မိုင္းျဖတ္ၿမိဳ႕နယ္၌ လားဟူ တိုင္းရင္းသား႐ိုးရာ ေကာက္သစ္စားပြဲ က်င္းပ

မိုင္းျဖတ္ၿမိဳ႕နယ္၌ လားဟူ တိုင္းရင္းသား႐ိုးရာ ေကာက္သစ္စားပြဲ က်င္းပ
အောက်တိုဘာ 15, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ရွိ၊ နမ့္ယြန္းေက်းရြာတြင္ ႏွစ္စဥ္ က်င္းပသည့္ လားဟူတိုင္းရင္းသား႐ိုးရာ ေကာက္သစ္စားပြဲေတာ္အား ေအာက္တိုဘာလ(၁၅)
ရက္က လားဟူႏွစ္ျခင္းအသင္းေတာ္ဘုရား႐ွိခိုးေက်ာင္းတြင္ က်င္းပသည္။

"ကြ်န္ေတာ္တို႔ လားဟူတိုင္းရင္းသားမ်ားအေနနဲ႔ ေတာင္ယာလယ္စိုက္ခင္းတို႔မွ ထြက္ရွိလာတဲ့ အေကာင္းဆံုးေသာ စပါး၊ ဟင္းသီးဟင္းရြက္မ်ားကိုခူးၿပီး ဘုရားေက်ာင္းကို ယူလာၾကၿပီးေတာ့ ႐ိုးရာ
ေကာက္သစ္စားပြဲေတာ္ကို က်င္းပျပဳလုပ္ၾကတာပါ " ဟု နမ့္ယြန္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးဒံေယလွက ေျပာသည္။

အဆိုပါ ေကာက္သစ္စားပြဲေတာ္တြင္ မိမိတို႔၏ ေတာင္ယာ လယ္စိုက္ခင္းမ်ားမွ ထြက္ရွိလာသည့္ စပါး ေကာက္ပဲ သီးႏွံမ်ားအား ေနာင္ႏွစ္တြင္လည္း ပိုပိုမ်ားျပား အထြက္ႏႈန္းေကာင္းရန္၊ သဘာဝေဘး အႏၲရာယ္မ်ား မက်ေရာက္ေစရန္၊ ပိုးမႊားအႏၲရာယ္ မက်ေရာက္ေစရန္အတြက္ ဆုေတာင္းေၾကာင္း သိရသည္။

"ကြ်န္မတို႔ရဲ႕ ႐ိုးရာဓေလ့ျဖစ္တဲ့ ေကာက္သစ္စားပြဲေတာ္မွာ ဆုေတာင္းပြဲၿပီးတာနဲ႔ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတြကို အိမ္မွာခ်က္ထားတဲ့ အသားငါးဟင္းသီးဟင္းရြက္ေတြကို ယူေဆာင္လာၿပီး ေကြ်းေမြးဧည့္ခံတာပါ "ဟု ေဒၚအစၥတာက ေျပာသည္

အဆိုပါ ေကာက္သစ္စားပြဲၿပီးမွ မိမိတို႔၏ ေတာင္ယာစပါး၊ လယ္စပါးမ်ားအား ရိတ္သိမ္း ေႁခြေလွ႔ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ၊ နမ့်ယွန်းကျေးရွာတွင် နှစ်စဉ် ကျင်းပသည့် လားဟူတိုင်းရင်းသားရိုးရာ ကောက်သစ်စားပွဲတော်အား အောက်တိုဘာလ(၁၅)
ရက်က လားဟူနှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတွင် ကျင်းပသည်။

"ကျွန်တော်တို့ လားဟူတိုင်းရင်းသားများအနေနဲ့ တောင်ယာလယ်စိုက်ခင်းတို့မှ ထွက်ရှိလာတဲ့ အကောင်းဆုံးသော စပါး၊ ဟင်းသီးဟင်းရွက်များကိုခူးပြီး ဘုရားကျောင်းကို ယူလာကြပြီးတော့ ရိုးရာ
ကောက်သစ်စားပွဲတော်ကို ကျင်းပပြုလုပ်ကြတာပါ " ဟု နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒံယေလှက ပြောသည်။

အဆိုပါ ကောက်သစ်စားပွဲတော်တွင် မိမိတို့၏ တောင်ယာ လယ်စိုက်ခင်းများမှ ထွက်ရှိလာသည့် စပါး ကောက်ပဲ သီးနှံများအား နောင်နှစ်တွင်လည်း ပိုပိုများပြား အထွက်နှုန်းကောင်းရန်၊ သဘာဝဘေး အန္တရာယ်များ မကျရောက်စေရန်၊ ပိုးမွှားအန္တရာယ် မကျရောက်စေရန်အတွက် ဆုတောင်းကြောင်း သိရသည်။

"ကျွန်မတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကောက်သစ်စားပွဲတော်မှာ ဆုတောင်းပွဲပြီးတာနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို အိမ်မှာချက်ထားတဲ့ အသားငါးဟင်းသီးဟင်းရွက်တွေကို ယူဆောင်လာပြီး ကျွေးမွေးဧည့်ခံတာပါ "ဟု ဒေါ်အစ္စတာက ပြောသည်

အဆိုပါ ကောက်သစ်စားပွဲပြီးမှ မိမိတို့၏ တောင်ယာစပါး၊ လယ်စပါးများအား ရိတ်သိမ်း ခြွေလှေ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~