လဲခ်ားၿမိဳ႕ရွိ တည္းခိုခန္း၌ တည္းခိုေနသူထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

လဲခ်ားၿမိဳ႕ရွိ တည္းခိုခန္း၌ တည္းခိုေနသူထံမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕ရွိ တည္းခိုခန္းအတြင္း မူးယစ္ေဆး၀ါးႏွင့္အတူ အမ်ဳိးသားႏွစ္ဦးအား ေအာက္တိုဘာလ (၁၇)ရက္ေန႔ နံနက္(၁)နာရီ(၃၀)မိနစ္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးသတင္းအရ သီဟေဌး ႏွင့္ ရွင္းသန္႔မိုးတို႔ ႏွစ္ဦးတည္းခိုေနထိုင္သည့္ လဲခ်ားၿမိဳ႕နယ္ရွိ ေမာကိႏၷရီတည္းခိုခန္း၏ အခန္းအမွတ္ (၄)အတြင္း ၀င္ေရာက္ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိရတာျဖစ္ေၾကာင္း သိရသည္။

လဲခ်ားၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ႏွင့္ သတင္းတပ္ဆြယ္မွ တာ၀န္ရွိသူမ်ား၊ စရဖတပ္ဆြယ္မွ တာ၀န္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ အဆိုပါ တည္းခိုခန္းအတြင္း ရွာေဖြရာ သီဟေဌး၀တ္ဆင္ထားသည့္ အတြင္းခံေဘာင္းဘီအတြင္းမွ ကာလတန္ဖိုးေငြ က်ပ္(၂၃)သိန္းေက်ာ္ တန္ဖိုးရွိသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း (၇၈၀)ျပားကို ေတြ႕ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ ၎တို႔ ႏွစ္ဦးအား လဲခ်ားၿမိဳ႕မရဲစခန္းမွ မယ(ပ)၄/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ဟံႏိုင္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ရှိ တည်းခိုခန်းအတွင်း မူးယစ်ဆေးဝါးနှင့်အတူ အမျိုးသားနှစ်ဦးအား အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်(၁)နာရီ(၃၀)မိနစ်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ သီဟဌေး နှင့် ရှင်းသန့်မိုးတို့ နှစ်ဦးတည်းခိုနေထိုင်သည့် လဲချားမြို့နယ်ရှိ မောကိန္နရီတည်းခိုခန်း၏ အခန်းအမှတ် (၄)အတွင်း ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

လဲချားမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် သတင်းတပ်ဆွယ်မှ တာဝန်ရှိသူများ၊ စရဖတပ်ဆွယ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အဆိုပါ တည်းခိုခန်းအတွင်း ရှာဖွေရာ သီဟဌေးဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီအတွင်းမှ ကာလတန်ဖိုးငွေ ကျပ်(၂၃)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၇၈၀)ပြားကို တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ၎င်းတို့ နှစ်ဦးအား လဲချားမြို့မရဲစခန်းမှ မယ(ပ)၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~