ နောက်ဆက်တွဲ စောင့်ရှောက်မှု တစ်နှစ်ရှိပါသေးတယ်။ အဓိကတော့ ကျွန်တော်တို့ ဝန်ထမ်းတွေ နည်းတဲ့အတွက် ဖုန်းနဲ့တော့ အဓိကထား ဆက်သွယ်တယ်။ ပြီးရင် ရံဖန်ရံခါ သူတို့အိမ်ကို သွားပေးတယ်။ သူတို့ရဲ့အနေအထားက မကောင်းသေးဘူး ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ပြန်လုပ်ပေးပါတယ်။"ဟု ဦးကျော်သူနိုင်က ပြောသည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆေးစွဲလူငယ်များအား ဆေးဖြတ်ပြီး ပြန်လည်ထူထောင် ပြုပြင်ပေးခြင်းဖြင့် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ဖြစ်လာစေရန်နှင့် ဆေးစွဲလူငယ်များအား မူးယစ်ဆေးဝါး လုံးဝပြတ်ပြီး မူးယစ်ဆေး သံသရာသို့ ပြန်လည်မရောက်ရှိစေရေး နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်သူလူထုများသိစေရန် ဖြစ်ကြောင်းသိရသည်။

"တာချီလိတ်က ဆေးဖြတ်ချင်သူ မည်သူမဆို ဆက်သွယ်လာပေးပါ၊ အခုလောလောဆယ် တာချီလိတ်ကနေ ဆေးသွားဖြတ်မဲ့သူ (၂)ဦးရှိပါတယ်။ အဲ့ဒီနေ့ ကျွန်တော်တို့ သွားပို့ပေးမှာပါ၊ အမှန်တကယ် ဆေးဖြတ်ချင်သူများအနေနဲ့ ဆက်သွယ်လာပေးစေချင်ပါတယ်၊ သွားဖို့ ခက်ခဲတယ်ဆိုရင် ကျွန်တော်တို့ ကူညီပြီးလိုက်ပို့ပေးမှာပါ၊ အောက်တိုဘာလ(၁၇)ရက်နေ့ မတိုင်မီ ကျွန်တော့်ရဲ့ ဖုန်း 095241342 ကို ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်"ဟု တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်ဆွေက ပြောသည်။

အဆိုပါ သင်တန်းကို (၆)ကြိမ်မြောက်အဖြစ် ကျိုင်းတုံခရိုင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~