ဂင္းနစ္စာရင္းဝင္သြားတဲ့ ဂ်ပန္သရုပ္ေဆာင္ရဲ႕ PPAP

ဂင္းနစ္စာရင္းဝင္သြားတဲ့ ဂ်ပန္သရုပ္ေဆာင္ရဲ႕ PPAP
အောက်တိုဘာ 29, 2016
By Tachileik News Agency
Photo: ピコ太郎(PIKOTARO)PPAP 




ဂ်ပန္ဟာသ သရုပ္ေဆာင္ ပီကိုတာရိုရဲ႕ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ လူႀကိဳက္မ်ားသြားတဲ့ PPAP သီခ်င္းကုိ ဂင္းနစ္မွတ္တမ္းဝင္အျဖစ္ တိုက်ိဳမွာက်င္းပတဲ့ ထိပ္ဆံုးစာရင္းဝင္သီခ်င္းမ်ားခ်ီးျမႇင့္ျခင္း အခမ္းအနားမွာ အသိအမွတ္ျပဳလိုက္ပါတယ္။

ဘီလ္ဘုတ္ရဲ႕ ထိပ္ဆံုး (၁၀၀)သီခ်င္းစာရင္းထဲမွာ ခ်ိတ္ေနတဲ့ PPAP (Pen-Pineapple-Apple-Pen) သီခ်င္းဟာ (၄၅)စကၠန္႔သာရိွတဲ့ အတိုဆံုးသီခ်င္းျဖစ္ၿပီးေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔အထိ အေမရိကန္ရဲ႕ ထိပ္ဆံုးစာရင္းမွာ ပါေနတာ တကယ္ကို မယံုႏုိင္ျဖစ္ၾကရတာပါ။

ဒီသီခ်င္းဗီြဒီယုိကို ၾသဂုတ္လအတြင္းက ယူက်ဳမွာ တင္လိုက္ခ်ိန္မွာ ေပါ့ပ္စတားျဖစ္တဲ့ ဂ်က္စတင္ဘီဘာက အင္တာနက္က သူ႔အႀကိဳက္ဆံုး ဗြီဒီယိုပါဆိုၿပီး တြစ္တာမွာ တင္လိုက္တာကလည္း လူသိမ်ားေစဖို႔ နည္းနည္းေတာ့ အေထာက္အကူျဖစ္မယ္လုိ႔ ဆိုၾကၿပီး လက္ရိွမွာေတာ့ ဒီသီခ်င္းကို ၾကည့္ရႈသူ (၆၇)သန္းေက်ာ္ရိွေနၿပီလို႔ ဆိုပါတယ္။

ဒီသီခ်င္းရဲ႕ ထုတ္လုပ္မႈကုန္က်စရိတ္က အေမရိကန္ေဒၚလာ (၉၅၀)သာ ရိွတယ္လို႔ သိရၿပီး က်ားသစ္ကြက္ဝတ္စံုနဲ႔ ပီကိုတာရိုက"I have a pen. I have an apple. Apple pen." ဆိုတဲ့ အဂၤလိပ္သီခ်င္းစာသားကို ရြတ္ဆိုသြားတာပါ။

“ ဒီလိုရုတ္တရက္ လူသိမ်ားသြားတာကို ကၽြန္ေတာ္ အံ့အားသင့္မိတယ္။ ဂ်က္စတင္ေၾကာင့္သာ မဟုတ္ရင္ ဒီခန္းမထဲက လူေလးေယာက္ေလာက္ပဲ ဒါကို ၾကည့္ျဖစ္မယ္ထင္ပါတယ္”လို႔ ၅၃ ႏွစ္အရြယ္ရိွေနတဲ့ သရုပ္ေဆာင္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဘီလ္ဘုတ္ရဲ႕ထိပ္ဆံုးသီခ်င္း (၁၀၀)စာရင္းမွာ ဂ်ပန္အဆိုေတာ္ရဲ႕ သီခ်င္း မွတ္တမ္းဝင္ခဲ့ၿပီး (၂၆)ႏွစ္အၾကာမွာ ဒီသီခ်င္းက ဒီတစ္ပတ္ US ရဲ႕ ထိပ္ဆံုးစာရင္းမွာ နံပါတ္ (၇၇)ေနရာကို ရယူလိုက္တာပါ။
လက္ရိွမွာေတာ့ သရုပ္ေဆာင္က ကမၻာလွည့္သီဆိုမယ္လို႔ ေမွ်ာ္မွန္းထားၿပီး ေနာက္ထပ္ ဒီလိုေပ်ာ္စရာ သီခ်င္းေတြကိုလည္း ျမန္ျမန္ဆန္ဆန္ ထုတ္လုပ္ဦးမယ္လုိ႔ ဆိုပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; guinnessworldrecords
~~~~~~~~⊰❂ unicode ~~~~~~~~

ဂျပန်ဟာသ သရုပ်ဆောင် ပီကိုတာရိုရဲ့ အံ့သြဖွယ်ကောင်းလောက်အောင် လူကြိုက်များသွားတဲ့ PPAP သီချင်းကို ဂင်းနစ်မှတ်တမ်းဝင်အဖြစ် တိုကျိုမှာကျင်းပတဲ့ ထိပ်ဆုံးစာရင်းဝင်သီချင်းများချီးမြှင့်ခြင်း အခမ်းအနားမှာ အသိအမှတ်ပြုလိုက်ပါတယ်။

ဘီလ်ဘုတ်ရဲ့ ထိပ်ဆုံး (၁၀၀)သီချင်းစာရင်းထဲမှာ ချိတ်နေတဲ့ PPAP (Pen-Pineapple-Apple-Pen) သီချင်းဟာ (၄၅)စက္ကန့်သာရှိတဲ့ အတိုဆုံးသီချင်းဖြစ်ပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့အထိ အမေရိကန်ရဲ့ ထိပ်ဆုံးစာရင်းမှာ ပါနေတာ တကယ်ကို မယုံနိုင်ဖြစ်ကြရတာပါ။

ဒီသီချင်းဗွီဒီယိုကို သြဂုတ်လအတွင်းက ယူကျုမှာ တင်လိုက်ချိန်မှာ ပေါ့ပ်စတားဖြစ်တဲ့ ဂျက်စတင်ဘီဘာက အင်တာနက်က သူ့အကြိုက်ဆုံး ဗွီဒီယိုပါဆိုပြီး တွစ်တာမှာ တင်လိုက်တာကလည်း လူသိများစေဖို့ နည်းနည်းတော့ အထောက်အကူဖြစ်မယ်လို့ ဆိုကြပြီး လက်ရှိမှာတော့ ဒီသီချင်းကို ကြည့်ရှုသူ (၆၇)သန်းကျော်ရှိနပြေီလို့ ဆိုပါတယ်။

ဒီသီချင်းရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ (၉၅၀)သာ ရှိတယ်လို့ သိရပြီး ကျားသစ်ကွက်ဝတ်စုံနဲ့ ပီကိုတာရိုက"I have a pen. I have an apple. Apple pen." ဆိုတဲ့ အင်္ဂလိပ်သီချင်းစာသားကို ရွတ်ဆိုသွားတာပါ။

“ ဒီလိုရုတ်တရက် လူသိများသွားတာကို ကျွန်တော် အံ့အားသင့်မိတယ်။ ဂျက်စတင်ကြောင့်သာ မဟုတ်ရင် ဒီခန်းမထဲက လူလေးယောက်လောက်ပဲ ဒါကို ကြည့်ဖြစ်မယ်ထင်ပါတယ်”လို့ ၅၃ နှစ်အရွယ်ရှိနေတဲ့ သရုပ်ဆောင်က သတင်းထောက်တွေကို ပြောပါတယ်။

ဘီလ်ဘုတ်ရဲ့ထိပ်ဆုံးသီချင်း (၁၀၀)စာရင်းမှာ ဂျပန်အဆိုတော်ရဲ့ သီချင်း မှတ်တမ်းဝင်ခဲ့ပြီး (၂၆)နှစ်အကြာမှာ ဒီသီချင်းက ဒီတစ်ပတ် US ရဲ့ ထိပ်ဆုံးစာရင်းမှာ နံပါတ် (၇၇)နေရာကို ရယူလိုက်တာပါ။
လက်ရှိမှာတော့ သရုပ်ဆောင်က ကမ္ဘာလှည့်သီဆိုမယ်လို့ မျှော်မှန်းထားပြီး နောက်ထပ် ဒီလိုပျော်စရာ သီချင်းတွေကိုလည်း မြန်မြန်ဆန်ဆန် ထုတ်လုပ်ဦးမယ်လို့ ဆိုပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; guinnessworldrecords

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~