ဇီကာဗိုင္းရပ္စ္ကာကြယ္ေရး ထုိင္း - ျမန္မာနယ္စပ္ တာခ်ီလိတ္တြင္ ပိုမိုေဆာင္ရြက္သြားမည္

ဇီကာဗိုင္းရပ္စ္ကာကြယ္ေရး ထုိင္း - ျမန္မာနယ္စပ္ တာခ်ီလိတ္တြင္ ပိုမိုေဆာင္ရြက္သြားမည္
စက်တင်ဘာ 10, 2016
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ဇီကာဗိုင္းရပ္စ္ မကူးစက္ေစရန္ လူေနထူထပ္ေသာ ေနရာမ်ား ၊ ရပ္ကြက္မ်ားတြင္ ျခင္ေဆးျဖန္းျခင္းႏွင့္ ျခင္မ်ား မေပါက္ဖြားေစရန္ကာကြယ္ျခင္းမ်ားကို စက္တင္ဘာလအတြင္း ပိုမိုေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴးမွ သိရသည္။

"ဒီဗိုင္းရပ္စ္က အီဘိုလာဗိုင္းရပ္စ္တို႔လို နယ္စပ္ဂိတ္၀မွာ စစ္ေဆးမႈလုပ္လို႔မရဘူး။ ဒါေပမဲ့ နယ္စပ္ကေန ျဖတ္သန္းလာတဲ့ ဖ်ားနာေနတဲ့သူေတြ ၊ က်န္းမာေရးအရ မသကၤာစရာေတြ ေတြ႕ရွိရင္ေတာ့ စစ္ေဆးမႈေတြ ျပဳလုပ္လွ်က္ရွိပါတယ္။ အဓိကက ျခင္ေတြကေန ကူးစက္တာဆိုေတာ့ ျခင္အႏၱရာယ္တိုက္ဖ်က္ေရးကို ပိုမိုေဆာင္ရြက္ရမွာပါ။ စည္ပင္သာယာေရးနဲ႔ပူးေပါင္းၿပီး လူေနထူထပ္တဲ့ေနရာေတြ ၊ ရပ္ကြက္ႀကိဳ ရပ္ကြက္ၾကားေတြမွာ ျခင္ေဆးျဖန္းျခင္း ၊ ေနာက္ျခင္ေတြ ေပါက္ဖြားရန္မလြယ္ကူေအာင္ ေရေျမာင္းေတြ ၊ျခံဳေတြ ရွင္းလင္းေရးေတြ ေဆာင္ရြက္ဖို႔ရွိပါတယ္။" ဟု တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္နယ္စပ္ ထိုင္းႏိုင္ငံတြင္ ဇီကာဗိုင္းရပ္စ္ေတြ႕ရိွေၾကာင္း သတင္းမ်ားထြက္ေပၚလာသျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ျခင္ႏွိမ္ႏွင္းေရးကို စက္တင္ဘာလအတြင္း ယခင္ကထက္ ပိုမိုလုပ္ေဆာင္သြားမည္ဟု သိရသည္။

ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕ ဆန္ဆိုင္းအရပ္တြင္ အသက္ (၁၈) ႏွစ္ႏွင့္ (၇၄) ႏွစ္အရြယ္ အမ်ဳိးသမီး ႏွစ္ဦး၌ ဇီကာ ဗုိင္းရပ္စ္ေတြ႔ရွိခဲ့ၿပီး ထိုင္းႏိုင္ငံေျမာက္ပိုင္း၌ ဇီကာဗုိင္းရပ္စ္ ကူးစက္ခံရသူ (၉)ဦးရွိသည့္အနက္ (၇)ဦးမွာ ျပန္လည္က်န္းမာလာၿပီျဖစ္ေၾကာင္း သိရသည္။

ဇီကာဗိုင္းရပ္စ္သည္ ေအးဒီစ္(Aedes)ျခင္က်ားမွ တစ္ဆင့္ကူးစက္ျခင္းျဖစ္ၿပီး ကုိယ္၀န္ေဆာင္မိခင္မ်ားကုိ အကုိက္ခံရပါက ဦးေႏွာက္ခ်ဳိ႕ယြင္းၿပီးဦးေခါင္းႀကီးေနသည့္ ကေလးငယ္မ်ားကုိ ေမြးဖြားႏိုင္ျခင္းျဖစ္သည္။

ေအးဒီစ္(Aedes)ျခင္က်ားသည္ ေသြးလြန္တုပ္ေကြးေရာဂါကိုလည္း ျဖစ္ပြားေစသည့္အတြက္ ဇီကာဗိုင္းရပ္စ္ႏွင့္ ေသြးလြန္တုပ္ေကြးေရာဂါ ဆက္စပ္ေနေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဇီကာဗိုင်းရပ်စ် မကူးစက်စေရန် လူနေထူထပ်သော နေရာများ၊ ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်းနှင့် ခြင်များ မပေါက်ဖွားစေရန်ကာကွယ်ခြင်းများကို စက်တင်ဘာလအတွင်း ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ သိရသည်။

"ဒီဗိုင်းရပ်စ်က အီဘိုလာဗိုင်းရပ်စ်တို့လို နယ်စပ်ဂိတ်ဝမှာ စစ်ဆေးမှုလုပ်လို့မရဘူး။ ဒါပေမဲ့ နယ်စပ်ကနေ ဖြတ်သန်းလာတဲ့ ဖျားနာနေတဲ့သူတွေ၊ ကျန်းမာရေးအရ မသင်္ကာစရာတွေ တွေ့ရှိရင်တော့ စစ်ဆေးမှုတွေ ပြုလုပ်လျှက်ရှိပါတယ်။ အဓိကက ခြင်တွေကနေ ကူးစက်တာဆိုတော့ ခြင်အန္တရာယ်တိုက်ဖျက်ရေးကို ပိုမိုဆောင်ရွက်ရမှာပါ။ စည်ပင်သာယာရေးနဲ့ပူးပေါင်းပြီး လူနေထူထပ်တဲ့နေရာတွေ၊ ရပ်ကွက်ကြို ရပ်ကွက်ကြားတွေမှာ ခြင်ဆေးဖြန်းခြင်း၊ နောက်ခြင်တွေ ပေါက်ဖွားရန်မလွယ်ကူအောင် ရေမြောင်းတွေ၊ခြုံတွေ ရှင်းလင်းရေးတွေ ဆောင်ရွက်ဖို့ရှိပါတယ်။" ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ပြောသည်။

တာချီလိတ်မြို့နှင့်နယ်စပ် ထိုင်းနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်တွေ့ရှိကြောင်း သတင်းများထွက်ပေါ်လာသဖြင့် တာချီလိတ်မြို့တွင် ခြင်နှိမ်နှင်းရေးကို စက်တင်ဘာလအတွင်း ယခင်ကထက် ပိုမိုလုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆန်ဆိုင်းအရပ်တွင် အသက် (၁၈) နှစ်နှင့် (၇၄) နှစ်အရွယ် အမျိုးသမီး နှစ်ဦး၌ ဇီကာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ (၉)ဦးရှိသည့်အနက် (၇)ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ်သည် အေးဒီစ်(Aedes)ခြင်ကျားမှ တစ်ဆင့်ကူးစက်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို အကိုက်ခံရပါက ဦးနှောက်ချို့ယွင်းပြီးဦးခေါင်းကြီးနေသည့် ကလေးငယ်များကို မွေးဖွားနိုင်ခြင်းဖြစ်သည်။

အေးဒီစ်(Aedes)ခြင်ကျားသည် သွေးလွန်တုပ်ကွေးရောဂါကိုလည်း ဖြစ်ပွားစေသည့်အတွက် ဇီကာဗိုင်းရပ်စ်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဆက်စပ်နေကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~