အိမ္ေရွ႕စံ ဗက္ဂ်ီရာေလာင္ကြန္းအား နန္းေမြဆက္ခံသူအျဖစ္ ထုိင္းဝန္ႀကီးခ်ဳပ္ ရည္ညႊန္းထုတ္ျပန္

အိမ္ေရွ႕စံ ဗက္ဂ်ီရာေလာင္ကြန္းအား နန္းေမြဆက္ခံသူအျဖစ္ ထုိင္းဝန္ႀကီးခ်ဳပ္ ရည္ညႊန္းထုတ္ျပန္
အောက်တိုဘာ 13, 2016
By Tachileik News Agency

ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာ အဒူလ်ာဒက္ ( Bhumibol Adulyadej ) နတ္ရြာစံၿပီးေနာက္ ကြယ္လြန္သြားၿပီ ျဖစ္ေၾကာင္း နန္းေတာ္က အတည္ျပဳလိုက္ၿပီးေနာက္မွာ ဘုရင့္အ႐ိုက္အရာကို အိမ္ေ႐ွ႕မင္းသား ဗက္ဂ်ီရာေလာင္ကြန္း(Vajiralongkorn)က ဆက္ခံသြားမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္က ေအာက္တိုဘာလ (၁၃) ရက္က ညေနပိုင္းက ေျပာၾကားလိုက္သည္။

"နန္းေမြဆက္ခံျခင္းနဲ႔ ပတ္သက္လို႔ အစိုးရက ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။  ႏုိင္ငံေတာ္ ဥပေဒျပဳေရး ညီလာခံမွာ ဘုရင္မင္းျမတ္က နန္းေမြဆက္ခံသူကို ၁၉၇၂ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္မွာ လ်ာထားခဲ့တယ္ဆိုတာကို အစိုးရအေနနဲ႔ တင္ျပမွာပါ"ဟု ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ေခ်ာင္အိုခ်ာ၏ ထုတ္ျပန္ခ်က္တြင္ ေျပာၾကားသြားသည္။

ဝန္ႀကီးခ်ဳပ္ပရာယြတ္က ဗက္ဂ်ီရာေလာင္ကြန္းကို အိမ္ေရွ႕အရာအပ္ႏွင္းခဲ့တဲ့ခုႏွစ္ကို ရည္ညႊန္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

သက္ေတာ္(၈၉)ႏွစ္ျပည့္ေတာ့မည့္ ထိုင္းဘုရင္မင္းျမတ္ ဘူမိေဘာ အဒူလ်ာဒက္ ( Bhumibol Adulyadej )သည္ ထိုင္းႏိုင္ငံ စီရိရတ္ေဆးရံုတြင္ ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ(၃)ရက္ေန႔က ေဆး၀ါကုသမႈ ခံယူေနရာမွ ယေန႔ ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန ေန႔လယ္ (၃)နာရီ (၅၂)မိနစ္အခ်ိန္က နတ္ရြာစံသြားခဲ့ျခင္း ျဖစ္သည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; channelnewsasia.com

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej ) နတ်ရွာစံပြီးနောက် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နန်းတော်က အတည်ပြုလိုက်ပြီးနောက်မှာ ဘုရင့်အရိုက်အရာကို အိမ်ရှေ့မင်းသား ဗက်ဂျီရာလောင်ကွန်း(Vajiralongkorn)က ဆက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အောက်တိုဘာလ (၁၃) ရက်က ညနေပိုင်းက ပြောကြားလိုက်သည်။

"နန်းမွေဆက်ခံခြင်းနဲ့ ပတ်သက်လို့ အစိုးရက ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော် ဥပဒပြေုရေး ညီလာခံမှာ ဘုရင်မင်းမြတ်က နန်းမွေဆက်ခံသူကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ လျာထားခဲ့တယ်ဆိုတာကို အစိုးရအနေနဲ့ တင်ပြမှာပါ"ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာ၏ ထုတ်ပြန်ချက်တွင် ပြောကြားသွားသည်။

ဝန်ကြီးချုပ်ပရာယွတ်က ဗက်ဂျီရာလောင်ကွန်းကို အိမ်ရှေ့အရာအပ်နှင်းခဲ့တဲ့ခုနှစ်ကို ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

သက်တော်(၈၉)နှစ်ပြည့်တော့မည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej )သည် ထိုင်းနိုင်ငံ စီရိရတ်ဆေးရုံတွင် ၂၀၁၆ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့က ဆေးဝါကုသမှု ခံယူနေရာမှ ယနေ့ ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ နေ့လယ် (၃)နာရီ (၅၂)မိနစ်အချိန်က နတ်ရွာစံသွားခဲ့ခြင်း ဖြစ်သည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; channelnewsasia.com

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~