RCSS/SSA က ၿငိမ္းခ်မ္းေရးလုပ္ငန္း ေဖၚေဆာင္မႈအား တပ္မေတာ္ႏွင့္ ပူးေပါင္းအေကာင္အထည္ေဖၚမည္ဟုဆို

RCSS/SSA က ၿငိမ္းခ်မ္းေရးလုပ္ငန္း ေဖၚေဆာင္မႈအား တပ္မေတာ္ႏွင့္ ပူးေပါင္းအေကာင္အထည္ေဖၚမည္ဟုဆို
အောက်တိုဘာ 13, 2016
By Tachileik News Agency

မေတာ္တဆျဖစ္စဥ္မ်ားရိွေနေသာ္လည္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈလုပ္ငန္းစဥ္အား အစိုးရ တပ္မေတာ္ႏွင့္ ပူးေပါင္းအေကာင္အထည္ေဖၚသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA က ေျပာၾကားလုိက္သည္။

"ကြၽန္ေတာ္တို႔ ျပည္သူေတြ ၿငိမ္းခ်မ္းေစခ်င္တယ္။ ႐ွမ္းျပည္ၿငိမ္းခ်မ္းေစခ်င္တယ္။ ၿငိမ္းခ်မ္းမွ ဖြံ႔ၿဖိဳးတိုးတက္ေရးေတြ လုပ္ႏိုင္မယ္။ ႏိုင္ငံေတာ္အစုိးရရဲ႕ ၫႊန္ၾကားခ်က္အရ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေတြကို ျပည္သူၾကားထဲ ပ်ံ႕ႏွံ႔ေအာင္ လုပ္ေနျခင္းျဖစ္တယ္။ မေတာ္တဆ ျဖစ္စဥ္ေတြရိွေနေပမဲ့ ၿငိမ္းခ်မ္းေရးကုိေတာ့ အစုိးရတပ္မေတာ္ႏွင့္ ပူးေပါင္း အေကာင္အထည္ေဖာ္ေဆာင္သြားမွာပါ။ လက္ရိွမွာလည္း လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္" ဟု ဒုတိယဗိုလ္မွဴးႀကီး စုိင္းယီတစ္က Tachileik News Agency သို႔ ေျပာသည္။

႐ွမ္းျပည္နယ္ (အေ႐ွ႕ပိုင္း) မိုင္းဆတ္ခ႐ုိင္ မိုင္းတံုၿမိဳ႕တြင္ RCSS/SSA က ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေနမွဳ လုပ္ငန္းစဥ္မ်ားႏွင့္ ၂၁ရာစုပင္လံုညီလာခံအေတြ႔အႀကဳံအား ေဒသခံမ်ားသို႔ ေအာက္တိုဘာလ(၁၃)ရက္ေန႔ နံနက္ပိုင္းက လာေရာက္ ရွင္းလင္းရာတြင္ ယင္းကဲ့သို႔ ေျပာၾကားလုိက္ျခင္းျဖစ္သည္။

ျပည္ေထာင္စုအဆင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွ သေဘာတူညီခ်က္(၁၂)ခ်က္ျဖစ္သည့္ မူးယစ္ေဆးဝါး ပူးတြဲႏိွမ္ႏွင္းေရး၊ တပ္ဖြ႔ဲဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား ေနရာခ်ထားေရး၊ နယ္နိမိတ္၊ တပ္ဖြ႔ဲဝင္မ်ားႏွင့္ ၎တ္ို႔၏ မိသားစုဝင္မ်ား အသက္ ေမြးဝမ္းေၾကာင္းလုပ္ငန္းမ်ား လုပ္ကုိင္ႏိုင္ရန္ ကိစၥ၊ ယဥ္ေက်းမွဳ ဓေလ့ထံုးစံမ်ားကုိ လြတ္လပ္စြာ ထိန္းသိမ္းပ်ိဳးေထာင္ရာတြင္ ပ့ံပိုးကူညီရန္၊ ပရဟိတအဖြ႔ဲမ်ားဆိုင္ရာကိစၥ၊ သတင္းႏွင့္စာနယ္ဇင္းဌာန ထူေထာင္ခြင့္ျပဳျခင္း၊ အက်ဥ္းက်ခံေနရသည့္RCSS/SSAအဖြ႔ဲဝင္မ်ားကိစၥ၊ ၿငိမ္းခ်မ္းေရးႀကီးၾကပ္ေစာင့္ေ႐ွာက္ေရးအဖြဲ႔၊ မတရားအသင္းအျဖစ္မွ ပယ္ဖ်က္ေပးေရးကိစၥ၊ စီးပြားေရး လုပ္ငန္းမ်ား ေဖာ္ေဆာင္ေရးကိစၥ၊ အျခားေသာ အဖြ႔ဲမ်ားႏွင့္ ေတြ႔ဆံု ေဆြးေႏြးေရး၊ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ေပးေရးကိစၥမ်ား အေၾကာင္းအား RCSS/SSA ၏ ႏိုင္ငံေရးအၾကံေပး ဦးစုိင္းပင္းခမ္းက ႐ွင္းလင္းေျပာၾကားသည္။

တက္ေရာက္လာသည့္ ေဒသခံမ်ားကလည္း ဘီပီဝမ္း(BP1)လမ္းေၾကာင္းဖြင့့္လွစ္ႏိုင္ေရး ၊ မူးယစ္ေဆးဝါး ေရာင္းခ်သူမ်ား ဖမ္းဆီးေရးတို႔ကို တင္ျပေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆိုပါ ေတြ႔ဆံုပြဲသုိ႔ ႏိုင္ငံေရးပါတီမ်ားမွ တာဝန္ရိွသူမ်ား၊ မိုင္းဆတ္၊ မိုင္းတံု၊ ပံုပါက်င္၊ နားေကာင္းမူးၿမိဳ႕မ်ားမွ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရပ္ကြက္ေက်းရြာမ်ားမွ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ား၊ ႐ွမ္းလူငယ္ ယဥ္ေက်းမွဳ အဖြ႔ဲဝင္မ်ား၊ RCSS/SSAဆက္ဆံေရး႐ုံးမ်ားမွ တာဝန္ခံမ်ားႏွင့္ ေဒသခံအင္အား(၁၀၀)ခန္႔ တက္ေရာက္ေၾကာင္း သိရသည္။

RCSS/SSA အဖြဲ႕သည္ ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ(၁၂)ရက္ေန႔တြင္ ျပည္ထဲေရးဝန္ႀကီးဌာန၏ အမိန္႔ေၾကာ္ျငာစာ(၂/၂၀၁၅)ျဖင့္ မတရားအသင္းအျဖစ္မွ ပယ္ဖ်က္ခံရသည့္ တုိင္းရင္းသား လက္နက္ကိုင္သံုးဖြဲ႕တြင္ ပါဝင္သည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~

မတော်တဆဖြစ်စဉ်များရှိနေသော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်အား အစိုးရ တပ်မတော်နှင့် ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ပြောကြားလိုက်သည်။

"ကျွန်တော်တို့ ပြည်သူတွေ ငြိမ်းချမ်းစေချင်တယ်။ ရှမ်းပြည်ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နိုင်မယ်။ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပြည်သူကြားထဲ ပျံ့နှံ့အောင် လုပ်နခြေင်းဖြစ်တယ်။ မတော်တဆ ဖြစ်စဉ်တွေရှိနေပေမဲ့ ငြိမ်းချမ်းရေးကိုတော့ အစိုးရတပ်မတော်နှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်သွားမှာပါ။ လက်ရှိမှာလည်း လုပ်ဆောင်နေဆဲဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းယီတစ်က Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် RCSS/SSA က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များနှင့် ၂၁ရာစုပင်လုံညီလာခံအတွေ့အကြုံအား ဒေသခံများသို့ အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက လာရောက် ရှင်းလင်းရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ သဘောတူညီချက်(၁၂)ချက်ဖြစ်သည့် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နှင်းရေး၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နေရာချထားရေး၊ နယ်နိမိတ်၊ တပ်ဖွဲ့ဝင်များနှင့်၎င်းတို့်၏ မိသားစုဝင်များ အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကိစ္စ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ထိန်းသိမ်းပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန်၊ ပရဟိတအဖွဲ့များဆိုင်ရာကိစ္စ၊ သတင်းနှင့်စာနယ်ဇင်းဌာန ထူထောင်ခွင့်ပြုခြင်း၊ အကျဉ်းကျခံနေရသည့်RCSS/SSAအဖွဲ့ဝင်များကိစ္စ၊ ငြိမ်းချမ်းရေးကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့၊ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးရေးကိစ္စ၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စ၊ အခြားသော အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေးကိစ္စများ အကြောင်းအား RCSS/SSA၏ နိုင်ငံရေးအကြံပေး ဦးစိုင်းပင်းခမ်းက ရှင်းလင်းပြောကြားသည်။

တက်ရောက်လာသည့် ဒေသခံများကလည်း ဘီပီဝမ်း(BP1)လမ်းကြောင်းဖွင့်လှစ်နိုင်ရေး၊ မူးယစ်ဆေးဝါး ရောင်းချသူများ ဖမ်းဆီးရေးတို့ကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ နားကောင်းမူးမြို့များမှ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရှမ်းလူငယ် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ RCSS/SSAဆက်ဆံရေးရုံးများမှ တာဝန်ခံများနှင့် ဒေသခံအင်အား(၁၀၀)ခန့် တက်ရောက်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့သည် ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ(၂/၂၀၁၅)ဖြင့် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခံရသည့် တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့တွင် ပါဝင်သည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~