မိုင်းလား နှင့် မိုင်းဆတ်ဒေသတွင်း ပြည်သူများ စိုးရိမ်နေကြချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးဖိတ်ခေါ်

မိုင်းလား နှင့် မိုင်းဆတ်ဒေသတွင်း ပြည်သူများ စိုးရိမ်နေကြချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးဖိတ်ခေါ်
အောက်တိုဘာ 28, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် တပ်စွဲထားသည့် "၀"တပ်ဖွဲ့များကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး မိုင်းဆတ်ခရိုင်အတွင်း “ဝ”တပ်စခန်းများတွင် အင်အားဖြည့်တင်းနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများ စိုးရိမ် နေချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံက ချစ်ကြည်ရေးခရီး ဖိတ်ကြားလိုက်ကြောင်း သိရသည်။

“ဝ” တပ်ဖွဲ့ရဲ့ အမာခံစခန်းမှာ အင်အားတွေ စုနေကြတယ်လို့ မြေပြင်သတင်းတွေ အရတော့ သိရတယ်။ ကျွန်တော်တို့ မြို့ထဲမှာတော့ အသွားအလာ မပျက်ဆိုပေမဲ့လည်း တကယ်တမ်း တိုက်ပွဲတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်နေကြတယ်" ဟု မိုင်းတုံဒေသခံ စိုင်းလုံတစ်က Tachileik News Agency သို့ ပြောသည်။




တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ (၂၈)ရက် နံနက်ပိုင်းက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အွန်လိုင်းစာမျက်နှာတွင် သတင်းဖော်ပြထားခြင်း ဖြစ်သည်။

" တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တရုတ်နိုင်ငံကို သွားတယ်ဆိုတာကို သိရတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် အားလုံး ပြေပြေလည်လည်ဖြစ်မှာကိုပဲ မျှော်လင့်ပါတယ်၊ ဒေသတည်ငြိမ်မှ "


“ဝ” တပ်ဖွဲ့က အဆိုပါအကြောင်းကြားစာအား အောက်တိုဘာလ (၂၁) ရက်က ပြန်ကြားရာတွင် ၎င်းတို့ အနေဖြင့် အထူးဒေသ(၄) မိုင်းလားနှင့် ပြေလည်စေရန် ငြိမ်းချမ်းစွာ ဆွေးနွေးမည်ဖြစ်ပြီး ၎င်းတို့ တပ်ဖွဲ့များက တပ်စွဲခြင်း မဟုတ်ဘဲ ခရီးကြမ်း ချီတက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း အကြောင်း ပြန်ကြားထားခြင်းဖြစ်သည်။


၂၀၁၃ခုနှစ်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေကဆုံစဉ် ( ဓါတ်ပုံ - xinhuanet )
Photo: Senior General Min Aung Hlaing
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် တပ်စွဲထားသည့် "ဝ"တပ်ဖွဲ့များကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း အခြေအနေ မတည်မငြိမ်ဖြစ်နပြေီး မိုင်းဆတ်ခရိုင်အတွင်း “ဝ”တပ်စခန်းများတွင် အင်အားဖြည့်တင်းနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများ စိုးရိမ် နေချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံက ချစ်ကြည်ရေးခရီး ဖိတ်ကြားလိုက်ကြောင်း သိရသည်။

“ဝ” တပ်ဖွဲ့ရဲ့ အမာခံစခန်းမှာ အင်အားတွေ စုနကြေတယ်လို့ မြပြေင်သတင်းတွေ အရတော့ သိရတယ်။ ကျွန်တော်တို့ မြို့ထဲမှာတော့ အသွားအလာ မပျက်ဆိုပေမဲ့လည်း တကယ်တမ်း တိုက်ပွဲတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်နကြေတယ်" ဟု မိုင်းတုံဒေသခံ စိုင်းလုံတစ်က Tachileik News Agency သို့ ပြောသည်။

အထူးဒေသ (၄) မိုင်းလားဒေသအတွင်းမှ “ဝ”တပ်ဖွဲ့များ အောက်တိုဘာလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည် ထွက်ခွာသွားသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သတင်းရရှိခဲ့သော်လည်း “ဝ”တပ်ဖွဲ့အားလုံး ထွက်ခွာသွားခြင်း မဟုတ်ဘဲ အောက်တိုဘာလ (၂၆)ရက်မှ အောက်တိုဘာလ(၂၈)ရက်နေ့ နေ့လယ်ပိုင်း အချိန်အထိ “ဝ”တပ်ဖွဲ့များသည် အင်အားဖြည့်တင်းနေကြောင်း မိုင်းတုံနှင့် ပုံပါကျင်ဒေသခံများထံမှ သိရသည်။

" အရင်က “ဝ” တပ်သားတွေ အသွားအလာရှိတာကို တွေ့ရပေမဲ့ အခုရက်ပိုင်း အသွားအလာတွေ သိပ်မတွေ့ရဘူး၊"ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားနေသည့် ကာလတွင် အထူးဒေသ(၄) မိုင်းလားဒေသ၌ ဝင်ရောက်နေသည့် “ဝ”တပ်ဖွဲ့ ပြန်လည် ဆုတ်ခွာရေး ကိစ္စနှင့် ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်နေချိန်ဖြစ်ပြီး မိုင်းလားဘက်အခြမ်းမှ အောက်တိုဘာလ (၂၃)ရက်နေ့ ညနေတွင် ရုတ်တရက်ပိတ်ထားသည့် ဝမ်တာပင်းဂိတ်နှင့် မိုင်းယုဂိတ်များအား ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ (၂၈)ရက် နံနက်ပိုင်းက နပြေည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အွန်လိုင်းစာမျက်နှာတွင် သတင်းဖော်ပြထားခြင်း ဖြစ်သည်။

မိုင်းလားအထူးဒေသတွင် စက်တင်ဘာလကုန်ပိုင်းက အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်–မိုင်းလားအဖွဲ့ (NDAA) ထိန်းချုပ်ရာ ဒေသအတွင်းရှိ နယ်မြေအချို့၌ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်(UWSA) မှ တပ်သား (၁၀၀၀) ကျော် စက်တင်ဘာလကုန်က ဝင်ရောက်နေရာယူထားခြင်းဖြစ်ပြီး “ဝ” တပ်ဖွဲ့များ နေရာယူထားသည့် နယ်မြေသည် အစိုးရ ထိန်းချုပ်နယ်မြေနှင့် မိုင်းလားထိန်းချုပ် နယ်မြေအကြား ဆက်စပ်နေသည့် နေရာများတွင် ဖြစ်ကြောင်း သိရသည်။

တပ်မတော်၊ တြိဂံတိုင်းစစ်ဌာနချုပ်က “ဝ” တပ်ဖွဲ့များအား ထိုနေရာများမှ အောက်တိုဘာလ (၂၄) ရက် နောက်ဆုံးထား၍ တပ်များပြန်ဆုတ်ပေးရန် သတိပေးပြောဆိုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးကော်မရှင်က အောက်တိုဘာလ (၁၈) ရက်တွင် အဆိုပါ ဒေသ အခြေအနေများကြောင့် ငြိမ်းချမ်းရေးထိခိုက်မှုမရှိစေရန် အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဝ” တပ်ဖွဲ့က အဆိုပါအကြောင်းကြားစာအား အောက်တိုဘာလ (၂၁) ရက်က ပြန်ကြားရာတွင်၎င်းတို့ အနဖြေင့် အထူးဒေသ(၄) မိုင်းလားနှင့် ပြေလည်စေရန် ငြိမ်းချမ်းစွာ ဆွေးနွေးမည်ဖြစ်ပြီး၎င်းတို့ တပ်ဖွဲ့များက တပ်စွဲခြင်း မဟုတ်ဘဲ ခရီးကြမ်း ချီတက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း အကြောင်း ပြန်ကြားထားခြင်းဖြစ်သည်။

“ဝ”တပ်ဖွဲ့က အထူးဒေသ(၄)မိုင်းလားသို့ အကြောင်းမကြားဘဲ စက်တင်ဘာလကုန်က ဝင်ရောက်မှုနှင့် ပတ်သက်၍ အောက်တိုဘာလ (၃) ရက်နေ့ကလည်း၎င်းတို့တပ်ဖွဲ့များသည် အထူးဒေသ(၄) မိုင်းလားဒေသတွင် ခရီးကြမ်းချီတက်လေ့ကျင့်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားခဲ့ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~