နမ့္စန္ၿမိဳ႕ ဟိုက္ဖက္ေက်းရြာအုပ္စုတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က လူသစ္စုေဆာင္းေန

နမ့္စန္ၿမိဳ႕ ဟိုက္ဖက္ေက်းရြာအုပ္စုတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က လူသစ္စုေဆာင္းေန
စက်တင်ဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္ ဟုိက္ဖက္ေက်းရြာအုပ္စုရိွ ေက်းရြာ (၆) ရြာတြင္ လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕က လူသစ္စုေဆာင္းမႈေၾကာင့္ လူငယ္မ်ား ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ေဒသခံမ်ားထံမွ စက္တင္ဘာလ ၂၅ ရက္ ညပိုင္းတြင္ သတင္းရရိွသည္။

"ဟုိက္ဖက္ေက်းရြာအုပ္စုထဲမွာ (၂၄)ရက္ေန႔ ည(၁၁)နာရီေလာက္မွာ လူသစ္စုေဆာင္းဖုိ႔ ရြာသားတခ်ိဳ႕ကိုု လာေရာက္ ေခၚေဆာင္သြားပါတယ္။ ဒီရြာေတြက လူငယ္ေတြလည္း ရြာမွာ မေနရဲေတာ့ဘဲ နီးစပ္ရာထြက္ေျပး ေနရတယ္"ဟု အမည္မေဖာ္လုိသည့္ ေက်းရြာေဒသခံတစ္ဦးက ေျပာသည္။

ဟုိက္ဖက္ေက်းရြာအုပ္စု အတြင္းရိွ ဟုိက္ဖက္ေက်းရြာ၊ ေနာင္အိမ္ေက်းရြာ၊ နမ့္ၾကဳတ္ေက်းရြာ၊ ေနာင္ဖာေက်းရြာ၊ နားတုံေက်းရြာအပါအဝင္ ေက်းရြာ(၆)ရြာတြင္ လူသစ္စုေဆာင္းခံရျခင္းျဖစ္ေၾကာင္း ေက်းရြာသားမ်ားထံမွ သိရသည္။

"ဒီေန႔အထိ ဟုိက္ဖက္ေက်းရြာအုပ္စုထဲက ေက်းရြာ(၆)ရြာက ရြာသား(၂၀)ေလာက္ ပါသြားၿပီ။ ရွမ္းဝတ္စံုေတြနဲ႔ ေသနတ္လြယ္ထားတဲ့သူေတြလာတာပဲ”ဟု ေဒသခံမ်ားက ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လူသစ္စုေဆာင္းေနသည့္ လက္နက္ကိုင္အဖြဲ႕ကို ေဒသခံမ်ားအေနျဖင့္ အတည္ျပဳနိုင္ျခင္း မရိွေသးပါ။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
 ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဟိုက်ဖက်ကျေးရွာအုပ်စုရှိ ကျေးရွာ (၆) ရွာတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လူသစ်စုဆောင်းမှုကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စက်တင်ဘာလ ၂၅ ရက် ညပိုင်းတွင် သတင်းရရှိသည်။

"ဟိုက်ဖက်ကျေးရွာအုပ်စုထဲမှာ (၂၄)ရက်နေ့ ည(၁၁)နာရီလောက်မှာ လူသစ်စုဆောင်းဖို့ ရွာသားတချို့ကို လာရောက် ခေါ်ဆောင်သွားပါတယ်။ ဒီရွာတွေက လူငယ်တွေလည်း ရွာမှာ မနေရဲတော့ဘဲ နီးစပ်ရာထွက်ပြေး နေရတယ်"ဟု အမည်မဖော်လိုသည့် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ဟိုက်ဖက်ကျေးရွာအုပ်စု အတွင်းရှိ ဟိုက်ဖက်ကျေးရွာ၊ နောင်အိမ်ကျေးရွာ၊ နမ့်ကြုတ်ကျေးရွာ၊ နောင်ဖာကျေးရွာ၊ နားတုံကျေးရွာအပါအဝင် ကျေးရွာ(၆)ရွာတွင် လူသစ်စုဆောင်းခံရခြင်းဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။

"ဒီနေ့အထိ ဟိုက်ဖက်ကျေးရွာအုပ်စုထဲက ကျေးရွာ(၆)ရွာက ရွာသား(၂၀)လောက် ပါသွားပြီ။ ရှမ်းဝတ်စုံတွေနဲ့ သေနတ်လွယ်ထားတဲ့သူတွေလာတာပဲ”ဟု ဒေသခံများက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူသစ်စုဆောင်းနေသည့် လက်နက်ကိုင်အဖွဲ့ကို ဒေသခံများအနဖြေင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~