မံုရြာရဲစခန္းအတြင္း ရဲအရာရွိ၏ ဇနီးအခ်င္းခ်င္း စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြား

မံုရြာရဲစခန္းအတြင္း ရဲအရာရွိ၏ ဇနီးအခ်င္းခ်င္း စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြား
အောက်တိုဘာ 4, 2016
By Tachileik News Agency

စစ္ကိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕နယ္ အမွတ္(၁) ၿမိဳ႕မရဲစခန္းဝန္းအတြင္း၌ ရဲအရာရိွမ်ား၏ ဇနီးမ်ားအခ်င္းခ်င္း စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြားသျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ရဲဝန္ထမ္းအိမ္ယာ လိုင္းခန္းမွ အိမ္နီးခ်င္းျဖစ္သူ ရဲအုပ္အဆင့္ရိွ ရဲအရာရိွႏွစ္ဦး၏ အမ်ိဳးသမီးႏွစ္ဦးသည္ ေအာက္တိုဘာလ(၃)ရက္ေန႔ ညေန (၅)နာရီအခ်ိန္ခန္႔က စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

"လူကေတာ့ မေသပါဘူး။ လက္ထိသြားတာပါ။ ဒါနဲ႔ပတ္သတ္ၿပီး ေလာေလာဆယ္ အမႈဖြင့္ထားပါတယ္။ ဆက္လက္ စစ္ေဆးေနပါတယ္။ ဥပေဒအရ အတိအက် ေဆာင္ရြက္သြားမွာပါ" ဟု အဆိုပါ ရဲစခန္းမွ တာဝန္ရိွသူ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဓားျဖင့္အခုတ္ခံရသည့္ အမ်ိဳးသမီးတြင္ ဝဲလက္ယာလက္သန္း အရိုးအထိျပတ္ရွဒဏ္ရာနွင့္ ယာလက္ခလယ္ ထိရွဒဏ္ရာမ်ား ရရိွသြားေၾကာင္း သိရသည္။

အဆိုပါ ဓားခုတ္မႈျဖစ္စဥ္ႏွင့္ပတ္သတ္ၿပီး ဓားျဖင့္အခုတ္ခံခဲ့ရသူ ေဒၚစႏၵာဦးက တရားလိုျပဳလုပ္၍ ဓားျဖင့္ခုတ္သူ ေဒၚစုစုလိႈင္အား အေရးယူေပးပါရန္ တိုင္ၾကားသျဖင့္ မံုရြာၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄၄၁/၂၀၁၆ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၂၄ နာက်င္ေစမႈျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ် အမှတ်(၁) မြို့မရဲစခန်းဝန်းအတွင်း၌ ရဲအရာရှိများ၏ ဇနီးများအချင်းချင်း စကားများရာမှ ဓားခုတ်မှုဖြစ်ပွားသဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ရဲဝန်ထမ်းအိမ်ယာ လိုင်းခန်းမှ အိမ်နီးချင်းဖြစ်သူ ရဲအုပ်အဆင့်ရှိ ရဲအရာရှိနှစ်ဦး၏ အမျိုးသမီးနှစ်ဦးသည် အောက်တိုဘာလ(၃)ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်က စကားများရာမှ ဓားခုတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

"လူကတော့ မသေပါဘူး။ လက်ထိသွားတာပါ။ ဒါနဲ့ပတ်သတ်ပြီး လောလောဆယ် အမှုဖွင့်ထားပါတယ်။ ဆက်လက် စစ်ဆေးနေပါတယ်။ ဥပဒေအရ အတိအကျ ဆောင်ရွက်သွားမှာပါ" ဟု အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဓားဖြင့်အခုတ်ခံရသည့် အမျိုးသမီးတွင် ဝဲလက်ယာလက်သန်း အရိုးအထိပြတ်ရှဒဏ်ရာနှင့် ယာလက်ခလယ် ထိရှဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဓားခုတ်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဓားဖြင့်အခုတ်ခံခဲ့ရသူ ဒေါ်စန္ဒါဦးက တရားလိုပြုလုပ်၍ ဓားဖြင့်ခုတ်သူ ဒေါ်စုစုလှိုင်အား အရေးယူပေးပါရန် တိုင်ကြားသဖြင့် မုံရွာမြို့မရဲစခန်းတွင် (ပ)၁၄၄၁/၂၀၁၆ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄ နာကျင်စေမှုဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~