ေက်ာက္မဲၿမိဳ႕တြင္ လွ်ပ္စစ္မီးတရားမဝင္သံုးစြဲမႈမ်ားေၾကာင့္ လွ်ပ္စစ္မီးသံုးသူမ်ား အဆင္မေျပ

ေက်ာက္မဲၿမိဳ႕တြင္ လွ်ပ္စစ္မီးတရားမဝင္သံုးစြဲမႈမ်ားေၾကာင့္ လွ်ပ္စစ္မီးသံုးသူမ်ား အဆင္မေျပ
အောက်တိုဘာ 6, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ လွ်ပ္စစ္မီး တရားမဝင္သံုးစြဲမႈမ်ားေၾကာင့္ လွ်ပ္စစ္မီး သံုးစြဲမည့္ အိမ္ေျခႏွင့့္ ထရန္စေဖာ္မာ အေရအတြက္ မွ်တစြာထားရိွႏုိင္ေရး မလုပ္ေဆာင္ႏုိင္ျခင္း ျဖစ္ေၾကာင္း  ၿမိဳ႕နယ္လ်ွပ္စစ္ အင္ဂ်င္နီယာရံုးမွ သိရသည္။

“ထရန္စဖာ အေရအတြက္က မမ်ားလာဘဲ လူေနအိမ္ေျခက မ်ားလာတယ္။ တရားမဝင္ဘဲ မီးသံုးသူေတြလည္းရွိေတာ့ တခ်ိဳ႕ရပ္ကြက္ေတြမွာ မီးအားက်တာေတြ ျဖစ္တတ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္ လ်ွပ္စစ္အင္ဂ်င္နီယာရံုးမွ AE ဦးေသာင္းလြင္ဦးက ေျပာသည္။

လက္ရိွတြင္ ေက်ာက္မဲၿမိဳ႕ရိွ လွ်ပ္စစ္မီးသံုးစြဲသည့္ အိမ္ေျခအေရအတြက္ႏွင့္ မမွ်ျဖစ္ကာ ရပ္ကြက္အခ်ိဳ႕တြင္ လွ်ပ္စစ္မီးဗို႔အား အျပည့္မရျခင္းမ်ား ျဖစ္လာေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ရပ္ကြက္မွာ မီးအားက (၁၀၀)ေတာင္မရွိဘူး။ အၿမဲတမ္းနီးပါး မီးအားနည္းတယ္။ မီးနဲ႔ပတ္သက္တာ ဘာမွ သံုးမရဘူး။ အဲဒီလိုျဖစ္ေနတာ ၾကာလွၿပီ”ဟု ေက်ာက္မဲၿမိဳ႕ အမွတ္( ၇ ) ရပ္ကြက္တြင္ ေနထိုင္သူ ဦးတူးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္( ၆ )ႏွင့္ ( ၇ )ရပ္ကြက္မ်ားတြင္ လွ်ပ္စစ္ဓာတ္အား ဗို႔အားမျပည့္မႈႏွင့္ အမ်ားဆံုး ႀကံဳေတြ႕ေနရျခင္းျဖစ္ေၾကာင္း သိရသည္။

“တခ်ိဳ႕ေနရာေတြမွာ ထီးေဆာင္းရင္ေတာင္ မီးႀကိဳးနဲ႕မလြတ္တာေတြရွိတယ္။ တရားမဝင္သြယ္ၿပီး သံုးတာေလးေတြေပါ့။ အဲဒီလိုေတြေတြ႕ရင္ “အ့ဲလိုေတာ့မလုပ္ၾကပါနဲ႕ဗ်ာ”လို႔ ေျပာၿပီး မသိခ်င္ေယာင္ ေဆာင္ေပးခ့ဲရတာေတြလည္း ရွိတယ္”ဟု အမည္မေဖာ္လိုသည့္ ေက်ာက္မဲၿမိဳ႕မွ လွ်ပ္စစ္ရံုး အရာရိွက ေျပာသည္။

တရားမဝင္လွ်ပ္စစ္မီးသြယ္တန္းအသံုးျပဳမႈမ်ားအား လိုက္လံစစ္ေဆးၾကပ္မတ္ရန္အတြက္ ၿမိဳ႕နယ္ လွ်ပ္စစ္ရံုးတြင္ ဝန္ထမ္းအင္အား မလံုေလာက္မႈရိွေနသျဖင့္ အခက္အခဲျဖစ္ေနရသည္ဟု သိရသည္။

“မီးသံုးသူ (၅၀၀၀) ပဲ ရွိတုန္းကလည္း ကြ်န္ေတာ္တို႔ ဝန္ထမ္းအင္အားက (၁၅)ေယာက္၊ (၁၆) ေယာက္ပဲ။ ခုထိလည္း အင္အားက ဒီေလာက္ပဲ။ ၿပီးေတာ့ လူႀကီးေတြလည္း ဒီၿမိဳ႕ကိုလာၿပီးေတာ့ ဟိုလို လုပ္ေပးမွျဖစ္မယ္ ဒီလိုလုပ္ေပးမွျဖစ္မယ္ဆိုတာမ်ိဳးမရွိေတာ့ ထရန္စေဖာ္မာေတြ တိုးလာဖို႔ေတာ့ ေျပာဖို႔ခက္တယ္” ဟု အဆိုပါ အရာရိွက ဆိုသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်းရြာမ်ားတြင္ ကိုယ္ထူကိုယ္ထလုပ္ေဆာင္ထားသည့္ ထရန္စေဖာ္မာမ်ား အပါအဝင္ စုစုေပါင္း(၁၁၃) လံုးရွိၿပီး ၿမိဳ႕ေပၚရပ္ကြက္ႀကီး ( ၉ )ခုတြင္ အလံုးေရ ( ၃၀) ဝန္းက်င္သာရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လျှပ်စစ်မီး တရားမဝင်သုံးစွဲမှုများကြောင့် လျှပ်စစ်မီး သုံးစွဲမည့် အိမ်ခြေနှင့် ထရန်စဖော်မာ အရေအတွက် မျှတစွာထားရှိနိုင်ရေး မလုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။

“ထရန်စဖာ အရေအတွက်က မများလာဘဲ လူနေအိမ်ခြေက များလာတယ်။ တရားမဝင်ဘဲ မီးသုံးသူတွေလည်းရှိတော့ တချို့ရပ်ကွက်တွေမှာ မီးအားကျတာတွေ ဖြစ်တတ်ပါတယ်” ဟု ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ AE ဦးသောင်းလွင်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ရှိ လျှပ်စစ်မီးသုံးစွဲသည့် အိမ်ခြေအရေအတွက်နှင့် မမျှဖြစ်ကာ ရပ်ကွက်အချို့တွင် လျှပ်စစ်မီးဗို့အား အပြည့်မရခြင်းများ ဖြစ်လာကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်မှာ မီးအားက (၁၀၀)တောင်မရှိဘူး။ အမြဲတမ်းနီးပါး မီးအားနည်းတယ်။ မီးနဲ့ပတ်သက်တာ ဘာမှ သုံးမရဘူး။ အဲဒီလိုဖြစ်နေတာ ကြာလှပြီ”ဟု ကျောက်မဲမြို့ အမှတ်( ၇ ) ရပ်ကွက်တွင် နေထိုင်သူ ဦးတူးက ပြောသည်။

ကျောက်မဲမြို့ အမှတ်( ၆ )နှင့် ( ၇ )ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အား ဗို့အားမပြည့်မှုနှင့် အများဆုံး ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

“တချို့နေရာတွေမှာ ထီးဆောင်းရင်တောင် မီးကြိုးနဲ့မလွတ်တာတွေရှိတယ်။ တရားမဝင်သွယ်ပြီး သုံးတာလေးတွေပေါ့။ အဲဒီလိုတွေတွေ့ရင် “အဲ့လိုတော့မလုပ်ကြပါနဲ့ဗျာ”လို့ ပြောပြီး မသိချင်ယောင် ဆောင်ပေးခဲ့ရတာတွေလည်း ရှိတယ်”ဟု အမည်မဖော်လိုသည့် ကျောက်မဲမြို့မှ လျှပ်စစ်ရုံး အရာရှိက ပြောသည်။

တရားမဝင်လျှပ်စစ်မီးသွယ်တန်းအသုံးပြုမှုများအား လိုက်လံစစ်ဆေးကြပ်မတ်ရန်အတွက် မြို့နယ် လျှပ်စစ်ရုံးတွင် ဝန်ထမ်းအင်အား မလုံလောက်မှုရှိနေသဖြင့် အခက်အခဲဖြစ်နေရသည်ဟု သိရသည်။

“မီးသုံးသူ (၅၀၀၀) ပဲ ရှိတုန်းကလည်း ကျွန်တော်တို့ ဝန်ထမ်းအင်အားက (၁၅)ယောက်၊ (၁၆) ယောက်ပဲ။ ခုထိလည်း အင်အားက ဒီလောက်ပဲ။ ပြီးတော့ လူကြီးတွေလည်း ဒီမြို့ကိုလာပြီးတော့ ဟိုလို လုပ်ပေးမှဖြစ်မယ် ဒီလိုလုပ်ပေးမှဖြစ်မယ်ဆိုတာမျိုးမရှိတော့ ထရန်စဖော်မာတွေ တိုးလာဖို့တော့ ပြောဖို့ခက်တယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ကျောက်မဲမြို့နယ်အတွင်း ကျေးရွာများတွင် ကိုယ်ထူကိုယ်ထလုပ်ဆောင်ထားသည့် ထရန်စဖော်မာများ အပါအဝင် စုစုပေါင်း(၁၁၃) လုံးရှိပြီး မြို့ပေါ်ရပ်ကွက်ကြီး ( ၉ )ခုတွင် အလုံးရေ ( ၃၀) ဝန်းကျင်သာရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~