မႏၱေလး၌ ေက်ာက္စိမ္းလုပ္ကိုင္သူမ်ား ဆႏၵထုတ္ေဖၚ

မႏၱေလး၌ ေက်ာက္စိမ္းလုပ္ကိုင္သူမ်ား ဆႏၵထုတ္ေဖၚ
အောက်တိုဘာ 28, 2016
By Tachileik News Agency

မႏၱေလးၿမိဳ႕တြင္ ယေန႔ ေအာက္တိုဘာလ(၂၉)ရက္ေန႔ နံနက္ပိုင္းက ေက်ာက္စိမ္းလုပ္ငန္း လုပ္ကိုင္သူမ်ားက ေက်ာက္စိမ္းေစ်းကြက္ ျပန္လည္ ေကာင္းမြန္လာေရး အတြက္ ဆႏၵထုတ္ေဖၚခဲ့ၾကရာ ေက်ာက္စိမ္းလုပ္ငန္းလုပ္ကိုင္သူ အမ်ားအျပား ပါ၀င္ ဆင္ႏႊဲခဲ့ေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖၚရာတြင္ ဒုတိယအႀကိမ္ျပင္ဆင္သည့္ ေက်ာက္မ်က္ဥပေဒ အျမန္ဖ်က္သိမ္းေရး၊ ေက်ာက္မ်က္အတြင္းဝန္ႏွင့္ညႊန္မွဴး၊ညႊန္ခ်ဳပ္ေျပာင္းလဲေပးေရး၊ ေက်ာက္စိမ္းအရိုင္းမ်ား တရား၀င္/တရားမ၀င္ ျပည္ပပို႔ေဆာင္မႈ ပိတ္ပင္ေရး၊ ေက်ာက္စိမ္းတူးေဖာ္မႈ ယာယီရပ္ဆိုင္ေရး၊ အစိုးရႏွင့္ျပည္သူ ေသြးခြဲသူ ဒို႔ရန္သူ၊ ဖားကန္႔၊ ခႏၱီးေဒသခံႏွင့္ ေရမေဆးသမားမ်ား တရား၀င္ရွာေဖြကိုင္ေဆာင္ ေရာင္း၀ယ္ခြင့္ျပဳေရး ႏွင့္ ေက်ာက္စိမ္းအလြန္အကြ်ံတူးေဖာ္မႈ ထာ၀စဥ္ရပ္ဆိုင္းေရးစသည့္ အခ်က္(၇)ခ်က္အား ေၾကြးေၾကာ္ကာ ဆႏၵထုတ္ေဖၚခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေရႊေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းက ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများက ကျောက်စိမ်းဈေးကွက် ပြန်လည် ကောင်းမွန်လာရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူ အများအပြား ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဒုတိယအကြိမ်ပြင်ဆင်သည့် ကျောက်မျက်ဥပဒေ အမြန်ဖျက်သိမ်းရေး၊ ကျောက်မျက်အတွင်းဝန်နှင့်ညွှန်မှူး၊ညွှန်ချုပ်ပြောင်းလဲပေးရေး၊ ကျောက်စိမ်းအရိုင်းများ တရားဝင်/တရားမဝင် ပြည်ပပို့ဆောင်မှု ပိတ်ပင်ရေး၊ ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်ရေး၊ အစိုးရနှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ ဖားကန့်၊ ခန္တီးဒေသခံနှင့် ရေမဆေးသမားများ တရားဝင်ရှာဖွေကိုင်ဆောင် ရောင်းဝယ်ခွင့်ပြုရေး နှင့် ကျောက်စိမ်းအလွန်အကျွံတူးဖော်မှု ထာဝစဉ်ရပ်ဆိုင်းရေးစသည့် အချက်(၇)ချက်အား ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~