တပ္ပိုင္ေျမအတြင္း ဝင္ေရာက္ထြန္ယက္သည့္ ဝမ္းတြင္းမွေတာင္သူ (၂၆)ဦးကုိ အမႈဖြင့္ထား

တပ္ပိုင္ေျမအတြင္း ဝင္ေရာက္ထြန္ယက္သည့္ ဝမ္းတြင္းမွေတာင္သူ (၂၆)ဦးကုိ အမႈဖြင့္ထား
စက်တင်ဘာ 25, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ဂုဏ္ရြာအနီး ေလေၾကာင္းရန္ကာကြယ္ေရး တပ္ပိုင္ေျမအတြင္း ဝင္ေရာက္ထြန္ယက္သျဖင့္ အမႈဖြင့္ခံရသည့္ ေတာင္သူမ်ားက ဘိုးဘြားပိုင္ေျမမ်ားျဖစ္၍ ပိုလွ်ံေျမမ်ားအား ရပိုင္ခြင့္ရိွသည္ဟု ဆိုသည္။

“ကၽြန္ေတာ္တို႔ ဘုိးဘြားမ်ား ဓားမဦးခ်လုပ္ေဆာင္ခဲ့တဲ့ ယာေျမေတြျဖစ္လို႔ ပုိလ်ွံဧက (၃၀၀)က ကၽြန္ေတာ္တို႔ ပိုင္ဆိုင္ပါတယ္”ဟု ဝင္ေရာက္ထြန္ယက္သည့္ ေဒသခံတစ္ဦးက ဆိုသည္။

အဆိုပါ တပ္မွ သိမ္းဆည္းထားသည့္ ေျမဧက (၁,၁၃၀)မွ ပုိလ်ွံဧက (၃၀၀) ကို ျပန္လည္စြန္႔လႊတ္ေပးရန္ ေတာင္သူမ်ားက တင္ျပေတာင္းဆိုထားေသာ္လည္း လုပ္ေဆာင္ေပးျခင္း မရိွသျဖင့္ ဂုဏ္ရြာေက်းရြာမွ ေတာင္သူ (၂၆)ဦးက စက္တင္ဘာလ (၁၈) ရက္တြင္ တပ္ပိုင္ေျမအတြင္း ဝင္ေရာက္ ထြန္ယက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ေနာက္ကို ယခုလုိ က်ဴးေက်ာ္ မထြန္ယက္ေတာ့ပါဘူးဆိုရင္ စစ္တပ္က အမွဳပိတ္သိမ္းေပးမွာပါ”ဟု ၿမိဳ႕မစခန္းမွဴးက ေျပာသည္။

ေတာင္သူမ်ား ဝင္ေရာက္ ထြန္ယက္ရန္ႀကိဳးပမ္းေနစဥ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကုိယ္စားလွယ္မ်ား ျဖစ္ၾကသည့္ ဦးစုိးမင္းထက္၊ ဦးေအာင္သူ၊ ၿမိဳ႕နယ္လယ္ယာေျမနွင့္ အျခားေျမ သိမ္းဆည္းခံ ံျပန္လည္ စိစစ္ေရး ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးနွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးနွင့္ ဌာနဆိုင္ရာတို႔က တားဆီးရန္ႀကိဳးစားခဲ့ၾကေၾကာင္း သိရသည္။

လက္ရိွတြင္ ဝင္ေရာက္ထြန္ယက္သည့္ ေတာင္သူ (၂၆)ဦးကုိ ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္(ပ) ၁၇၈/၂၀၁၆ အက်ိဳးစီပြားပ်က္စီးေစမႈ ဥပေဒပုဒ္မ (၄၂၇)၊ ပုိင္နက္က်ဴးလြန္မႈပုဒ္မ (၄၄၇)တို႔ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ေျမမ်ားမွာ ၁၉၀၅ ခုႏွစ္ကတည္းက နိုင္ငံပုိင္ျပဳလုပ္ထားခ့ဲၿပီး ၂၀၁၀ ခုႏွစ္တြင္ စစ္တပ္ပိုင္အျဖစ္ လႊဲေျပာင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း(၀မ္းတြင္း)

~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဂုဏ်ရွာအနီး လေကြောင်းရန်ကာကွယ်ရေး တပ်ပိုင်မြေအတွင်း ဝင်ရောက်ထွန်ယက်သဖြင့် အမှုဖွင့်ခံရသည့် တောင်သူများက ဘိုးဘွားပိုင်မြေများဖြစ်၍ ပိုလျှံမြေများအား ရပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဘိုးဘွားများ ဓားမဦးချလုပ်ဆောင်ခဲ့တဲ့ ယာမြေတွဖြေစ်လို့ ပိုလျှံဧက (၃၀၀)က ကျွန်တော်တို့ ပိုင်ဆိုင်ပါတယ်”ဟု ဝင်ရောက်ထွန်ယက်သည့် ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ တပ်မှ သိမ်းဆည်းထားသည့် မြေဧက (၁,၁၃၀)မှ ပိုလျှံဧက (၃၀၀) ကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်သူများက တင်ပြတောင်းဆိုထားသော်လည်း လုပ်ဆောင်ပေးခြင်း မရှိသဖြင့် ဂုဏ်ရွာကျေးရွာမှ တောင်သူ (၂၆)ဦးက စက်တင်ဘာလ (၁၈) ရက်တွင် တပ်ပိုင်မြေအတွင်း ဝင်ရောက် ထွန်ယက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ကို ယခုလို ကျူးကျော် မထွန်ယက်တော့ပါဘူးဆိုရင် စစ်တပ်က အမှုပိတ်သိမ်းပေးမှာပါ”ဟု မြို့မစခန်းမှူးက ပြောသည်။

တောင်သူများ ဝင်ရောက် ထွန်ယက်ရန်ကြိုးပမ်းနေစဉ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစိုးမင်းထက်၊ ဦးအောင်သူ၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံပြန်လည် စိစစ်ရေး ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတို့က တားဆီးရန်ကြိုးစားခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဝင်ရောက်ထွန်ယက်သည့် တောင်သူ (၂၆)ဦးကို ဝမ်းတွင်းမြို့မရဲစခန်းတွင်(ပ) ၁၇၈/၂၀၁၆ အကျိုးစီပွားပျက်စီးစေမှု ဥပဒေပုဒ်မ (၄၂၇)၊ ပိုင်နက်ကျူးလွန်မှုပုဒ်မ (၄၄၇)တို့ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ မြေများမှာ ၁၉၀၅ ခုနှစ်ကတည်းက နိုင်ငံပိုင်ပြုလုပ်ထားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် စစ်တပ်ပိုင်အဖြစ် လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုလင်း(ဝမ်းတွင်း) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~