တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး ပိုးသတ္ေဆးေသာက္၍ ေသဆံုး

တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး ပိုးသတ္ေဆးေသာက္၍ ေသဆံုး
စက်တင်ဘာ 7, 2016
By Tachileik News Agency

အသက္(၃၈)ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦး ေနအိမ္၏ အိမ္သာထဲတြင္ ပိုးသတ္ေဆးေသာက္၍ ေသဆံုးသြားသည့္ ျဖစ္စဥ္တစ္ခု တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(အတြင္း)၌ စက္တင္ဘာလ (၇)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ပိုးသတ္ေဆးေသာက္ၿပီး အိမ္သာထဲမွာ ပါးစပ္က အျမဳပ္ေတြ ထြက္လွ်က္နဲ႔ ေသဆံုးေနတာ၊ ေသဆံုးသူရဲ႕ ေဘးမွာ ပိုးသတ္ေဆးဘူးကိုေတြ႕ရတယ္၊ ေသဆံုးသူရဲ႕ ရုပ္အေလာင္းကို ကြ်န္ေတာ္တို႔အသင္းက ရင္ခြဲရံုကို ပို႔ေပးခဲ့ပါတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ဥကၠဌ ဦးလွမိုးက ေျပာသည္။

ေသဆံုးသူသည္ အသက္(၃၈)ႏွစ္ရွိ စိုင္းေအာင္ခမ္း ျဖစ္ေၾကာင္း သိရၿပီး ေသဆံုးမႈႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္အား ရင္ခြဲရံု၌ စစ္ေဆးထားၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၁၉/၂၀၁၆ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~

အသက်(၃၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နေအိမ်၏ အိမ်သာထဲတွင် ပိုးသတ်ဆေးသောက်၍ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)၌ စက်တင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ပိုးသတ်ဆေးသောက်ပြီး အိမ်သာထဲမှာ ပါးစပ်က အမြုပ်တွေ ထွက်လျှက်နဲ့ သေဆုံးနေတာ၊ သေဆုံးသူရဲ့ ဘေးမှာ ပိုးသတ်ဆေးဘူးကိုတွေ့ရတယ်၊ သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျွန်တော်တို့အသင်းက ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဥက္ကဌ ဦးလှမိုးက ပြောသည်။

သေဆုံးသူသည် အသက်(၃၈)နှစ်ရှိ စိုင်းအောင်ခမ်း ဖြစ်ကြောင်း သိရပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်အား ရင်ခွဲရုံ၌ စစ်ဆေးထားပြီး တာချီလိတ်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၁၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~